Foldable စမတ်ဖုန်းတွေ ထွက်ပေါ်လာတာ ၆ နှစ်ဝန်းကျင် ရှိပြီ ဖြစ်ပြီး နောက်ထပ် နာမည်ကြီးလာမှာက ၃ ခေါက်ချိုး စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Huawei နဲ့ Tecno တို့ဟာ ၃ ခေါက်ချိုး စမတ်ဖုန်းတွေကို ပြသထားကြပါတယ်။ အခုတော့ OPPO ကလည်း ၃ ခေါက်ချိုးဖုန်း နမူနာ မော်ဒယ်ကို ပြသလိုက်ပါတယ်။

Oppo Tri-Fold Smartphone Concept Reportedly Showcased by Company Official | Technology News

OPPO Find Series ရဲ့ Product Manager Zhou Yibao က OPPO ရဲ့ ၃ ခေါက်ချိုးဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို ပြသလိုက်ပါတယ်။ Hinge ၂ ခု တပ်ဆင်ထားပြီး Main Screen ဟာ ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အနောက်ဘက်ကို သားရေအတုနဲ့ တည်ဆောက်ထားပါတယ်။

အဲဒီဖုန်းမှာ OPPO ColorOS ရဲ့  ပြုပြင်ထားတဲ့ Version ထည့်သွင်းထားတယ်လို့ ထင်ရပြီး ကြီးမားတဲ့ Widgets နဲ့ Taskbar ကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အဲဒီ ဖုန်းရဲ့ Hardware တွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

The race for tri-fold smartphones is heating up | Cybernews

ဒီနှစ် အစောပိုင်းမှာ OPPO နဲ့ vivo တို့ဟာ Foldable စမတ်ဖုန်း ဈေးကွက်ကို စွန့်ခွာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ OPPO က ဒီသတင်းကို ငြင်းဆိုခဲ့ပြီး Foldable Device အသစ်တွေကို ဆက်လက် ထုတ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။

Ref : gsmarena