[Zawgyi]

OPPO ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဇူလိုင္လတုန္းက Fine X ကို မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ Find X ရဲ႕ ေနာက္မ်ိဳးဆက္ စမတ္ဖုန္းအျဖစ္ Snapdragon 855 အသုံးျပဳထားတဲ့ Flagship ဖုန္းတစ္လုံးကို ထပ္မံထုတ္လုပ္မယ္လို႔ သိရပါတယ္။

ဒီ စမတ္ဖုန္းကေတာ့ OPPO Find Z လို႔ အမည္ေပးထားပါတယ္။ ဒီအတြက္ OPPO က ဥေရာပသမဂၢရဲ႕ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး European Union’s Intellectual Property Office မွာ OPPO Find Z အမည္နဲ႔ မွတ္ပုံတင္ခဲ့ေၾကာင္း သိရပါတယ္။

OPPO Find Z ဟာ Snapdragon 855 သုံးထားတဲ့အေၾကာင္း Geekbench မွာ ျမင္ေတြ႕ရတဲ့အတြက္ ေသခ်ာသြားၿပီလို႔ အတည္ျပဳႏိုင္ပါတယ္။ အခုလိုမ်ိဳး Snapdragon 855 သုံးထားတဲ့အတြက္ Qualcomm X50 5G Modem လည္း ပါဝင္လာမွာျဖစ္တာေၾကာင့္ Find Z ဟာ OPPO ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းအျဖစ္ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

ဒါ့အျပင္ OPPO Find Z မွာ OPPO ရဲ႕ ေနာက္ဆုံးေပၚနည္းပညာေတြျဖစ္တဲ့ 10x ကင္မရာနဲ႔ ပိုၿပီးေနရာက်ယ္ျပန႔္တဲ့ Under-display fingerprint scanner လည္း ပါဝင္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ 10x ကေတာ့ OPPO ရဲ႕ 5x Periscope-style ကင္မရာနဲ႔ Ultra-wide Secondary ကင္မရာေတြကို ေပါင္းစပ္ထားတာပဲ ျဖစ္ပါတယ္။

OPPO ရဲ႕ Under-display fingerprint scanner သစ္ဟာ အသုံးျပဳႏိုင္တဲ့ ဧရိယာပိုၿပီးက်ယ္ျပန႔္သြား႐ုံတင္မကဘဲ လက္ႏွစ္ႏွစ္ေခ်ာင္း (လက္ေဗြႏွစ္ခု) ကိုလည္း တစ္ၿပိဳင္နက္ ဖတ္ရႈမွတ္သားၿပီး အသိအမွတ္ျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Find Z မွာ ေက်ာဘက္ ကင္မရာသုံးလုံး ပါဝင္လာႏိုင္ဖြယ္ရွိပါတယ္။ ဒီထဲက တတိယကင္မရာက AR အတြက္ ရည္႐ြယ္ထည့္သြင္းထားတဲ့ 3D ToF ျဖစ္ႏိုင္ပါတယ္။

OPPO Find Z မွာ အသုံးျပဳမယ့္ ဘက္ထရီပမာဏကိုေတာ့ မသိရေသးေပမယ့္ 50W Super VOOC စနစ္ကေတာ့ ပါဝင္လာမယ္လို႔ ဆိုပါတယ္။ OPPO အေနနဲ႔ Find Z ကို လာမယ့္ MWC 2019 မွာ ျပသႏိုင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဒီေတာ့ OPPO Find Z အေနနဲ႔ ၂၀၁၉ ဒုတိယႏွစ္ဝက္ အေစာပိုင္းေလာက္မွ သီးသန႔္ မိတ္ဆက္ပြဲတစ္ခုနဲ႔အတူ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 855 သုံး Find Z ကို မှတ်ပုံတင်ခဲ့တဲ့ OPPO

OPPO ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လတုန်းက Fine X ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Find X ရဲ့ နောက်မျိုးဆက် စမတ်ဖုန်းအဖြစ် Snapdragon 855 အသုံးပြုထားတဲ့ Flagship ဖုန်းတစ်လုံးကို ထပ်မံထုတ်လုပ်မယ်လို့ သိရပါတယ်။

ဒီ စမတ်ဖုန်းကတော့ OPPO Find Z လို့ အမည်ပေးထားပါတယ်။ ဒီအတွက် OPPO က ဥရောပသမဂ္ဂရဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး European Union’s Intellectual Property Office မှာ OPPO Find Z အမည်နဲ့ မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။

OPPO Find Z ဟာ Snapdragon 855 သုံးထားတဲ့အကြောင်း Geekbench မှာ မြင်တွေ့ရတဲ့အတွက် သေချာသွားပြီလို့ အတည်ပြုနိုင်ပါတယ်။ အခုလိုမျိုး Snapdragon 855 သုံးထားတဲ့အတွက် Qualcomm X50 5G Modem လည်း ပါဝင်လာမှာဖြစ်တာကြောင့် Find Z ဟာ OPPO ရဲ့ ပထမဆုံး 5G စမတ်ဖုန်းအဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ဒါ့အပြင် OPPO Find Z မှာ OPPO ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေဖြစ်တဲ့ 10x ကင်မရာနဲ့ ပိုပြီးနေရာကျယ်ပြန့်တဲ့ Under-display fingerprint scanner လည်း ပါဝင်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ 10x ကတော့ OPPO ရဲ့ 5x Periscope-style ကင်မရာနဲ့ Ultra-wide Secondary ကင်မရာတွေကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။

OPPO ရဲ့ Under-display fingerprint scanner သစ်ဟာ အသုံးပြုနိုင်တဲ့ ဧရိယာပိုပြီးကျယ်ပြန့်သွားရုံတင်မကဘဲ လက်နှစ်နှစ်ချောင်း (လက်ဗွေနှစ်ခု) ကိုလည်း တစ်ပြိုင်နက် ဖတ်ရှုမှတ်သားပြီး အသိအမှတ်ပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Find Z မှာ ကျောဘက် ကင်မရာသုံးလုံး ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ဒီထဲက တတိယကင်မရာက AR အတွက် ရည်ရွယ်ထည့်သွင်းထားတဲ့ 3D ToF ဖြစ်နိုင်ပါတယ်။

OPPO Find Z မှာ အသုံးပြုမယ့် ဘက်ထရီပမာဏကိုတော့ မသိရသေးပေမယ့် 50W Super VOOC စနစ်ကတော့ ပါဝင်လာမယ်လို့ ဆိုပါတယ်။ OPPO အနေနဲ့ Find Z ကို လာမယ့် MWC 2019 မှာ ပြသနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီတော့ OPPO Find Z အနေနဲ့ ၂၀၁၉ ဒုတိယနှစ်ဝက် အစောပိုင်းလောက်မှ သီးသန့် မိတ်ဆက်ပွဲတစ်ခုနဲ့အတူ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMArena