Panasonic ကနေ လက်ရှိ စမတ်ဖုန်းဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့ Dual Camera စနစ်နဲ့ ဘောင်ပျောက် Bezel-less Design နဲ့ Eluga C အမည်ရှိတဲ့ စမတ်ဖုန်းတစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။

အဆိုပါ စမတ်ဖုန်းဟာ လေးထောင့်စပ်စပ်ဒီဇိုင်းရှိပြီး Sharp Aquos ဖုန်းတွေနဲ့ Xiaomi Mi Mix ဖုန်းတွေလိုပဲ ဖုန်းရဲ့ အပေါ်ဘက်နဲ့ ဘေးဘောင်တွေကို အလွန်ပါးလွှာအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

Panasonic Eluga C ဖုန်းမှာ 5.5″ HD Resolution Screen ပါဝင်မှာဖြစ်ပြီးတော့ MediaTek CPU နဲ့ RAM 4GB, ROM 64GB ကို အသုံးပြုထားတာဖြစ်ပါတယ်။ Fingerprint Scanner ကို အနောက်မှာမဟုတ်ပဲ ဖုန်းရဲ့ရှေ့ဘက် Home Key မှာပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။

ကင်မရာတွေအနေနဲ့တော့ 13MP + 5MP Back Camera တွေပါဝင်ပြီး Front Selfie Camera ကတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ 3000mAh ပါဝင်ပြီးတော့ Fast Charging စနစ်တော့ ပါဝင်မှာမဟုတ်ပါဘူး။

Panasonic Eluga C စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ နဲ့ပဲရောင်းချသွားမှာဖြစ်တဲ့အတွက် ဈေးအရတော့ တန်တယ်လို့ ပြောလို့ရမှာပါ။