[Zawgyi]
Ref: GSM Arena
[Unicode]
50W Super VOOC အားသွင်းစနစ်ထက် ပိုမြင့်တဲ့ 4,000 mAh နဲ့ဖုန်းကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်မယ်လို့ Tease လုပ်လိုက်တဲ့ OPPO
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက OPPO ဟာ Find X Lamborghini ကို ထုတ်ခဲ့ပါတယ်။ ဒီတုန်းက (Super VOOC Flash Charge) ကို မိတ်ဆက်ခဲ့ပါတယ်။ အံ့အားသင့်လောက်စရာ အားသွင်းမြန်တဲ့နှုန်းအဖြစ် 3,400 mAh ဘက်ထရီကို ၃၅ မိနစ်အတွင်း ၁၀၀% သွင်းနိုင်ခဲ့တာပါ။
တစ်နှစ်ကြာပြီးတဲ့နောက် OPPO ရဲ့ ဒုတိယဥက္ကဋ္ဌ Brian Shen က အဆင့်မြှင့်တင်ထားတဲ့ 50W Super VOOC အားသွင်းစနစ်ကို ထပ်မံပြီး အစဖော်၊ ထုတ်ကြွားလိုက်ပြန်ပါတယ်။ Weibo မှာတော့ W ကို မဖော်ပြထားသလို 4,000 mAh ကို ဘယ်နှမိနစ်နဲ့ အားအပြည့်သွင်းနိုင်မလဲဆိုတာကိုလည်း မဖော်ပြထားပါဘူး။
ဒါပေမယ့် Brian Shen ရဲ့ ပဟေဠိအရ အဆင့်မြှင့်တင်ထားတဲ့ Super VOOC ဟာ 50W ထက်လည်း မြင့်လာဖို့ ရှိသလို၊ 4,000 mAh ဘက်ထရီကို အားအပြည့်သွင်းချိန်ဟာလည်း ၃၅ မိနစ်ထက် လျော့နည်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ Find X Lamborghini ဟာ 3,400 mAh ဘက်ထရီကို 0% ကနေ 93% အထိ ရောက်ဖို့ မိနစ် ၃၀ အချိန်ယူရပါတယ်။
Find X Lamborghini တုန်းက Super VOOC အားသွင်းစနစ်ကို 50W Charger နဲ့ အလုပ်လုပ်ခဲ့တာပါ။ ဒါကြောင့် အဆင့်မြှင့်တင်လိုက်တဲ့ Super VOOC ဟာ 80W ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ရပေမယ့်လည်း ဒီကိန်းဂဏန်းနဲ့ပတ်သက်ပြီး တရားဝင်ထွက်ပေါ်ထားခြင်းတော့ မရှိသေးပါဘူး။
OPPO ဟာ Reno flagship အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး 90Hz screen နဲ့ Super VOOC အားသွင်းစနစ် ပါဝင်မယ်လို့လည်း သတင်းထွက်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် Reno 10x zoom ကို ဆက်ခံမယ့် အမျိုးအစားလို့ ခန့်မှန်းထားတဲ့ ဒီ Flagship မှာ 80W Super VOOC အားသွင်းစနစ် ပါဝင်လာမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။
Ref: GSM Arena