Zawgyi

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း တစ္ကမာၻလုံးမွာ စမတ္ဖုန္းေစ်းကြက္ထြန္းကားလာမႈနဲ႔အတူ စမတ္ဖုန္း နည္းပညာအသစ္အဆန္းေတြကိုလည္း စံခ်ိန္တင္ တီထြင္ဆန္းသစ္လာခဲ့ၾကပါတယ္။ ႏွစ္အနည္းငယ္အတြင္း Pop-up ကင္မရာေတြ၊ In-display Fingerprint နည္းပညာေတြသာမက ဖုန္းရဲ႕ ေရွ႕မ်က္ႏွာျပင္ကို လုံးဝအျပည့္ ေနရာယူလာမယ့္ Waterfall Display တုိ႔ကို ျမင္ေတြ႕လာရပါၿပီ။

ယေန႔မွာ Oppo ကေန ထပ္ၿပီး မွတ္ပုံတင္ခဲ့တဲ့ နည္းပညာအသစ္မွာေတာ့ ေလးဘက္ေလးတန္စလုံးကို Curved စီးဆင္းထားတဲ့ Display ကို ထူးထူးဆန္းဆန္းျမင္ခဲ့ရပါတယ္။ ဒီလိုပုံစံ Display ဟာ မၾကာေသးမီက Oppo မွ မွတ္ပုံတင္ထားခဲ့တဲ့ Display ေအာက္မွာ လိုအပ္တဲ့ Sensor ေတြကို ထည့္သြင္းမယ့္ နည္းပညာေၾကာင့္ ျဖစ္ႏုိင္လာခဲ့တာပါ။

ဖုန္းေတြရဲ႕ေရွ႕မ်က္ႏွာျပင္မွာ ပါဝင္တဲ့ Chin ေတြ၊ Notch ေတြဟာ Selfie ကင္မရာအျပင္ လိုအပ္တဲ့ အျခား Sensor နဲ႔ Physical စက္အစိတ္အပုိင္းေတြကို တာဝန္ယူရပါတယ္။ Screen ႀကီးႀကီးေတြ ေခတ္စားလာတဲ့ေနာက္ ဖုန္းရဲ႕အရြယ္အစားကို လိုက္မႀကီးဘဲ Display အရြယ္အစားကို ခ်ဲ႕ႏုိင္ဖို႔အတြက္ စမတ္ဖုန္းထုတ္လုပ္သူေတြက နည္းမ်ဳိးစုံႀကိဳးစားၿပီး ဒီဟာေတြကို ဖယ္ရွားႏုိင္ဖို႔ စမ္းသပ္လာခဲ့ၾကတာပါ။

Oppo ရဲ႕ မူပိုင္ခြင့္ထဲမွာ Light Sensor တစ္ခုနဲ႔ ေနာက္ထပ္ Infrared Light Sensor တစ္ခုကို ေတြ႕ရၿပီး ႏွစ္ခုလုံးကို Display ေအာက္မွာ ျမဳပ္ႏွံထားပါတယ္။ ဒါေၾကာင့္ သူတုိ႔အတြက္ Bezel ေဘာင္ေနရာခ်န္ေပးဖို႔ မလိုအပ္ေတာ့ပါဘူး။ တစ္ခုက Display ေပၚက်ေရာက္လာတဲ့ အလင္းပမာဏကို သိမွတ္ၿပီး Brightness ကို ခ်ိန္ေပးဖို႔ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဖုန္းကို မ်က္ႏွာနဲ႔ကပ္ၿပီးေျပာေနခ်ိန္မွာ အလိုအေလွ်ာက္ Display ကို ပိတ္ေပးဖို႔ပါ။ ဒီနည္းပညာဟာ Micro LED သုိ႔မဟုတ္ OLED Display မွာ အသုံးခ်ႏုိင္မွာျဖစ္ပါတယ္။

လအနည္းငယ္အၾကာက Oppo ဟာ Waterfall Display နဲ႔ မေၾကညာရေသးတဲ့ ဟန္းဆက္တစ္ခုကို ျပသခဲ့ဖူးပါတယ္။ ဒါေပမယ့္ Display ရဲ႕ မ်က္ႏွာျပင္ေလးဘက္စလုံးကို Curved ထည့္ၿပီး 100% ေက်ာ္တဲ့ Screen-to-body Ratio ဖန္တီးယူဖို႔ အၾကံက အသစ္အဆန္းေတာ့မဟုတ္ပါဘူး။ ေနာက္ထပ္ တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ Xiaomi ကလည္း အခုႏွစ္ ေဖေဖာ္ဝါရီမွာ Curved Edge ေလးခုလုံးပါတဲ့ ခပ္ဆင္ဆင္ ဟန္းဆက္တစ္ခုကို နည္းပညာမူပုိင္ခြင့္ယူထားခဲ့ပါေသးတယ္။

ေနာက္ထပ္လိုအပ္ခ်က္ျဖစ္တဲ့ Selfie အတြက္ ေနရာခ်န္ရတဲ့ ျပႆနာကို ေျဖရွင္းဖို႔လည္း Oppo ဟာ Under-Display ကင္မရာတစ္ခုကို MWC ရွန္ဟုိင္းပြဲေတာ္မွာ ခ်ျပသြားဦးမွာပါ။ ဒီေျခလွမ္းေတြအားလုံးက သူ႕ကို 100% Screen-to-body ျမင္ကြင္းအခ်ဳိးနဲ႔ စမတ္ဖုန္းထုတ္လုပ္ႏုိင္ဖို႔ ပိုနီးစပ္လာေစပါတယ္။ လက္ရွိ ေစ်းကြက္ထဲမွာ “Waterfall” Display ကို အသုံးျပဳထားတဲ့ဖုန္းေတြက Huawei Mate 30 Pro နဲ႔ Vivo NEX 3 တုိ႔ပါ။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးမှာ စမတ်ဖုန်းဈေးကွက်ထွန်းကားလာမှုနဲ့အတူ စမတ်ဖုန်း နည်းပညာအသစ်အဆန်းတွေကိုလည်း စံချိန်တင် တီထွင်ဆန်းသစ်လာခဲ့ကြပါတယ်။ နှစ်အနည်းငယ်အတွင်း Pop-up ကင်မရာတွေ၊ In-display Fingerprint နည်းပညာတွေသာမက ဖုန်းရဲ့ ရှေ့မျက်နှာပြင်ကို လုံးဝအပြည့် နေရာယူလာမယ့် Waterfall Display တို့ကို မြင်တွေ့လာရပါပြီ။

ယနေ့မှာ Oppo ကနေ ထပ်ပြီး မှတ်ပုံတင်ခဲ့တဲ့ နည်းပညာအသစ်မှာတော့ လေးဘက်လေးတန်စလုံးကို Curved စီးဆင်းထားတဲ့ Display ကို ထူးထူးဆန်းဆန်းမြင်ခဲ့ရပါတယ်။ ဒီလိုပုံစံ Display ဟာ မကြာသေးမီက Oppo မှ မှတ်ပုံတင်ထားခဲ့တဲ့ Display အောက်မှာ လိုအပ်တဲ့ Sensor တွေကို ထည့်သွင်းမယ့် နည်းပညာကြောင့် ဖြစ်နိုင်လာခဲ့တာပါ။

ဖုန်းတွေရဲ့ရှေ့မျက်နှာပြင်မှာ ပါဝင်တဲ့ Chin တွေ၊ Notch တွေဟာ Selfie ကင်မရာအပြင် လိုအပ်တဲ့ အခြား Sensor နဲ့ Physical စက်အစိတ်အပိုင်းတွေကို တာဝန်ယူရပါတယ်။ Screen ကြီးကြီးတွေ ခေတ်စားလာတဲ့နောက် ဖုန်းရဲ့အရွယ်အစားကို လိုက်မကြီးဘဲ Display အရွယ်အစားကို ချဲ့နိုင်ဖို့အတွက် စမတ်ဖုန်းထုတ်လုပ်သူတွေက နည်းမျိုးစုံကြိုးစားပြီး ဒီဟာတွေကို ဖယ်ရှားနိုင်ဖို့ စမ်းသပ်လာခဲ့ကြတာပါ။

Oppo ရဲ့ မူပိုင်ခွင့်ထဲမှာ Light Sensor တစ်ခုနဲ့ နောက်ထပ် Infrared Light Sensor တစ်ခုကို တွေ့ရပြီး နှစ်ခုလုံးကို Display အောက်မှာ မြုပ်နှံထားပါတယ်။ ဒါကြောင့် သူတို့အတွက် Bezel ဘောင်နေရာချန်ပေးဖို့ မလိုအပ်တော့ပါဘူး။ တစ်ခုက Display ပေါ်ကျရောက်လာတဲ့ အလင်းပမာဏကို သိမှတ်ပြီး Brightness ကို ချိန်ပေးဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဖုန်းကို မျက်နှာနဲ့ကပ်ပြီးပြောနေချိန်မှာ အလိုအလျှောက် Display ကို ပိတ်ပေးဖို့ပါ။ ဒီနည်းပညာဟာ Micro LED သို့မဟုတ် OLED Display မှာ အသုံးချနိုင်မှာဖြစ်ပါတယ်။

လအနည်းငယ်အကြာက Oppo ဟာ Waterfall Display နဲ့ မကြေညာရသေးတဲ့ ဟန်းဆက်တစ်ခုကို ပြသခဲ့ဖူးပါတယ်။ ဒါပေမယ့် Display ရဲ့ မျက်နှာပြင်လေးဘက်စလုံးကို Curved ထည့်ပြီး 100% ကျော်တဲ့ Screen-to-body Ratio ဖန်တီးယူဖို့ အကြံက အသစ်အဆန်းတော့မဟုတ်ပါဘူး။ နောက်ထပ် တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Xiaomi ကလည်း အခုနှစ် ဖေဖော်ဝါရီမှာ Curved Edge လေးခုလုံးပါတဲ့ ခပ်ဆင်ဆင် ဟန်းဆက်တစ်ခုကို နည်းပညာမူပိုင်ခွင့်ယူထားခဲ့ပါသေးတယ်။

နောက်ထပ်လိုအပ်ချက်ဖြစ်တဲ့ Selfie အတွက် နေရာချန်ရတဲ့ ပြဿနာကို ဖြေရှင်းဖို့လည်း Oppo ဟာ Under-Display ကင်မရာတစ်ခုကို MWC ရှန်ဟိုင်းပွဲတော်မှာ ချပြသွားဦးမှာပါ။ ဒီခြေလှမ်းတွေအားလုံးက သူ့ကို 100% Screen-to-body မြင်ကွင်းအချိုးနဲ့ စမတ်ဖုန်းထုတ်လုပ်နိုင်ဖို့ ပိုနီးစပ်လာစေပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ “Waterfall” Display ကို အသုံးပြုထားတဲ့ဖုန်းတွေက Huawei Mate 30 Pro နဲ့ Vivo NEX 3 တို့ပါ။

Ref – GSM Arena