[Zawgyi]

ဒီႏွစ္အေစာပိုင္းမွာ Apple ဟာ Apple Arcade ကို ေၾကညာခဲ့ပါတယ္။ လစဥ္ေၾကးေပးသြင္းၿပီး iOS devices ေတြမွာ မိုလ္ဘိုင္းဂိမ္း Library ကို သုံးခြင့္ေပးတာမ်ိဳး ျဖစ္ပါတယ္။ Apple Arcade က အခုထိ ထြက္ေပၚမလာေသးေပမယ့္ Google ကေတာ့ အဲဒီလိုဝန္ေဆာင္မႈမ်ိဳးကို စမ္းသပ္ၿပီး ျဖစ္ပါတယ္။

Google ရဲ႕ ဝန္ေဆာင္မႈဟာ Play Pass ဆိုတဲ့ နာမည္နဲ႔ ျဖစ္ပါတယ္။ ဒီဝန္ေဆာင္မႈဟာ ေၾကာ္ျငာေတြမပါတဲ့ အခေၾကးေငြေပးေခ်ရတဲ့ ဂိမ္းမင္းဝန္ေဆာင္မႈလို႔ သိရပါတယ္။ ဒါေၾကာင့္ ဂိမ္းကစားရာမွာ ေၾကာ္ျငာေတြရဲ႕ ေႏွာင့္ယွက္မႈကေန လြတ္ကင္းခ်င္သူေတြအတြက္ သတင္းေကာင္းလို႔ ဆိုရမွာပါ။

အခေၾကးေငြေပးသြင္းျခင္းစနစ္ကို အေျခခံထားတဲ့ Play Pass ဟာ ႀကီးမားလြန္းတဲ့ ဂိမ္းစာၾကည့္တိုက္နဲ႔ျဖစ္ၿပီး ေငြေၾကးနဲ႔ေရာင္းဝယ္မႈေတြပါဝင္တဲ့ ဂိမ္းအမ်ိဳးအစားေတြကို ဖြင့္ေပးထားပါတယ္။ စတင္အသုံးျပဳခ်ိန္မွာေတာ့ ၁၀ ရက္တာ အခမဲ့ သုံးခြင့္ေပးမွာျဖစ္ၿပီး ဒီေနာက္မွာေတာ့ တစ္လကို ၄.၉၉ ေဒၚလာ က်သင့္မယ္လို႔လည္း သိရပါတယ္။

Play Pass နဲ႔ ပတ္သက္တဲ့ သဲလြန္စေတြကို XDA Developers ေတြက ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေတြ႕ရွိခဲ့တာ ျဖစ္ေပမယ့္ မ်က္ျမင္ေပါက္ၾကားမႈကေတာ့ အခုမွထြက္ေပၚလာတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း Play Pass ဟာ စမ္းသပ္ေနတုန္းျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

ကြော်ငြာမပါတဲ့ ဂိမ်းမင်းဝန်ဆောင်မှု Play Pass ကို စမ်းသပ်နေတဲ့ Google

ဒီနှစ်အစောပိုင်းမှာ Apple ဟာ Apple Arcade ကို ကြေညာခဲ့ပါတယ်။ လစဉ်ကြေးပေးသွင်းပြီး iOS devices တွေမှာ မိုလ်ဘိုင်းဂိမ်း Library ကို သုံးခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ Apple Arcade က အခုထိ ထွက်ပေါ်မလာသေးပေမယ့် Google ကတော့ အဲဒီလိုဝန်ဆောင်မှုမျိုးကို စမ်းသပ်ပြီး ဖြစ်ပါတယ်။

Google ရဲ့ ဝန်ဆောင်မှုဟာ Play Pass ဆိုတဲ့ နာမည်နဲ့ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ကြော်ငြာတွေမပါတဲ့ အခကြေးငွေပေးချေရတဲ့ ဂိမ်းမင်းဝန်ဆောင်မှုလို့ သိရပါတယ်။ ဒါကြောင့် ဂိမ်းကစားရာမှာ ကြော်ငြာတွေရဲ့ နှောင့်ယှက်မှုကနေ လွတ်ကင်းချင်သူတွေအတွက် သတင်းကောင်းလို့ ဆိုရမှာပါ။

အခကြေးငွေပေးသွင်းခြင်းစနစ်ကို အခြေခံထားတဲ့ Play Pass ဟာ ကြီးမားလွန်းတဲ့ ဂိမ်းစာကြည့်တိုက်နဲ့ဖြစ်ပြီး ငွေကြေးနဲ့ရောင်းဝယ်မှုတွေပါဝင်တဲ့ ဂိမ်းအမျိုးအစားတွေကို ဖွင့်ပေးထားပါတယ်။ စတင်အသုံးပြုချိန်မှာတော့ ၁၀ ရက်တာ အခမဲ့ သုံးခွင့်ပေးမှာဖြစ်ပြီး ဒီနောက်မှာတော့ တစ်လကို ၄.၉၉ ဒေါ်လာ ကျသင့်မယ်လို့လည်း သိရပါတယ်။

Play Pass နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို XDA Developers တွေက ပြီးခဲ့တဲ့နှစ်ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပေမယ့် မျက်မြင်ပေါက်ကြားမှုကတော့ အခုမှထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း Play Pass ဟာ စမ်းသပ်နေတုန်းဖြစ်ပါတယ်။

Ref: GSM Arena