ဆဲလ်ဖီး ကင်မရာ ၂ လုံးပါတဲ့ OPPO Reno3 Pro ရဲ့ ဓါတ်ပုံ ၁ ပုံ ဒီလ အစောပိုင်းက တွေ့ခဲ့ရပြီး အဲဒီ ဖုန်းဟာ နိုင်ငံတကာမှာ ရောင်းမယ့် 4G မော်ဒယ် ဖြစ်နိုင်ပါတယ်။ အခုတော့ ကုမ္ပဏီက Amazon India နဲ့ Flipkart Websites တွေမှာ အဲဒီဖုန်းရဲ့ Promo Pages တွေကို တင်လိုက်ပြီး Reno3 Pro မှာ Dual Punch Hole ကင်မရာ ဒီဇိုင်းပါမယ်ဆိုတာ အတည်ပြုလိုက်ပါပြီ။

လက်ရှိ ရောင်းထားတဲ့ Reno3 Pro မှာ Snapdragon 765G Chipset မောင်းနှင်ထားပြီး 5G Modem ပါပါတယ်။ တရုတ်မှာလို အိန္ဒိယမှာ 5G ကွန်ရက် မဖွံ့ဖြိုးသေးတဲ့အတွက်  Reno3 Pro မော်ဒယ် အသစ်မှာ 4G Chipset ပါလာနိုင်ပါတယ်။ Qualcomm မကြာခင်က ကြေညာထားတဲ့ Snapdragon 730G Chipset ပါလာမယ်လို့ ထင်ရပြီး အဲဒီ Chipset ဟာ အိန္ဒိယလို 4G ဈေးကွက်အတွက် ရည်ရွယ်ဖန်တီးထားတာပါ။

Reno3 Pro 5G နဲ့ နောက်ထွက်မယ့် Reno3 Pro မှာ နောက်ထပ် အဓိက ခြားနားချက်က မျက်နှာပြင် ဖြစ်ပါတယ်။ OPPO က 2.5D Curved Edges OLED Panel ပါတဲ့ ဖုန်းကို ထုတ်လုပ်ရောင်းချထားပါတယ်။ ဒါပေမယ့် ဓါတ်ပုံတွေအရ နောက်ထုတ်မယ့် Reno3 Pro မှာ မျက်နှာပြင်ပြားပဲ ပါလာမှာ ဖြစ်ပါတယ်။

OPPO ရဲ့ Dual Punch Hole ဆဲလ်ဖီး ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ Amazon နဲ့ Flipkart တို့မှာ စာရင်းတင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena