Zawgyi Font Version

Panasonic ကေန မၾကာခင္ကပဲ အိႏၵိယ မွာ ဖုန္းအသစ္ႏွစ္လံုး မိတ္ဆက္လိုက္ပါတယ္။ အဆိုပါ ဖုန္း အသစ္ ႏွစ္လံုးကို Eluga X1 နဲ႔ Eluga X1 Pro လို႔ေခၚျပီး Upper Mid-range ဖုန္းေတြျဖစ္ပါတယ္။ ဒီဇိုင္းပိုင္းကေတာ့ မွန္သားမ်က္ႏွာျပင္ ႏွစ္ဘက္ညွပ္ထားတဲ့ ဒီဇိုင္းျဖစ္ျပီး ဖုန္းႏွစ္လံုးစလံုးကပံုစံအတူတူပါပဲ။ Notch Display ပါဝင္ကာ ဖုန္းေနာက္ေက်ာဘက္မွာေတာ့ ကင္မရာ ႏွစ္လံုးတြဲ စနစ္ကို ေဒါင္လိုက္ တပ္ဆင္ေပးထားပါတယ္။ Silver နဲ႔ Dark Gray အေရာင္ေတြနဲ႔ ထုတ္လုပ္ထားျပီး ဒီဇိုင္းပိုင္း အေတာ္ေလး ေသသပ္လွပတာကို ေတြ႔ရပါတယ္။

ဖုန္းႏွစ္လံုးစလံုးမွာ 6.18-inch ရွိတဲ့ Full HD+ Display ကိုမွ 19:9 အခ်ိဳးအစားနဲ႔ ျပဳလုပ္တပ္ဆင္ေပးထားတယ္။ မ်က္ႏွာျပင္ ႏွစ္ဘက္လံုးကို Gorilla Glass 3 နဲ႔ ဖံုးအုပ္ေပးထားတယ္။ ဖုန္း အေရွ႕ထိပ္ဘက္က Notch ထဲမွာ 16MP Selfie Camera နဲ႔ အတူ Face Unlock စနစ္အတြက္ IR စနစ္ပါဝင္တယ္။ Selfie Camera က ေနာက္ခံအဝါး Bokeh ပံုရိပ္ေတြ ရိုက္ကူးႏိုင္ျပီး Facemoji လို႔ Panasonic ကနာမည္ေပးထားတဲ့ AR emoji ေတြအသံုးျပဳႏိုင္မယ္။

ဖုန္းႏွစ္လံုး စလံုးကို Mediatek ရဲ႕ Heluo P60 SoC ကိုအသံုးျပဳေပးထားျပီး ဂရပ္ဖစ္ အျမင့္ ဂိမ္းေတြကို အလယ္အလတ္ အေနအထားနဲ႔ ေဆာ့ကစားႏိုင္ပါတယ္။ Eluga X1 Pro မွာ RAM 6GB နဲ႔ ဖုန္းတြင္းအခ်က္အလက္သိုေလွာင္မွုပမာဏ 128GB ပါဝင္ျပီး Eluga X1 မွာေတာ့ RAM 4GB နဲ႔ ဖုန္းတြင္း အခ်က္အလက္သိုေလွာင္မွုပမာဏ 64GB ပါဝင္ပါတယ္။ ဖုန္းႏွစ္လံုးစလံုးမွာ SD Card ကေနျပီး 256GB ထိ အခ်က္အလက္သိုေလွာင္မွုပမာဏ ထပ္တိုးႏိုင္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာကေတာ့ 16MP + 5MP ရွိျပီး ကင္မရာ လုပ္ေဆာင္ခ်က္ေပါင္းမ်ားစြာပါဝင္ပါတယ္။ လက္ေဗြစနစ္ကိုေတာ့ ဖုန္းေနာက္ေက်ာဘက္မွာ ေတြ႔ရပါတယ္။

Eluga X1 နဲ႔ Eluga X1 Pro တို႔မွာ 3.5mm Headphone Jack မပါေတာ့ပဲ အသံထြက္ေပါက္အတြက္ USB Type C ကိုသာအသံုးျပဳရေတာ့မွာပါ။ Type-C-to-3.5mm Adapter ကိုပါ တစ္ပါတည္းထည့္သြင္းေပးထားတဲ့အတြက္ သပ္သပ္ဝယ္စရာမလိုေတာ့ပါဘူး။ ဖုန္းႏွစ္လံုးစလံုးမွာ 3,000mAh ပမာဏပါဝင္တဲ့ ဘက္ထရီထည့္သြင္းေပးထားျပီး အားအျမန္သြင္း စနစ္လည္းပါဝင္တယ္။ Eluga X1 Pro မွာေတာ့ ၾကိဳးမဲ့ အားသြင္းစနစ္ပါဝင္ပါတယ္။ တစ္ျခားဖုန္းေတြကို ျပန္လည္အားသြင္းေပးႏိုင္တဲ့ စနစ္လည္းပါဝင္တယ္လို႔သိရပါတယ္။ Operating System အေနနဲ႔ Android 8.1 ကို အသံုးျပဳေပးထားျပီး ARBO HUB လို႔ေခၚတဲ့ AI App ပါဝင္ျပီး အဆိုပါ AI က သင့္ရဲ႕ ေန႔စဥ္ ဖုန္းအသံုးျပဳမွု ေတြကိုေလ့လာမွတ္သားျပီး သင့္ကို ကူညီလုပ္ေဆာင္ေပးမွာပါ။ ဖုန္းႏွစ္လံုးစလံုးကို ေအာက္တိုဘာ ၁၀ ရက္ကစျပီး အိႏၵိယမွာ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။ Eluga X1 က $312 ရွိျပီး Eluga X1 Pro ကေတာ့ $366 ရွိျပီး Panasonic Headphones ေတြေရာ Wireless Charger ေတြပါ တစ္ပါတည္း ပါဝင္မွာပါ။

Ref: Gizmo China

Unicode Version

Panasonic ကနေ မကြာခင်ကပဲ အိန္ဒိယ မှာ ဖုန်းအသစ်နှစ်လုံး မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ ဖုန်း အသစ် နှစ်လုံးကို Eluga X1 နဲ့ Eluga X1 Pro လို့ခေါ်ပြီး Upper Mid-range ဖုန်းတွေဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကတော့ မှန်သားမျက်နှာပြင် နှစ်ဘက်ညှပ်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး ဖုန်းနှစ်လုံးစလုံးကပုံစံအတူတူပါပဲ။ Notch Display ပါဝင်ကာ ဖုန်းနောက်ကျောဘက်မှာတော့ ကင်မရာ နှစ်လုံးတွဲ စနစ်ကို ဒေါင်လိုက် တပ်ဆင်ပေးထားပါတယ်။ Silver နဲ့ Dark Gray အရောင်တွေနဲ့ ထုတ်လုပ်ထားပြီး ဒီဇိုင်းပိုင်း အတော်လေး သေသပ်လှပတာကို တွေ့ရပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ 6.18-inch ရှိတဲ့ Full HD+ Display ကိုမှ 19:9 အချိုးအစားနဲ့ ပြုလုပ်တပ်ဆင်ပေးထားတယ်။ မျက်နှာပြင် နှစ်ဘက်လုံးကို Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားတယ်။ ဖုန်း အရှေ့ထိပ်ဘက်က Notch ထဲမှာ 16MP Selfie Camera နဲ့ အတူ Face Unlock စနစ်အတွက် IR စနစ်ပါဝင်တယ်။ Selfie Camera က နောက်ခံအဝါး Bokeh ပုံရိပ်တွေ ရိုက်ကူးနိုင်ပြီး Facemoji လို့ Panasonic ကနာမည်ပေးထားတဲ့ AR emoji တွေအသုံးပြုနိုင်မယ်။

ဖုန်းနှစ်လုံး စလုံးကို Mediatek ရဲ့ Heluo P60 SoC ကိုအသုံးပြုပေးထားပြီး ဂရပ်ဖစ် အမြင့် ဂိမ်းတွေကို အလယ်အလတ် အနေအထားနဲ့ ဆော့ကစားနိုင်ပါတယ်။ Eluga X1 Pro မှာ RAM 6GB နဲ့ ဖုန်းတွင်းအချက်အလက်သိုလှောင်မှုပမာဏ 128GB ပါဝင်ပြီး Eluga X1 မှာတော့ RAM 4GB နဲ့ ဖုန်းတွင်း အချက်အလက်သိုလှောင်မှုပမာဏ 64GB ပါဝင်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ SD Card ကနေပြီး 256GB ထိ အချက်အလက်သိုလှောင်မှုပမာဏ ထပ်တိုးနိုင်ပါတယ်။ နောက်ကျောဘက် ကင်မရာကတော့ 16MP + 5MP ရှိပြီး ကင်မရာ လုပ်ဆောင်ချက်ပေါင်းများစွာပါဝင်ပါတယ်။ လက်ဗွေစနစ်ကိုတော့ ဖုန်းနောက်ကျောဘက်မှာ တွေ့ရပါတယ်။

Eluga X1 နဲ့ Eluga X1 Pro တို့မှာ 3.5mm Headphone Jack မပါတော့ပဲ အသံထွက်ပေါက်အတွက် USB Type C ကိုသာအသုံးပြုရတော့မှာပါ။ Type-C-to-3.5mm Adapter ကိုပါ တစ်ပါတည်းထည့်သွင်းပေးထားတဲ့အတွက် သပ်သပ်ဝယ်စရာမလိုတော့ပါဘူး။ ဖုန်းနှစ်လုံးစလုံးမှာ 3,000mAh ပမာဏပါဝင်တဲ့ ဘက်ထရီထည့်သွင်းပေးထားပြီး အားအမြန်သွင်း စနစ်လည်းပါဝင်တယ်။ Eluga X1 Pro မှာတော့ ကြိုးမဲ့ အားသွင်းစနစ်ပါဝင်ပါတယ်။ တစ်ခြားဖုန်းတွေကို ပြန်လည်အားသွင်းပေးနိုင်တဲ့ စနစ်လည်းပါဝင်တယ်လို့သိရပါတယ်။ Operating System အနေနဲ့ Android 8.1 ကို အသုံးပြုပေးထားပြီး ARBO HUB လို့ခေါ်တဲ့ AI App ပါဝင်ပြီး အဆိုပါ AI က သင့်ရဲ့ နေ့စဉ် ဖုန်းအသုံးပြုမှု တွေကိုလေ့လာမှတ်သားပြီး သင့်ကို ကူညီလုပ်ဆောင်ပေးမှာပါ။ ဖုန်းနှစ်လုံးစလုံးကို အောက်တိုဘာ ၁၀ ရက်ကစပြီး အိန္ဒိယမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ Eluga X1 က $312 ရှိပြီး Eluga X1 Pro ကတော့ $366 ရှိပြီး Panasonic Headphones တွေရော Wireless Charger တွေပါ တစ်ပါတည်း ပါဝင်မှာပါ။

Ref: Gizmo China