[Zawgyi]

OPPO Find X လို႔ ေျပာလိုက္တာနဲ႔ Slider ဖုန္းလို႔ အားလုံးသိၾကမွာပါ။ မ်က္ႏွာျပင္ေပၚမွာ အျပစ္အနာအဆာ ကင္းဖို႔အတြက္ Slider သုံးၿပီး ကင္မရာေတြကို ေနရာေ႐ႊ႕ခဲ့တာလည္း ေအာင္ျမင္တဲ့ တီထြင္မႈ တစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခုျမင္ေတြ႕ရတဲ့ ဒီဇိုင္းပုံေၾကာင့္ OPPO Find X ရဲ႕ ဆန္းသစ္မႈက ေမွးမွိန္သြားရပါၿပီ။

OPPO က မူပိုင္ခြင့္တင္လိုက္တဲ့ဒီဇိုင္းသစ္ဟာ Pop-up မွာ Selfie ကင္မရာေတြ တပ္ဆင္ထားတာ မဟုတ္ပါဘူး။ Selfie ကင္မရာေတြက အေပၚ Bezel ေတြမွာ ရွိေနၿပီး Pop-up ကေတာ့ ဒုတိယ မ်က္ႏွာျပင္ အေသးစားေလး တပ္ဆင္ထားတာပါ။ ဒါေၾကာင့္ Pop-up ရဲ႕ အ႐ြယ္အစားကလည္း ပုံမွန္ထက္ ပိုၿပီး ရွည္လ်ားလာတာကို ေတြ႕ျမင္ရပါတယ္။ ေနာက္တစ္ခုကေတာ့ ေဘးကေန ထြက္လာမယ့္ Slider မွာ ဒုတိယ မ်က္ႏွာျပင္ တပ္ဆင္ထားတာပါ။

အခုလို Pop-up နဲ႔ Slider မွာ မ်က္ႏွာျပင္အေသးတစ္ခု တပ္ဆင္ထားတာကိုၾကည့္ၿပီး အမွန္တကယ္ မျဖစ္ႏိုင္ဘူးလို႔ ေတြးစရာရွိေပမယ့္ WIPO (ကမာၻ႔ ဉာဏမူပိုင္ခြင့္ဆိုင္ရာ အဖြဲ႕အစည္း) မွာ ဒီဇိုင္းပိုင္းဆိုင္ရာ မူပိုင္ခြင့္ တင္ထားထာကို ေတြ႕ျမင္ရပါတယ္။ ဒီလိုမ်ိဳး Slider နဲ႔ Pop-up Display ေတြဟာ ဘာရည္႐ြယ္ခ်က္နဲ႔ ျပဳလုပ္ထားတာလဲဆိုတာ အေတာ္ေလးကို စိတ္ဝင္စားစရာ ေကာင္းေနပါေတာ့တယ္။

Slider နဲ႔ Pop-up display ရဲ႕ ရည္႐ြယ္ခ်က္ဟာ အဓိက မ်က္ႏွာျပင္ကိုအသုံးျပဳၿပီး ဂိမ္းကစားေနခ်ိန္၊ ဗြီဒီယိုၾကည့္ေနခ်ိန္ေတြမွာ အဓိကမ်က္ႏွာျပင္ကို ပိုင္းျခားလိုက္ စရာမလိုဘဲ ဒုတိယမ်က္ႏွာျပင္ကို အသုံးခ်ဖို႔ ရည္႐ြယ္တယ္လို႔ ယူဆရပါတယ္။ ဒါဆိုရင္ေတာ့ ဂိမ္းကစားတာ၊ ဗြီဒီယိုၾကည့္တာအတြက္ မ်က္ႏွာျပင္တစ္ခုလုံး အျပည့္အဝ ဆက္သုံးေနလို႔ ရပါလိမ့္မယ္။ ဒါေပမယ့္ OPPO ရဲ႕ Slider နဲ႔ Pop-up display ေတြရဲ႕ တိက်ခိုင္မာတဲ့ အေၾကာင္းျပခ်က္ကို မသိရေသးတာေၾကာင့္ ေစာင့္ၾကည့္ဖို႔ေတာ့ လိုပါဦးမယ္။

Ref: GSMArena

[Unicode]

Pop-up နဲ့ Slider display ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ OPPO

OPPO Find X လို့ ပြောလိုက်တာနဲ့ Slider ဖုန်းလို့ အားလုံးသိကြမှာပါ။ မျက်နှာပြင်ပေါ်မှာ အပြစ်အနာအဆာ ကင်းဖို့အတွက် Slider သုံးပြီး ကင်မရာတွေကို နေရာရွှေ့ခဲ့တာလည်း အောင်မြင်တဲ့ တီထွင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုမြင်တွေ့ရတဲ့ ဒီဇိုင်းပုံကြောင့် OPPO Find X ရဲ့ ဆန်းသစ်မှုက မှေးမှိန်သွားရပါပြီ။

OPPO က မူပိုင်ခွင့်တင်လိုက်တဲ့ဒီဇိုင်းသစ်ဟာ Pop-up မှာ Selfie ကင်မရာတွေ တပ်ဆင်ထားတာ မဟုတ်ပါဘူး။ Selfie ကင်မရာတွေက အပေါ် Bezel တွေမှာ ရှိနေပြီး Pop-up ကတော့ ဒုတိယ မျက်နှာပြင် အသေးစားလေး တပ်ဆင်ထားတာပါ။ ဒါကြောင့် Pop-up ရဲ့ အရွယ်အစားကလည်း ပုံမှန်ထက် ပိုပြီး ရှည်လျားလာတာကို တွေ့မြင်ရပါတယ်။ နောက်တစ်ခုကတော့ ဘေးကနေ ထွက်လာမယ့် Slider မှာ ဒုတိယ မျက်နှာပြင် တပ်ဆင်ထားတာပါ။

အခုလို Pop-up နဲ့ Slider မှာ မျက်နှာပြင်အသေးတစ်ခု တပ်ဆင်ထားတာကိုကြည့်ပြီး အမှန်တကယ် မဖြစ်နိုင်ဘူးလို့ တွေးစရာရှိပေမယ့် WIPO (ကမ္ဘာ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်း) မှာ ဒီဇိုင်းပိုင်းဆိုင်ရာ မူပိုင်ခွင့် တင်ထားထာကို တွေ့မြင်ရပါတယ်။ ဒီလိုမျိုး Slider နဲ့ Pop-up display တွေဟာ ဘာရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာလဲဆိုတာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

Slider နဲ့ Pop-up display ရဲ့ ရည်ရွယ်ချက်ဟာ အဓိက မျက်နှာပြင်ကိုအသုံးပြုပြီး ဂိမ်းကစားနေချိန်၊ ဗွီဒီယိုကြည့်နေချိန်တွေမှာ အဓိကမျက်နှာပြင်ကို ပိုင်းခြားလိုက် စရာမလိုဘဲ ဒုတိယမျက်နှာပြင်ကို အသုံးချဖို့ ရည်ရွယ်တယ်လို့ ယူဆရပါတယ်။ ဒါဆိုရင်တော့ ဂိမ်းကစားတာ၊ ဗွီဒီယိုကြည့်တာအတွက် မျက်နှာပြင်တစ်ခုလုံး အပြည့်အဝ ဆက်သုံးနေလို့ ရပါလိမ့်မယ်။ ဒါပေမယ့် OPPO ရဲ့ Slider နဲ့ Pop-up display တွေရဲ့ တိကျခိုင်မာတဲ့ အကြောင်းပြချက်ကို မသိရသေးတာကြောင့် စောင့်ကြည့်ဖို့တော့ လိုပါဦးမယ်။

Ref: GSMArena