[Unicode]

OPPO က သတင်း များစွာထွက်နေတဲ့ Reno3 Pro ကို ကြေညာလိုက်ပါပြီ။ Reno3 Pro မှာ ၆.၅ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 180 Hz Touch Detection Rate ကို ထောက်ပံ့တဲ့အတွက် ဂိမ်းကစားရင် ၊ ဖုန်းသုံးရင် အရမ်းကို လျှင်မြန်ချောမွတ်မှာပါ။ ဆဲလ်ဖီးကင်မရာကို Punch-hole ဒီဇိုင်း တပ်ဆင်ထားပါတယ်။ 100% DCI-P3 Coverage နဲ့ HDR10+ ပါတဲ့အတွက် မျက်နှာပြင် အရည်အသွေးက တော်တော်လန်းမှာပါ။

5x Hybrid Zoom ကို ထောက်ပံ့ပြီး 2x Optical Zoom ပါပါတယ်။ ကျန်တာတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ ဖန်တီးထားတာပါ။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Black & White နဲ့ 13MP Telephoto ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

30W VOOC 4.0 ပါတဲ့ 4,025mAh ဘက်ထရီ ပါတဲ့အတွက် အားသွင်းနှုန်းက လန်းပါတယ်။ ၂၀ မိနစ်အတွင်းမှာ ၀ ကနေ ၅၀ ရာခိုင်နှုန်းနဲ့ ၃၀ မိနစ်အတွင်းမှာ ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ 5G ရော 4G ကိုပါ သုံးနိုင်မယ့်အတွက် 5G မရသေးတဲ့ ဒေသတွေအတွက် မိုက်ပါတယ်။ Android 10 အခြေပြု ColorOS 7 မောင်းနှင်ထားပါတယ်။

White, Black, Starry Night Blue နဲ့ Sunrise အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အခြေခံ မော်ဒယ် ဖြစ်တဲ့ 8/128GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပြီး ဒီလ ၃၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။ 12/256GB မော်ဒယ်ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရောင်းမှာပါ။ မြန်မာငွေ ၈၅၀,၀၀၀ နဲ့ ၉၅၀,၀၀၀ လောက် အသီးသီး ရှိပါတယ်။

Ref : gsmarena

[Zawgyi]

5G ပါတဲ့ OPPO Reno3 Pro ကို တရား၀င္ မိတ္ဆက္ၿပီ

OPPO က သတင္း မ်ားစြာထြက္ေနတဲ့ Reno3 Pro ကို ေၾကညာလိုက္ပါၿပီ။ Reno3 Pro မွာ ၆.၅ လက္မ OLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး 90Hz Refresh Rate နဲ႔ 180 Hz Touch Detection Rate ကို ေထာက္ပံ့တဲ့အတြက္ ဂိမ္းကစားရင္ ၊ ဖုန္းသံုးရင္ အရမ္းကို လွ်င္ျမန္ေခ်ာမြတ္မွာပါ။ ဆဲလ္ဖီးကင္မရာကို Punch-hole ဒီဇိုင္း တပ္ဆင္ထားပါတယ္။ 100% DCI-P3 Coverage နဲ႔ HDR10+ ပါတဲ့အတြက္ မ်က္ႏွာျပင္ အရည္အေသြးက ေတာ္ေတာ္လန္းမွာပါ။

5x Hybrid Zoom ကို ေထာက္ပံ့ၿပီး 2x Optical Zoom ပါပါတယ္။ က်န္တာေတြကို ဒစ္ဂ်စ္တယ္နည္းနဲ႔ ဖန္တီးထားတာပါ။ အေနာက္ဘက္မွာ 48MP Main , 8MP Ultrawide , 2MP Black & White နဲ႔ 13MP Telephoto ကင္မရာေတြ ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ပါတယ္။

30W VOOC 4.0 ပါတဲ့ 4,025mAh ဘက္ထရီ ပါတဲ့အတြက္ အားသြင္းႏႈန္းက လန္းပါတယ္။ ၂၀ မိနစ္အတြင္းမွာ ၀ ကေန ၅၀ ရာခုိင္ႏႈန္းနဲ႔ ၃၀ မိနစ္အတြင္းမွာ ၇၀ ရာခိုင္ႏႈန္း အားျဖည့္ေပးပါတယ္။ 5G ေရာ 4G ကိုပါ သံုးႏုိင္မယ့္အတြက္ 5G မရေသးတဲ့ ေဒသေတြအတြက္ မိုက္ပါတယ္။ Android 10 အေျချပဳ ColorOS 7 ေမာင္းႏွင္ထားပါတယ္။

White, Black, Starry Night Blue နဲ႔ Sunrise အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ အေျခခံ ေမာ္ဒယ္ ျဖစ္တဲ့ 8/128GB ကို ၃,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ဒီလ ၃၁ ရက္ေန႔မွာ ႀကိဳတင္မွာယူႏုိင္မွာပါ။ 12/256GB ေမာ္ဒယ္ကို ၄,၄၉၉ ယြမ္ သတ္မွတ္ထားၿပီး ဇန္န၀ါရီလ ၁၀ ရက္ေန႔မွာ ေရာင္းမွာပါ။ ျမန္မာေငြ ၈၅၀,၀၀၀ နဲ႔ ၉၅၀,၀၀၀ ေလာက္ အသီးသီး ရွိပါတယ္။

Ref : gsmarena