Telegram ဟာ လက်ရှိအချိန်မှာ တဖြည်းဖြည်းနဲ့ အသုံးပြုသူတွေများပြားလာတဲ့ Communication Service တစ်ခုဖြစ်လာပါပြီ။ ဒီလိုမျိုး အသုံးပြုသူများပြားလာတာနဲ့အတူ Telegram ဟာ ဝင်ငွေရရှိနိုင်မယ့် နည်းလမ်းအသစ်တွေကိုလည်း စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။

ဒါကိုတော့ Telegram ရဲ့ iOS အတွက်ထုတ်ပေးထားတဲ့ Beta App Version မှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး တချို့သော Reaction Emoji နဲ့ Sticker တွေဟာ Telegram Premium ကို ဝယ်ယူထားမှ အသုံးပြုနိုင်မယ်ဆိုပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လောလောဆယ်အထိ Telegram ကနေ တရားဝင် Telegram Premium ဆိုတဲ့ Paid Subscription Service ကို ကြေညာထားခြင်းမရှိသေးပါဘူး။

အခုလိုမျိုး Premium ဝယ်ယူမှ အသုံးပြုနိုင်တဲ့ Reaction Sticker တွေနဲ့ Sticker တွေဟာ ပုံမှန်အတိုင်း အခမဲ့အသုံးပြုနိုင်တာတွေနဲ့ယှဥ်မယ်ဆိုရင် ပိုပြီး လှပနေမှာဖြစ်ပါတယ်။ အဆိုပါ Sticker တွေကို ထောက်မိလိုက်တာနဲ့ Telegram Premium ကို ဝယ်ယူနိုင်တဲ့ Button ကိုလည်း တန်းမြင်နိုင်မှာပါ။

ဒါပေမယ့်လည်း Telegram ဟာ Premium Service အကြောင်းကို ပြောကြားထားခြင်းမရှိသေးသလို တရားဝင်အကြောင်းပြန်ကြားခြင်းလည်း မရှိသေးဘူးဖြစ်ပါတယ်။ တကယ်လို့သာ Telegram ကို တချို့သော Feature တွေအသုံးပြုနိုင်ဖို့အတွက် အခကြေးငွေပေးပြီး ဝယ်ယူရမယ်ဆိုရင် အသုံးပြုသူတွေ လျော့ကျသွားနိုင်မလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Engadget