ယခုနှစ်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေက ပုံမှန် စမတ်ဖုန်းတွေအပြင် ခေါက်သိမ်းထားနိုင်တဲ့ Display ပါဝင်တဲ့ စမတ်ဖုန်းတွေကိုပါ ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။ ZTE ကတော့ မနှစ်က Axom M နာမည်နဲ့ Display ၂ ခုပါပြီး ခေါက်သိမ်းလို့ရတဲ့ စမတ်ဖုန်းထုတ်ခဲ့သလိုပဲ Samsung ကလည်း ယခုနှစ်ထဲမှာ ခေါက်နိုင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာတာက OPPO ပဲဖြစ်ပြီး အခုအချိန်မှာဆိုရင် သူရဲ့ ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းဒီဇိုင်းကို မှတ်ပုံတင်လိုက်ပြီပဲဖြစ်ပါတယ်။


OPPO ရဲ့ ယခု Patent က ပုံတွေအရတော့ Display အရ ၂ ခုပါဝင်မှာဖြစ်ပေမယ့် ဖြန့်လိုက်တဲ့အချိန်မှာ Display တစ်ခုထဲအနေနဲ့ဖြစ်သွားမှာဖြစ်ပြီးတော့ ကြားထဲမှာရှိတဲ့ Screen Hinge ကလည်း Display အနေနဲ့ လုပ်ဆောင်မယ်လို့ သိရပါတယ်။

OPPO ဟာ ယခု ခေါက်နိုင်တဲ့ စမတ်ဖုန်းမှာလည်း Dual Camera စနစ်ကိုထည့်သွင်းလာမှာဖြစ်ပြီးတော့ အရှေ့ဘက် Selfie Camera ကိုတော့ LED Flash ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ဖုန်းကို ခေါက်ထားလား၊ ဖြန့်ထားလားပေါ်မှုတည်ပြီးတော့ ကင်မရာကို နှစ်သက်သလို ရိုက်ကူးနိုင်တဲ့အတွက် အခုအချက်က အရေးကြီးတာတော့မဟုတ်ပြန်ပါဘူး။

OPPO ရဲ့ အခုလိုမျိုး ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းထုတ်မှာကိုရော ဘယ်လိုမြင်ကြပါသလဲ?