OPPO ဟာ ဒီလအစောပိုင်းတုန်းက Reno5 စီးရီးကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် OPPO Reno5 Pro+ ကိုတော့ Tease လုပ်ရုံပဲလုပ်ခဲ့တာပါ။ ဒီလိုချန်ထားတာက Reno5 Pro+ ကို သီးသန့်မိတ်ဆက်ဖို့ ပြင်ဆင်ထားတာကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။

OPPO ရဲ့ တရားဝင် Weibo စာမျက်နှာထက်မှာတော့ Reno5 Pro+ ကို လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Reno5 Pro+ မှာ SONY IMX766 sensor အသစ်ကို အသုံးပြုထားတယ်ဆိုတဲ့အကြောင်းကိုလည်း တရားဝင်အတည်ပြုထားတာကို တွေ့နိုင်ပါတယ်။

Reno5 Pro+ နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ပြည့်ပြည့်စုံစုံမသိရသေးသလို ဒီ အာရုံခံကိရိယာအကြောင်းကို တရားဝင်ပြောထားတာကလည်း ဒါဟာပထမဦးဆုံးတွေ့ရတာလည်းဖြစ်ပါတယ်။ Reno5 မိသားစုတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးအမျိုးအစားအနေနဲ့ ဒီလို Sensor မျိုးပါဝင်လာတယ်ဆိုတာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

Reno5 Pro+ မှာ 50MP အဓိကကင်မရာအပြင် 16MP ultrawide + 13MP telephoto နဲ့ 2MP depth helper တွေလည်း ပါဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ မျက်နှာပြင်ကတော့ 6.55-inch FHD+ resolution နဲ့ 90Hz refresh rate ကို ထောက်ပံ့ထားမယ်လို့ TENAA listing အရ သိရပါတယ်။

အခြားအချက်အလက်တွေအဖြစ် Snapdragon 865 chipset ကို အသုံးပြုထားပြီး၊ 8/12GB of RAM နဲ့ 128/256GB storage အမျိုးအစားတွေ ရှိမယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 4,500mAh ဖြစ်ပြီး 65W အမြန်အားသွင်းစနစ်ထောက်ပံ့လာမယ်လို့ ဆိုပါတယ်။

Ref: GSM Arena