ဒီနှစ်အစောပိုင်းမှာ OPPO Reno 7 စီးရီးရဲ့ မှန်းဆထားတဲ့ Renders တွေ့ကို မြင်တွေ့ခဲ့ကြရပြီး ဒီစီးရီးရဲ့ Camera bump ဒီဇိုင်းသစ် သစ်ကိုလည်း မြင်တွေ့ခဲ့ကြရပြီ ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ OPPO Reno 8 လို့ ယူဆရတဲ့ ဟန်းဆက်တစ်ခုကို တွေ့မြင်ကြရတာဖြစ်ပါတယ်။

နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က OnePlus 10 Pro နဲ့တူတဲ့ Flat screen ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကိုပြသလာတာပါ။ မျှော်လင့်ထားတဲ့ ဒီဇိုင်းကိုပဲ Refined လုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Reno6 Pro နဲ့ သိပ်ပြီးဝေးကွာမှုမရှိတဲ့ Specs အချို့ကိုလည်း ပေးသွားပါသေးတယ်။

ဒီဟန်းဆက်မှာ 6.55-inch မျက်နှာပြင် (OLED ဖြစ်နိုင်ခြေများ) 1,080 x 2,400 pixels resolution တပ်ဆင်ထားပါတယ်။ 8-series အတွက် အဆင့်မြှင့်တင်မှုတစ်ခုက 120Hz refresh rate ပဲဖြစ်ပါတယ်။ ဒါဟာ 90Hz ကနေ တိုးတက်သွားတာပါ။ ကျောဘက်မှာတော့ ကင်မရာသုံးလုံး ပါရှိမယ်လို့သိရပါတယ်။

50MP Sony IMX766 sensor နဲ့က အဓိကကင်မရာဖြစ်ပြီး ဒါဟာ Reno 7 Pro နဲ့ အခြား OPPO device အချို့မှာ အသုံးပြုပြီးသားလည်း ဖြစ်ပါတယ်။ 7 Pro ဟာ Custom Dimensity 1200-Max chipset အသုံးပြုထားပြီး ဒီတစ်ကြိမ်မှာတော့ ကုမ္ပဏီကဘာတွေလုပ်ပြလာမလဲဆိုတာကို စောင့်ကြည့်ချင်စရာကောင်းလွန်းနေပါတယ်။

OPPO Reno 8 မှာ ဘယ်လို Chipset အသုံးပြုထားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ Reno 6 မျိုးဆက်ကို မေလမှာ ပထမဆုံးစတင်ခဲ့တာဖြစ်တဲ့အတွက် အခုစီးရီးသစ်ကိုလည်း လာမဲ့မေလထဲမှာပဲ တွေ့မြင်လာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena