OPPO က ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Reno7 5G, Reno7 Pro 5G နဲ့ Reno7 SE 5G ကို ကြေညာခဲ့ပါတယ်။ OPPO က ဒါနဲ့တင် မကျေနပ်သေးဘဲ အခုတော့ စတုတ္ထမြောက် အဖွဲ့ဝင် Reno7 Z 5G ကို ချပြလိုက်ပါတယ်။

OPPO Reno7 Z 5G မှာ ၆.၄၃ လက်မ 60Hz FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အထက် ဘယ်ဘက်မှာ 16MP ဆဲလ်ဖီး Punch Hole ကင်မရာ ၁ လုံး တည်ရှိပါတယ်။ အနောက်ဘက်ဟာ OPPO Glow ဒီဇိုင်း ဖြစ်ပြီး 64MP Main , 2MP Monochrome နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါပါတယ်။

Oppo Reno7 Z 5G is official with Snapdragon 695, AMOLED screen, and Dual Orbit Lights

စမတ်ဖုန်းမှာ AI ထောက်ပံ့တဲ့ ကင်မရာ လုပ်ဆောင်ချက် တချို့ ထည့်သွင်းထားပြီး Notification ဝင်လာရင်၊ အားသွင်းထားရင် အလင်းရောင် ပြသပေးတဲ့ Dual Orbit Light ပါပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို Reno7 Pro 5G မှာ တွေ့ခဲ့ရပြီးပါပြီ။

OPPO Reno7 Z 5G မှာ Snapdragon 695 SoC ၊ Android 11 အခြေပြု ColorOS 12 နဲ့ 8GB RAM ပါလာပြီး Virtual RAM ကို 5GB အထိ တိုးမြှင့်နိုင်ပါတယ်။ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

ဘေးဘက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ရေစက်ရေပေါက်တွေ စိုတာ ခံနိုင်ပါတယ်။ NFC ၊ နားကြပ်ပေါက်၊ USB-C Port နဲ့ 33W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီတွေ ပါလာပြီး OPPO က ၁၅ မိနစ်အတွင်း ၀ ကနေ ၃၁ ရာခိုင်နှုန်းနဲ့ ၆၃ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

OPPO Reno7 Z 5G အတွက် Rainbow နဲ့ Black ၂ ရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena