OPPO က တန်ဖိုးနည်း A3 Energy Edition ကို တရုတ်မှာ ကြေညာလိုက်ပြီး Battery သက်တမ်း၊ မာကျောမှုကို အသားပေးထားပါတယ်။ Purple Crescent, Bamboo Forest Green နဲ့ Fog Sea Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Oppo A3 Energy Edition launches as battery-focused smartphone in China -  Xiaomiui.Net

IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး မိုးရေစိုတာ ခံနိုင်ပါတယ်။ OPPO က မိုးရေထဲမှာ ၁၀ မိနစ်အထိ ရေစိုခံနိုင်ပြီး ရေစိုတဲ့ လက်နဲ့ အသုံးပြုလို့ရတယ်လို့ ပြောပါတယ်။ အောက်ပြုတ်ကျတာကို ခံနိုင်တဲ့ Protective Case ထည့်သွင်းထားပါတယ်။

Oppo A3 Energy Edition Display

6.67” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

MediaTek Dimensity 6300 Processor မောင်းနှင်ထားပြီး စွမ်းရည်သင့် Chipset ဖြစ်ပါတယ်။ 45W Fast Charging ထောက်ပံ့တဲ့ 5,100mAh Battery ထည့်သွင်းထားပြီး အားသွင်းနှုန်းက စွမ်းရည်မြင့် Galaxy S24 Ultra နဲ့ တူညီပါတယ်။ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး 512GB အထိ ရွေးချယ်နိုင်ပါတယ်။

အနေက်ဘက်မှာ 50MP Main , 2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။ ဓါတ်ပုံထဲက မလိုလားအပ်တဲ့ အရာတွေကို ဖယ်နိုင်တဲ့ Object Removal အပါအဝင် AI Feature တွေ ထည့်သွင်းထးပါတယ်။

OPPO A3 Energy Edition ရဲ့ 12/256GB ကို ၂၄၈ ဒေါ်လာနဲ့ 12/512GB ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina