OPPO ဟာ Rollable မျက်နှာပြင်ပါတဲ့ X 2021 ကို ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၆.၇ လက်မ မျက်နှာပြင်ကနေ ၇.၄ လက်မ မျက်နှာပြင် အထိ ဆန့်ထုတ်နိုင်ပါတယ်။ OPPO က အဲဒီ OLED စမတ်ဖုန်း မျက်နှာပြင်ကို ထုတ်လုပ်ပေးထားတဲ့ ကုမ္ပဏီကို မိတ်ဆက်ပွဲမှာ မပြောသွားခဲ့ပါဘူး။ အခုတော့ BOE ရဲ့ အကြီးတန်း အရာရှိ ၁ ယောက်က အဲဒီ မျက်နှာပြင်ကို ထုတ်လုပ်ထားတာ သူတို့ ကုမ္ပဏီပါလို့ အတည်ပြုလိုက်ပါတယ်။

Oppo Find X 2021 rollable display is manufactured by BOE

ဒီလို သတင်းပေးလိုက်တာက BOE ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Yuan Feng ဖြစ်ပြီး သူက OPPO X 2021 Rollable မျက်နှာပြင်ကို ထုတ်လုပ်ပေးထားတာ BOE ဖြစ်ကြောင်းကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ကြေညာထားပါတယ်။ အဲဒီလို ခေါက်ချိုးရာ မထင်တဲ့ မျက်နှာပြင်မျိုး ဖန်တီးနိုင်တဲ့ BOE ကို ချီးကျူးရမှာ ဖြစ်ပါတယ်။

Oppo Find X 2021 rollable display is manufactured by BOE

Rollable မျက်နှာပြင်ကလွဲပြီး ကျန်တဲ့ အရာ အားလုံးကို OPPO က ဖန်တီးထားတာ ဖြစ်ပါတယ်။ မျက်နှာပြင် ကျုံ့လိုက် ဆန့်လိုက်တဲ့အတိုင်း ပြောင်းလဲသွားစေမယ့် UI ကို OPPO က ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တရုတ်က ထွက်လာတဲ့ သတင်းအရ OPPO ရဲ့ ရည်ရွယ်ချက်ဟာ လူတွေ ကြိုက်နှစ်သက်တဲ့ မျက်နှာပြင် အရွယ်အစားကို အသုံးပြုနိုင်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Ref : gsmarena