Unicode

မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Oppo Reno3 5G ဖုန်းဟာ ကမ္ဘာ့ပထမဆုံး Dimensity 1000L ပရိုဆက်ဆာနဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ MediaTek ကလည်း လာမယ့်နှစ်မှာထွက်လာမယ့် Mid-range ဖုန်းတွေအတွက် Dimensity 800 ချစ်ပ်ဆက်ကို မိတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ပါဝါပိုမြင့်တဲ့ ညီနောင် Dimensity 1000 ကို ဘယ်သူက အရင်အသုံးပြုလာနိုင်မလဲ ဆိုတာဟာ အနည်းငယ်ပိုစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းဖြစ်နေခဲ့ပါတယ်။

ယနေ့မှာတော့ Weibo ပိုစ့်တစ်ခုကနေ Oppo ဟာ Dimensity 1000 ကို ပထမဆုံးထည့်သွင်းလာတဲ့ စမတ်ဖုန်းကိုလည်း ဆက်လက်ထုတ်လုပ်ဦးမယ်လို့ ဖော်ပြလာခဲ့ပြီး အဆိုပါဟန်းဆက်ကို နောက်နှစ်စထဲမှာ မြင်ရမှာပါ။ နေ့စွဲအတိအကျမဖော်ပြထားပေမယ့် အစောဆုံး ဇန်နဝါရီလထဲမှာ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ် Dimensity 1000 ကို ဘယ်ဖုန်းမှာ မြင်ရမလဲလို့ မသိနိုင်သေးပေမယ့်လည်း Reno စီးရီး မိသားစုဝင် အသစ်တစ်ယောက်ထဲမှာပဲ ထပ်ပါလာဦးမယ်လို့ မျှော်လင့်ရပါတယ်။ Reno 10x Zoom ဟာ မကြာခင် မျိုးဆက်သစ်မော်ဒယ် ထွက်လာမယ်လို့ ယူဆရတာကြောင့် Reno 10x Zoom ဒုတိယမျိုးဆက်မှာ Dimensity 1000 ကို မြင်ရနိုင်ပြီး Find X2 မှာတော့ Snapdragon 865 ကိုအသုံးပြုလာနိုင်ပါတယ်။

Dimensity 1000 ဟာ 2.6GHz Cortex-A77 Core လေးခုနဲ့ 2.2GHz Cortex-A55 Core လေးခုပါဝင်တဲ့ Octa-core ပရိုဆက်ဆာဖြစ်ပြီး Mali-G77 GPU နဲ့တွဲဖက်ထားပါတယ်။ Dimensity 1000L မှာလိုပဲ SA/NSA 5G နက်ဝပ်နှစ်မျိုးလုံး ထောက်ပံ့ပေးနိုင်ကာ Downlink Speed က 4.7 Gbps ထိ ရှိမှာပါ။

Ref – Gizmo China

Zawgyi

မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Oppo Reno3 5G ဖုန္းဟာ ကမာၻ႔ပထမဆုံး Dimensity 1000L ပရုိဆက္ဆာနဲ႔ ပထမဆုံးစမတ္ဖုန္းျဖစ္ပါတယ္။ MediaTek ကလည္း လာမယ့္ႏွစ္မွာထြက္လာမယ့္ Mid-range ဖုန္းေတြအတြက္ Dimensity 800 ခ်စ္ပ္ဆက္ကို မိတ္ဆက္ခဲ့ေပမယ့္ သူ႕ရဲ႕ပါဝါပုိျမင့္တဲ့ ညီေနာင္ Dimensity 1000 ကို ဘယ္သူက အရင္အသုံးျပဳလာႏုိင္မလဲ ဆုိတာဟာ အနည္းငယ္ပိုစိတ္ဝင္စားစရာေကာင္းတဲ့ ေမးခြန္းျဖစ္ေနခဲ့ပါတယ္။

ယေန႔မွာေတာ့ Weibo ပိုစ့္တစ္ခုကေန Oppo ဟာ Dimensity 1000 ကို ပထမဆုံးထည့္သြင္းလာတဲ့ စမတ္ဖုန္းကိုလည္း ဆက္လက္ထုတ္လုပ္ဦးမယ္လို႔ ေဖာ္ျပလာခဲ့ၿပီး အဆုိပါဟန္းဆက္ကို ေနာက္ႏွစ္စထဲမွာ ျမင္ရမွာပါ။ ေန႔စြဲအတိအက်မေဖာ္ျပထားေပမယ့္ အေစာဆုံး ဇန္နဝါရီလထဲမွာ ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေလာေလာဆယ္ Dimensity 1000 ကို ဘယ္ဖုန္းမွာ ျမင္ရမလဲလုိ႔ မသိႏုိင္ေသးေပမယ့္လည္း Reno စီးရီး မိသားစုဝင္ အသစ္တစ္ေယာက္ထဲမွာပဲ ထပ္ပါလာဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Reno 10x Zoom ဟာ မၾကာခင္ မ်ဳိးဆက္သစ္ေမာ္ဒယ္ ထြက္လာမယ္လို႔ ယူဆရတာေၾကာင့္ Reno 10x Zoom ဒုတိယမ်ဳိးဆက္မွာ Dimensity 1000 ကို ျမင္ရႏုိင္ၿပီး Find X2 မွာေတာ့ Snapdragon 865 ကိုအသုံးျပဳလာႏုိင္ပါတယ္။

Dimensity 1000 ဟာ 2.6GHz Cortex-A77 Core ေလးခုနဲ႔ 2.2GHz Cortex-A55 Core ေလးခုပါဝင္တဲ့ Octa-core ပရုိဆက္ဆာျဖစ္ၿပီး Mali-G77 GPU နဲ႔တြဲဖက္ထားပါတယ္။ Dimensity 1000L မွာလုိပဲ SA/NSA 5G နက္ဝပ္ႏွစ္မ်ဳိးလုံး ေထာက္ပ့ံေပးႏုိင္ကာ Downlink Speed က 4.7 Gbps ထိ ရွိမွာပါ။

Ref – Gizmo China