ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Qualcomm ကုမ္ပဏီဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ဒေသတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi ၊ Vivo ၊ OPPO ၊ Lenovo တို့နဲ့ တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပြီး အနာဂတ်မှာ ပြုလုပ်သွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ OPPO ရဲ့ CEO ဖြစ်တဲ့ Tony Chen ကနေ OPPO ကနေ နောက်ပိုင်းမှာ 5G Network ကို Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ရှိတယ်ဆိုပြီး ပြောကြားခဲ့လိုက်ပါတယ်။

OPPO CEO ရဲ့ ပြောကြားချက်အရတော့ OPPO ဟာ 5G ကွန်ယက်နဲ့ ပတ်သတ်ပြီး လေ့လာဆန်းစစ်မှုတွေကို လွန်ခဲ့တဲ့ ၃ နှစ်ထဲက Qualcomm နဲ့အတူပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ OPPO အနေနဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ထုတ်လုပ်နိုင်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်ဖြစ်နေပြီလို့ သိရပါတယ်။ OPPO CEO ရဲ့ ပြောကြားချက်က OPPO ကပဲ 5G စမတ်ဖုန်းကို ထုတ်လုပ်မှာမဟုတ်ပဲ နောက်ထပ် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကလည်း ပြိုင်တူထုတ်လုပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


5G Network ဟာ ယခင်နှစ်တွေထဲက တဖြည်းဖြည်စတင်လာခဲ့တဲ့ Network တစ်ခုဖြစ်ပြီးတော့ အခုရရှိနေတဲ့ 4G ထက် အဆများစွာပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် 5G ကွန်ယက်ဟာ ယခုနှစ်မှာတော့ တကယ်ဖြစ်လာတော့မယ်လို့ ယူဆရပါတယ်။