ဂျပန် နည်းပညာ ကုမ္ပဏီ Panasonic က အိန္ဒိယမှာ Toughbook S1 Android တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ တက်ဘလက်မှာ Snapdragon 660 SoC မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

Panasonic Toughbook S1 Rugged tablet with Extendable battery launched for ₹98,000(~$1,294) - Gizmochina

၇ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး WXGA Resolution ထောက်ပံ့ထားပါတယ်။ NFC ဆက်သွယ်မှုနဲ့ Barcode Reader ပါလာပြီး Panasonic က အကြမ်းခံအောင် ဖန်တီးထားကာ Productivity ပိုကောင်းစေမယ်လို့ ပြောထားပါတယ်။

Panasonic's Toughbook S1 is a rugged 7" Android tablet with warm-swappable batteries - GSMArena.com news

Panasonic Toughbook S1 Android တက်ဘလက်ကို အိန္ဒိယမှာ ၉၈,၀၀၀ ရူပီး သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၂၃ သိန်းလောက်ရှိတဲ့အတွက် ဈေးတော်တော် မြင့်ပါတယ်။ ဘက်ထရီ အပိုင်းမှာ ၂ မျိုး ရွေးချယ်နိုင်ပြီး ၁ ခါအားအပြည့်သွင်းထားရင် ၁၄ နာရီအထိ အသုံးခံပါတယ်။

တက်ဘလက်ဟာ အမြင့် ၁.၅ မီတာကနေ ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပြီး အပူချိန် -၂၀ ကနေ ၅၀ စင်တီဂရိတ်အတွင်း အသုံးခံပါတယ်။ နေအိမ်အပြင်ဘက် အလင်းရောင်အောက်မှာ ကြည့်ရှုလို့ အဆင်ပြေအောင် ဖန်တီးထားပြီး မိုးရေထဲမှာ အသုံးခံပါတယ်။ လက်အိတ် ဝတ်ဆင်ထားကာ ထိတွေ့အသုံးပြုလို့ရအောင် ပြုလုပ်ထားပြီး ဒစ်ဂျစ်တယ် ဘောပင်လည်း ထုတ်လုပ်ပေးထားပါတယ်။

အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ တပ်ဆင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပါတယ်။ 4G LTE , Dual-band Wi-Fi, Bluetooth v5.1, NFC, USB Type-C port,  3.5mm Headphone Jack တွေ တပ်ဆင်ထားပါတယ်။

Ref : indiatoday