[Zawgyi]

ႏိုင္ငံတကာ စမတ္ဖုန္းေလာကကို ဦးေဆာင္လ်က္ရွိတဲ့ OPPO ကေန flash charge နည္းပညာ သုံးခုျဖစ္တဲ့ 65W SuperVOOC Fast Charge 2.0၊ 30W Wireless VOOC Flash Charge နဲ႔ VOOC Flash Charge 4.0 ကို စတင္မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဒီလို အျမန္အားသြင္းစနစ္ နည္းပညာအသစ္ေတြကို မိတ္ဆက္လိုက္တာဟာ OPPO အတြက္ အျမန္အား သြင္းစနစ္ရဲ႕ ဦးေဆာင္သူ ေနရာကို ထပ္မံ အားျဖည့္ေပးလိုက္တာ ျဖစ္ၿပီး စမတ္ဖုန္းနယ္ပယ္ထဲမွာ 5G ေခတ္ကို ဝင္ေရာက္ေနတဲ့ ေနာက္ထပ္ ေျခလွမ္းတစ္ခု လည္း ျဖစ္ပါတယ္။

OPPO ရဲ႕ flash charge team ကို ဦးေဆာင္သူ Zhang Jialiang မွ “ VOOC Flash Charge နည္းပညာက လူအမ်ားရဲ႕ အားသြင္းစနစ္အေပၚထားရွိတဲ့ အျမင္ကို ေျပာင္းလဲေပးမွာျဖစ္ၿပီး ကမာၻအႏွံ႔အျပားမွာရွိတဲ့ OPPO ဖုန္းအသုံးျပဳသူ ၁၅၄ သန္းေက်ာ္ကို ေနာက္ဆုံးေပၚအားသြင္းစနစ္ အေတြ႕အႀကဳံေတြကို ယူေဆာင္ လာေပးမွာ ျဖစ္ၿပီး အနာဂတ္မွာဆိုရင္လည္း OPPO ကေန အသုံးျပဳသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ VOOC, Super VOOC ႏွင့္ Wireless VOOC ကို အဆင့္ျမႇင့္တင္မႈေတြ ထပ္မံ့ျပဳလုပ္သြားမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

65W SuperVOOC: ေနာက္ဆုံးေပၚ အဆန္းသစ္ဆုံး အားသြင္းစနစ္နည္းပညာ

OPPO ကေန အသစ္ထပ္မံ မိတ္ဆက္ေပးလိုက္တဲ့ SuperVOOC 2.0 ဟာ OPPO ကေန ေနာက္ထြက္ရွိလာမယ့္ စမတ္ဖုန္းအသစ္ ျဖစ္တဲ့ OPPO Reno Aceမွာ ပြဲဦးထြက္ပါဝင္မယ့္ ကမာၻ႔ ေခတ္ေရွ႕ေျပး အားသြင္းစနစ္ နည္းပညာတစ္ခုျဖစ္သလို 4000 mAh ရွိတဲ့ Battery ကိုလည္း မိနစ္ (၃၀)အတြင္း အားအျပည့္သြင္းႏိုင္မွာ ျဖစ္ပါတယ္။

65W Super VOOC 2.0 က အားသြင္းရာမွာ အပူထုတ္လုပ္မႈကို လွ်င္ျမန္စြာ ေလွ်ာ့ခ်ေပးမွာ ျဖစ္တဲ့အတြက္ လွ်င္ျမန္ေကာင္းမြန္တဲ့ အားသြင္းစနစ္ အေတြ႕အႀကဳံကို ခံစားရမွာ အေသအခ်ာဘဲ ျဖစ္ပါတယ္။ Gallium Nitride (GaN) semiconductor ကို အသုံးျပဳ ထားေသာေၾကာင့္ adapter အ႐ြယ္အစားလည္း ပိုမို ေသးငယ္သြားမွာ ျဖစ္ပါတယ္။ SuperVOOC 2.0 က အားသြင္းတဲ့ စြမ္းေဆာင္ရည္ကို ပိုမိုေကာင္းမြန္လာေစ႐ုံသာမက အႏၲရာယ္ ကင္းကင္းနဲ႔ အသုံးျပဳႏိုင္ဖို႔အတြက္ လုံၿခဳံေရးစနစ္တစ္ခု ျဖစ္တဲ့ five safety protection ကိုလည္း adaptor၊ wire နဲ႔ handset ထဲမွာလည္း ထည့္သြင္းေပးထားပါတယ္။

Wire ပါတဲ့ Charger လို လွ်င္ျမန္စြာအားသြင္းႏိုင္တဲ့ အရည္အေသြးျမင့္ 30W Wireless VOOC Flash Charge

ေဈးကြက္အတြင္းမွာ အေကာင္းဆုံးေသာ Wireless Charging နည္းပညာကို အသုံးျပဳထားတဲ့ 30W Wireless VOOC Flash Charge က မိနစ္၈၀အတြင္း 4000 mAh ဘက္ထရီကို အျပည့္အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။

30W Wireless VOOC Flash Charge တြင္ လုံၿခဳံမႈအပိုင္းကိုလည္း တိုးျမႇင့္ေပးထားၿပီး အပူလြန္ကဲျခင္း၊ HVDCနဲ႔ ျပင္ပမွာရွိတဲ့ အရာဝတၱဳေတြကို ေထာက္လွမ္းေပးႏိုင္တဲ့ function ပါရွိတဲ့အတြက္ ျပင္ပက သတၱဳပစၥည္းေတြ ဝင္ေရာက္လာတာနဲ႔ charging သြင္းတဲ့စနစ္က ခ်က္ခ်င္းရပ္တန႔္သြားမွာ ျဖစ္ပါတယ္။

30W VOOC 4.0 : မ်ိဳးဆက္သစ္ အလွ်င္ျမန္ဆုံးအားသြင္းစနစ္

65W SuperVOOC 2.0 နဲ႔ 30W Wireless VOOC Flash Charge အျပင္ OPPO ကေန VOOC Flash Charge ကိုလည္း Version 4 အထိအဆင့္ ျမႇင့္တင္လိုက္ၿပီ ျဖစ္ပါတယ္။ VOOC 4.0 ဟာ ယခင္ထုတ္လုပ္ထားတဲ့ VOOC 3.0 နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ charging power မ်ားတဲ့အတြက္ 4000 mAh battery ရဲ႕ ၆၇ ရာခိုင္ႏႈန္းကို မိနစ္ (၃၀)အတြင္း၊ ၁၀၀ ရာခိုင္ႏႈန္းကို (၇၃) မိနစ္အတြင္း အားသြင္းႏိုင္မွာ ျဖစ္ၿပီး ယခင္မ်ိဳးဆက္ထက္ ၁၂ ရာခိုင္ႏႈန္း ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။ VOOC 4.0 ကို အသစ္ထြက္ OPPO K5 တြင္ ထည့္သြင္ေပးသြားမွာျဖစ္ၿပီး ေနာက္မ်ိဳးဆက္စမတ္ဖုန္းေတြရဲ႕ အလွ်င္ျမန္ဆုံးေသာ အားသြင္းစနစ္ေလာကရဲ႕ အေျဖတစ္ခုျဖစ္လာမွာ ျဖစ္ပါတယ္။

ပိုမိုစြမ္းေဆာင္ရည္ ျမင့္မားတဲ့ adapter နဲ႔ cell design ေၾကာင့္ Charging စနစ္တစ္ခုလုံးရဲ႕ internal resistance ကိုေလ်ာ့ခ်ေပးၿပီး အားသြင္းေနတဲ့အခ်ိန္ ဖုန္းအသုံးျပဳ ပါကလည္း အပူခ်ိန္ကို ထိန္းေပးထားႏိုင္မွာ ျဖစ္ပါတယ္။ VOOC 3.0 မတိုင္ခင္ ထြက္ရွိထားတဲ့ Flash Charge protocols မ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ VOOC 4.0 သည္ ေနာက္ထြက္လာမယ့္ စမတ္ဖုန္း မ်ိဳးဆက္မ်ားမွာ ပါဝင္လာမယ့္ အေကာင္းဆုံးေသာ နည္းပညာ တစ္ခုျဖစ္ၿပီး full load charging power ျဖစ္ေသာ 5V4A (20W) ကိုလည္း ရရွိႏိုင္မွာ ျဖစ္ပါတယ္။

အသုံးျပဳသူကို စိတ္ေက်နပ္မႈ အျပည့္အဝေပးႏိုင္မယ့္ OPPO ရဲ႕ VOOC Flash Charge နည္းပညာသုံးခု

OPPOသည္ အသုံးျပဳသူမ်ားအတြက္ လွ်င္ျမန္တဲ့ အားသြင္းစနစ္ကို ေထာက္ပံ့ေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ပိုမိုေကာင္းမြန္ၿပီး အဆင့္ျမႇင့္တင္ထားတဲ့ နည္းပညာ သုံးခုကို မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ VOOC နည္းပညာကို မိတ္ဆက္ေပးတဲ့ ၂၀၁၄ ခုႏွစ္ကေန စတင္ၿပီး OPPO ဟာ ကမာၻ႔အႏွံ႔ မူပိုင္ခြင့္ ၁,၇၀၀ ေက်ာ္ရရွိခဲ့ၿပီး ကမာၻ႔ေနရာအႏွံ႔အျပားမွာရွိတဲ့ အသုံးျပဳသူ ၁၄၅သန္း ေက်ာ္ကို Flash Charge အေတြ႕အႀကဳံ ေတြကို ကြဲျပားျခားနားတဲ့ devices အမ်ိဳးအစား (၃၀) မွာ ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ OPPO မွ VOOC ecosystemကို ဆက္လက္က်ယ္ျပန႔္ေစဖို႔အတြက္ ျပင္ပကုမၸဏီ ၂၀ေက်ာ္နဲ႔ ပူးေပါင္းကာ လုပ္ေဆာင္လ်က္ ရွိပါတယ္။

ယေန႔ေခတ္မွာ Power-demanding apps နဲ႔ 5G network ေတြဟာ ဘက္ထရီသက္တမ္း နဲ႔ အားသြင္းစနစ္ေတြ အေပၚ အထူးသက္ေရာက္မႈမ်ား ရွိလာၿပီ ျဖစ္ပါတယ္။ OPPO မွ အဆတ္မျပတ္ VOOC Flash Charge နည္းပညာကို အဆင့္ျမႇင့္တင္လ်က္ရွိၿပီး အသုံးျပဳသူအတြက္ ေန႔စဥ္ဘဝမွာ အခ်ိန္ဘယ္ေလာက္ဘဲရွိရွိ လိုအပ္တဲ့အခါတိုင္း အားသြင္းႏိုင္ဖို႔အတြက္ နည္းပညာအသစ္ေတြကို ရွာေဖြေဖာ္ထုတ္လ်က္ရွိပါတယ္။ ဒါ့အျပင္ OPPO မွ ကမာၻ႔ေနရာ အႏွံ႔အျပားမွာရွိတဲ့ အသုံးျပဳသူေတြရဲ႕ လိုအပ္ခ်က္အလိုက္ နည္းပညာေလာကကိုဦးေဆာင္မယ့္ ဆန္းသစ္တဲ့ တီထြင္မႈေတြနဲ႔ စစ္မွန္တဲ့ Flash Charge experience ကို ေပးႏိုင္ေအာင္လည္း ႀကိဳးစားလုပ္ေဆာင္လ်က္ရွိပါတယ္။

[Unicode]

OPPO မှ 65W SuperVOOC၊ 30W Wireless VOOC နဲ့ VOOC 4.0 နည်းပညာအသစ်သုံးမျိုးကို စတင်မိတ်ဆက်

နိုင်ငံတကာ စမတ်ဖုန်းလောကကို ဦးဆောင်လျက်ရှိတဲ့ OPPO ကနေ flash charge နည်းပညာ သုံးခုဖြစ်တဲ့ 65W SuperVOOC Fast Charge 2.0၊ 30W Wireless VOOC Flash Charge နဲ့ VOOC Flash Charge 4.0 ကို စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို အမြန်အားသွင်းစနစ် နည်းပညာအသစ်တွေကို မိတ်ဆက်လိုက်တာဟာ OPPO အတွက် အမြန်အား သွင်းစနစ်ရဲ့ ဦးဆောင်သူ နေရာကို ထပ်မံ အားဖြည့်ပေးလိုက်တာ ဖြစ်ပြီး စမတ်ဖုန်းနယ်ပယ်ထဲမှာ 5G ခေတ်ကို ဝင်ရောက်နေတဲ့ နောက်ထပ် ခြေလှမ်းတစ်ခု လည်း ဖြစ်ပါတယ်။

OPPO ရဲ့ flash charge team ကို ဦးဆောင်သူ Zhang Jialiang မှ “ VOOC Flash Charge နည်းပညာက လူအများရဲ့ အားသွင်းစနစ်အပေါ်ထားရှိတဲ့ အမြင်ကို ပြောင်းလဲပေးမှာဖြစ်ပြီး ကမ္ဘာအနှံ့အပြားမှာရှိတဲ့ OPPO ဖုန်းအသုံးပြုသူ ၁၅၄ သန်းကျော်ကို နောက်ဆုံးပေါ်အားသွင်းစနစ် အတွေ့အကြုံတွေကို ယူဆောင် လာပေးမှာ ဖြစ်ပြီး အနာဂတ်မှာဆိုရင်လည်း OPPO ကနေ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ VOOC, Super VOOC နှင့် Wireless VOOC ကို အဆင့်မြှင့်တင်မှုတွေ ထပ်မံ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

65W SuperVOOC: နောက်ဆုံးပေါ် အဆန်းသစ်ဆုံး အားသွင်းစနစ်နည်းပညာ

OPPO ကနေ အသစ်ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ SuperVOOC 2.0 ဟာ OPPO ကနေ နောက်ထွက်ရှိလာမယ့် စမတ်ဖုန်းအသစ် ဖြစ်တဲ့ OPPO Reno Aceမှာ ပွဲဦးထွက်ပါဝင်မယ့် ကမ္ဘာ့ ခေတ်ရှေ့ပြေး အားသွင်းစနစ် နည်းပညာတစ်ခုဖြစ်သလို 4000 mAh ရှိတဲ့ Battery ကိုလည်း မိနစ် (၃၀)အတွင်း အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

65W Super VOOC 2.0 က အားသွင်းရာမှာ အပူထုတ်လုပ်မှုကို လျှင်မြန်စွာ လျှော့ချပေးမှာ ဖြစ်တဲ့အတွက် လျှင်မြန်ကောင်းမွန်တဲ့ အားသွင်းစနစ် အတွေ့အကြုံကို ခံစားရမှာ အသေအချာဘဲ ဖြစ်ပါတယ်။ Gallium Nitride (GaN) semiconductor ကို အသုံးပြု ထားသောကြောင့် adapter အရွယ်အစားလည်း ပိုမို သေးငယ်သွားမှာ ဖြစ်ပါတယ်။ SuperVOOC 2.0 က အားသွင်းတဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေရုံသာမက အန္တရာယ် ကင်းကင်းနဲ့ အသုံးပြုနိုင်ဖို့အတွက် လုံခြုံရေးစနစ်တစ်ခု ဖြစ်တဲ့ five safety protection ကိုလည်း adaptor၊ wire နဲ့ handset ထဲမှာလည်း ထည့်သွင်းပေးထားပါတယ်။

Wire ပါတဲ့ Charger လို လျှင်မြန်စွာအားသွင်းနိုင်တဲ့ အရည်အသွေးမြင့် 30W Wireless VOOC Flash Charge

ဈေးကွက်အတွင်းမှာ အကောင်းဆုံးသော Wireless Charging နည်းပညာကို အသုံးပြုထားတဲ့ 30W Wireless VOOC Flash Charge က မိနစ်၈၀အတွင်း 4000 mAh ဘက်ထရီကို အပြည့်အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

30W Wireless VOOC Flash Charge တွင် လုံခြုံမှုအပိုင်းကိုလည်း တိုးမြှင့်ပေးထားပြီး အပူလွန်ကဲခြင်း၊ HVDCနဲ့ ပြင်ပမှာရှိတဲ့ အရာဝတ္တုတွေကို ထောက်လှမ်းပေးနိုင်တဲ့ function ပါရှိတဲ့အတွက် ပြင်ပက သတ္တုပစ္စည်းတွေ ဝင်ရောက်လာတာနဲ့ charging သွင်းတဲ့စနစ်က ချက်ချင်းရပ်တန့်သွားမှာ ဖြစ်ပါတယ်။

30W VOOC 4.0 : မျိုးဆက်သစ် အလျှင်မြန်ဆုံးအားသွင်းစနစ်

65W SuperVOOC 2.0 နဲ့ 30W Wireless VOOC Flash Charge အပြင် OPPO ကနေ VOOC Flash Charge ကိုလည်း Version 4 အထိအဆင့် မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ VOOC 4.0 ဟာ ယခင်ထုတ်လုပ်ထားတဲ့ VOOC 3.0 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် charging power များတဲ့အတွက် 4000 mAh battery ရဲ့ ၆၇ ရာခိုင်နှုန်းကို မိနစ် (၃၀)အတွင်း၊ ၁၀၀ ရာခိုင်နှုန်းကို (၇၃) မိနစ်အတွင်း အားသွင်းနိုင်မှာ ဖြစ်ပြီး ယခင်မျိုးဆက်ထက် ၁၂ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ VOOC 4.0 ကို အသစ်ထွက် OPPO K5 တွင် ထည့်သွင်ပေးသွားမှာဖြစ်ပြီး နောက်မျိုးဆက်စမတ်ဖုန်းတွေရဲ့ အလျှင်မြန်ဆုံးသော အားသွင်းစနစ်လောကရဲ့ အဖြေတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

ပိုမိုစွမ်းဆောင်ရည် မြင့်မားတဲ့ adapter နဲ့ cell design ကြောင့် Charging စနစ်တစ်ခုလုံးရဲ့ internal resistance ကိုလျော့ချပေးပြီး အားသွင်းနေတဲ့အချိန် ဖုန်းအသုံးပြု ပါကလည်း အပူချိန်ကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ VOOC 3.0 မတိုင်ခင် ထွက်ရှိထားတဲ့ Flash Charge protocols များနှင့် နှိုင်းယှဉ်လျှင် VOOC 4.0 သည် နောက်ထွက်လာမယ့် စမတ်ဖုန်း မျိုးဆက်များမှာ ပါဝင်လာမယ့် အကောင်းဆုံးသော နည်းပညာ တစ်ခုဖြစ်ပြီး full load charging power ဖြစ်သော 5V4A (20W) ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုသူကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ့် OPPO ရဲ့ VOOC Flash Charge နည်းပညာသုံးခု

OPPOသည် အသုံးပြုသူများအတွက် လျှင်မြန်တဲ့ အားသွင်းစနစ်ကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပိုမိုကောင်းမွန်ပြီး အဆင့်မြှင့်တင်ထားတဲ့ နည်းပညာ သုံးခုကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ VOOC နည်းပညာကို မိတ်ဆက်ပေးတဲ့ ၂၀၁၄ ခုနှစ်ကနေ စတင်ပြီး OPPO ဟာ ကမ္ဘာ့အနှံ့ မူပိုင်ခွင့် ၁,၇၀၀ ကျော်ရရှိခဲ့ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာရှိတဲ့ အသုံးပြုသူ ၁၄၅သန်း ကျော်ကို Flash Charge အတွေ့အကြုံ တွေကို ကွဲပြားခြားနားတဲ့ devices အမျိုးအစား (၃၀) မှာ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ OPPO မှ VOOC ecosystemကို ဆက်လက်ကျယ်ပြန့်စေဖို့အတွက် ပြင်ပကုမ္ပဏီ ၂၀ကျော်နဲ့ ပူးပေါင်းကာ လုပ်ဆောင်လျက် ရှိပါတယ်။

ယနေ့ခေတ်မှာ Power-demanding apps နဲ့ 5G network တွေဟာ ဘက်ထရီသက်တမ်း နဲ့ အားသွင်းစနစ်တွေ အပေါ် အထူးသက်ရောက်မှုများ ရှိလာပြီ ဖြစ်ပါတယ်။ OPPO မှ အဆတ်မပြတ် VOOC Flash Charge နည်းပညာကို အဆင့်မြှင့်တင်လျက်ရှိပြီး အသုံးပြုသူအတွက် နေ့စဉ်ဘဝမှာ အချိန်ဘယ်လောက်ဘဲရှိရှိ လိုအပ်တဲ့အခါတိုင်း အားသွင်းနိုင်ဖို့အတွက် နည်းပညာအသစ်တွေကို ရှာဖွေဖော်ထုတ်လျက်ရှိပါတယ်။ ဒါ့အပြင် OPPO မှ ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်အလိုက် နည်းပညာလောကကိုဦးဆောင်မယ့် ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ စစ်မှန်တဲ့ Flash Charge experience ကို ပေးနိုင်အောင်လည်း ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။