[Unicode]

OPPO Reno3 Pro ကို ဒီလနှောင်းပိုင်းမှာ တရုတ်ပြည်တွင်းဈေးကွက်ထဲ ဖြန့်ချိမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကမှ OPPO Reno3 Pro ရဲ့ အရှေ့ဘက်ဒီဇိုင်းပုံစံ ပေါက်ကြားလာခဲ့တာဖြစ်သလို၊ ဒီဟန်းဆက်နဲ့ ပတ်သက်တဲ့ အချက်အလက်ကိုလည်း အနည်းငယ်ပဲ သိခဲ့ကြရတာ ဖြစ်ပါတယ်။

အခု ဒီဇင်ဘာလ ဒုတိယပတ်ထဲရောက်ချိန်မှာတော့ OPPO Reno3 Pro ရဲ့ အချက်အလက်တွေ ထပ်ပြီး ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ Reno3 Pro ဟာ Redmi K30 5G ပြီးတဲ့နောက် Snapdragon 765G ကို သုံးစွဲတဲ့ ဒုတိယမြောက် စမတ်ဖုန်းလည်း ဖြစ်လာပါလိမ့်မယ်။

OPPO ရဲ့ ဒုတိယဥက္ကဋ္ဌ Shen Yiren က Reno3 Pro ရဲ့အချက်အလက် အတော်များများကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ Reno3 Pro ဟာ Curved display နဲ့ဖြစ်ပြီး မျက်နှာပြင် ညာဘက်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ ကင်မရာတစ်လုံးတပ်ဆင်ထားမယ်ဆိုတာ သိပြီးကြဖြစ်မှာပါ။ ဒါ့အပြင် 4,025mAh ဘက်ထရီ တပ်ဆင်ပေးထားမယ်ဆိုတာလည်း ဖော်ပြပြီးသားပါ။

ဒီဟန်းဆက်ရဲ့ အထူဟာ 7.7 millimeters ဖြစ်ပြီး 180 grams အလေးချိန်ရှိတယ်ဆိုတာလည်း သိပြီးဖြစ်ပေမယ့် နောက်ထပ် အရေးကြီးတဲ့အချက်တွေ သိဖို့တော့ လိုနေပါသေးတယ်။ အခု ပေါက်ကြားမှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်း အချက်အလက်တွေ ပါဝင်လာပါပြီ။

Digital Chat station ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကတော့ OPPO Reno3 Pro ဟာ 6.5-inch FHD+ OLED မျက်နှာပြင်ရှိတယ်ဆိုတာပါပဲ။ 90Hz refresh rate ဖြစ်ပြီး In-display fingerprint ပါဝင်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။ Processor ကတော့ SM7250 (Snapdragon 765G) ဖြစ်ပြီး 12GB of RAM နဲ့ တွဲပေးထားတယ်လို့ သိရပါတယ်။

RAM နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်စရာရှိတာက 8GB of RAM အမျိုးကွဲလည်း ထွက်လာနိုင်တာပါ။ သိုလှောင်မှုပမာဏနဲ့ပတ်သက်ပြီး ဘာသတင်းမှ မထွက်ပေမယ့် 12GB RAM အတွက် 256GB နဲ့ 8GB RAM အမျိုးအစားအတွက် 128GB တော့ ထောက်ပံ့ပေးမယ်လို့ ယူဆရပါတယ်။

ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားမှာဖြစ်ပြီး 48MP အဓိကကင်မရာကို 8MP (telephoto), 13MP (Ultrawide), 2MP sensor တွေနဲ့ တွဲဖက်ပေးထားမယ်လို့ သတင်းရပါတယ်။ အားသွင်းဖို့အတွက် OPPO ရဲ့ VOOC 4.0 Flash Charge အမြန်အားသွင်းနည်းပညာကို ထောက်ပံ့လာဖွယ်ရှိပါတယ်။

Ref: Gizmochina

[Zawgyi]

OPPO Reno3 Pro ရဲ႕ အခ်က္အလက္မ်ား ေပါက္ၾကားလာ

OPPO Reno3 Pro ကို ဒီလေႏွာင္းပိုင္းမွာ တ႐ုတ္ျပည္တြင္းေဈးကြက္ထဲ ျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကုန္ပိုင္းကမွ OPPO Reno3 Pro ရဲ႕ အေရွ႕ဘက္ဒီဇိုင္းပုံစံ ေပါက္ၾကားလာခဲ့တာျဖစ္သလို၊ ဒီဟန္းဆက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ကိုလည္း အနည္းငယ္ပဲ သိခဲ့ၾကရတာ ျဖစ္ပါတယ္။

အခု ဒီဇင္ဘာလ ဒုတိယပတ္ထဲေရာက္ခ်ိန္မွာေတာ့ OPPO Reno3 Pro ရဲ႕ အခ်က္အလက္ေတြ ထပ္ၿပီး ထြက္လာခဲ့ၿပီ ျဖစ္ပါတယ္။ Reno3 Pro ဟာ Redmi K30 5G ၿပီးတဲ့ေနာက္ Snapdragon 765G ကို သုံးစြဲတဲ့ ဒုတိယေျမာက္ စမတ္ဖုန္းလည္း ျဖစ္လာပါလိမ့္မယ္။

OPPO ရဲ႕ ဒုတိယဥကၠ႒ Shen Yiren က Reno3 Pro ရဲ႕အခ်က္အလက္ အေတာ္မ်ားမ်ားကို ထုတ္ျပခဲ့တာ ျဖစ္ပါတယ္။ Reno3 Pro ဟာ Curved display နဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္ ညာဘက္အေပၚေထာင့္မွာ Punch-hole နဲ႔အတူ ကင္မရာတစ္လုံးတပ္ဆင္ထားမယ္ဆိုတာ သိၿပီးၾကျဖစ္မွာပါ။ ဒါ့အျပင္ 4,025mAh ဘက္ထရီ တပ္ဆင္ေပးထားမယ္ဆိုတာလည္း ေဖာ္ျပၿပီးသားပါ။

ဒီဟန္းဆက္ရဲ႕ အထူဟာ 7.7 millimeters ျဖစ္ၿပီး 180 grams အေလးခ်ိန္ရွိတယ္ဆိုတာလည္း သိၿပီးျဖစ္ေပမယ့္ ေနာက္ထပ္ အေရးႀကီးတဲ့အခ်က္ေတြ သိဖို႔ေတာ့ လိုေနပါေသးတယ္။ အခု ေပါက္ၾကားမႈမွာ အေရးႀကီးတဲ့ အစိတ္အပိုင္း အခ်က္အလက္ေတြ ပါဝင္လာပါၿပီ။

Digital Chat station ကေန ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြကေတာ့ OPPO Reno3 Pro ဟာ 6.5-inch FHD+ OLED မ်က္ႏွာျပင္ရွိတယ္ဆိုတာပါပဲ။ 90Hz refresh rate ျဖစ္ၿပီး In-display fingerprint ပါဝင္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ Processor ကေတာ့ SM7250 (Snapdragon 765G) ျဖစ္ၿပီး 12GB of RAM နဲ႔ တြဲေပးထားတယ္လို႔ သိရပါတယ္။

RAM နဲ႔ပတ္သက္ၿပီး ျဖစ္လာႏိုင္စရာရွိတာက 8GB of RAM အမ်ိဳးကြဲလည္း ထြက္လာႏိုင္တာပါ။ သိုေလွာင္မႈပမာဏနဲ႔ပတ္သက္ၿပီး ဘာသတင္းမွ မထြက္ေပမယ့္ 12GB RAM အတြက္ 256GB နဲ႔ 8GB RAM အမ်ိဳးအစားအတြက္ 128GB ေတာ့ ေထာက္ပံ့ေပးမယ္လို႔ ယူဆရပါတယ္။

ေက်ာဘက္မွာ ကင္မရာေလးလုံးတပ္ဆင္ထားမွာျဖစ္ၿပီး 48MP အဓိကကင္မရာကို 8MP (telephoto), 13MP (Ultrawide), 2MP sensor ေတြနဲ႔ တြဲဖက္ေပးထားမယ္လို႔ သတင္းရပါတယ္။ အားသြင္းဖို႔အတြက္ OPPO ရဲ႕ VOOC 4.0 Flash Charge အျမန္အားသြင္းနည္းပညာကို ေထာက္ပံ့လာဖြယ္ရွိပါတယ္။

Ref: Gizmochina