OPPO က Reno9 Series ဖုန်းတွေကို ကြေညာလိုက်ပြီး Snapdragon 8+ Gen 1 Chipset ပါတဲ့ Reno9 Pro+ ပါလာပါတယ်။ အခြေခံ မော်ဒယ်မှာ 16GB RAM ထည့်သွင်းထားတဲ့ Reno ရဲ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Oppo Reno9 series arrive, Pro+ is a premium offer with Snadpragon 8+ Gen 1

Reno9 Pro+ မှာ ၆.၇ လက်မ AMOLED မျက်နှာပြင်ကွေးနဲ့ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 6P Lens ,AF နဲ့ OIS ပါတဲ့  50MP f/1.8 ကင်မရာ၊ 8MP Ultrawide (Macro လိုလည်း သုံးနိုင်) နဲ့ 2MP Depth တွေ ထည့်သွင်းထားပါတယ်။

Reno9 Pro+ ဟာ MariSilicon X NPU ပါတဲ့ Snapdragon 8+ Gen 1 Chipset ထည့်ထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ စွမ်းရည်မြင့် Find X5 Pro မှာတောင် Qualcomm ရဲ့ Non Plus Version ထည့်ထားတာပါ။ Chipset ရဲ့ AI စွမ်းရည်ကြောင့် အရောင် အရည်အသွေးနဲ့ ကြည်လင်ပြတ်သားမှုတွေ ပိုကောင်းလာမှာပါ။

ကြီးမားတဲ့ 4,700mAh ဘက်ထရီ တပ်ဆင်ထားတဲ့အတွက် ဖုန်းဟာ အနည်းငယ် ပိုထူကာ ပိုလေးပါတယ်။ 80W Fast Charging နဲ့ USB-C ထောက်ပံ့ထားပြီး ဘူးထဲမှာ Adapter ထည့်ပေးထားပါတယ်။

Reno9 Pro+ အတွက် အနက်နဲ့ ရွှေရောင်ထုတ်လုပ်ထားပြီး အထူးထုတ် Mint Green အရောင်လည်း ပါပါတယ်။ ဒေါ်လာ ၅၆၀ သတ်မှတ်ထားတဲ့ 16/256GB Version အတွက် အရောင် ၃ ရောင်စလုံးထုတ်လုပ်ထားပြီး ၆၁၆ ဒေါ်လာ သတ်မှတ်ထားတဲ့ 16/512GB Version အတွက် ပထမ ၂ ရောင်ပဲ ရွေးချယ်နိုင်ပါတယ်။

OPPO ရဲ့ ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena