OPPO က မတ်လ ၂ ရက်နေ့မှာ Reno3 Pro ရဲ့ အိန္ဒိယ မော်ဒယ်ကို ကြေညာမှာ ဖြစ်ပါတယ်။ OPPO က အဲဒီ ဖုန်းရဲ့ Teaser တွေကို စတင် မျှဝေနေပြီ ဖြစ်ပြီး အခုလည်း ပရိုမို ဓါတ်ပုံတွေကို ချပြလိုက်ပါတယ်။ အဲဒီ ဓါတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

ဓါတ်ပုံမှာ အဲဒီ စမတ်ဖုန်းရဲ့ အဓိက Spec ကို အသားပေးဖော်ပြထားပြီး အဲဒါကတော့ ဆဲလ်ဖီး ကင်မရာ ၂ လုံး ဖြစ်ပါတယ်။ 44MP ပင်မ ကင်မရာပါမယ်ဆိုတာ အတည်ပြုထားပြီး နောက် ၁ လုံးက 2MP Depth ကင်မရာ ဖြစ်နိုင်ပါတယ်။ Depth ကင်မရာကြောင့် Portrait Mode Shots တွေဟာ ပိုလန်းလာမှာပါ။ ဆဲလ်ဖီး ကင်မရာ ၂ လုံးဟာ အဲဒီ စမတ်ဖုန်းရဲ့ စွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်။

Reno3 Pro မှာ 64MP ပင်မ အနောက်ကင်မရာ ပါလာနိုင်ပြီး 20x Hybrid/Digital Zoom ကို ထောက်ပံ့မှာပါ။ 30W Fast Charging , 8GB RAM နဲ့ 128GB Storage တွေ ပါလာနိုင်ပါတယ်။ Reno3 Pro ဟာ အရှေ့ဘက်အပိုင်းမှာ တရုတ်က မော်ဒယ်နဲ့ ကွာခြားမှာပါ။ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးအစား ဆေးတောင့်ပုံ Punch Hole ဆဲလ်ဖီး ကင်မရာ ၂ လုံးနဲ့ အစားထိုးထားမှာပါ။

Ref : gsmarena