[Zawgyi]

Mobile Carriers မ်ားက 5G ဟာ ႀကိဳးမဲ့ ဆက္သြယ္မႈ နည္းပညာ က႑မွာ အရမ္းကို အစြမ္းထက္လာၿပီး က်န္းမာေရး၊ သယ္ယူပို႔ေဆာင္ေရး၊ စက္ရုပ္နဲ႔ အျခား က႑မ်ားမွာ အက်ိဳးမ်ားစြာ ရွိေစမယ္လို႔ ညႊန္းထားၾကပါတယ္။ ဒါေပမယ့္ 5G ကို ႏုိင္ငံ အနည္းငယ္မွာသာ သံုးႏိုင္ပါေသးတယ္။ ႏိုင္ငံ အခ်ိဳ႕မွာေတာင္ ဧရိယာ အနည္းငယ္မွာသာ သံုးႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း လူေတြဟာ 5G မရေသးတဲ့ ေဒသမ်ားမွာလည္း 5G Phone မ်ားကို ၀ယ္ယူေနၾကပါတယ္။

ကမာၻလံုးဆိုင္ရာ သုေတသန အဖြဲ႕အစည္း Counterpoint Technology Market Research ရဲ႕ စစ္တမ္းအရ ေမလမွာ 5G Smartphone ေရာင္းခ်ရမႈ အမ်ားစုဟာ 5G မရေသးတဲ့ ေဒသမ်ားမွ ျဖစ္တယ္လို႔ သိရပါတယ္။ Counterpoint မွ သုေတသန ဒါရိုက္တာ ျဖစ္သူ Tom Kang က “ ေမလမွာ 5G Smartphone ေရာင္းအား အားလံုးရဲ႕ သံုးပံုပံုတစ္ပံုကသာ 5G ရထားတဲ့ ၿမိဳ႕ ၁၀ ခုမွ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

ဒီစစ္တမ္းအရ လူေတြဟာ ေနာက္ဆံုးေပၚ အလန္းစားနဲ႔ အေကာင္းစား 5G ကို အသံုးျပဳခ်င္ေနတဲ့ ဆႏၵမ်ားျပားေနတယ္ဆိုတာ သိလာရပါတယ္။  Dallas, Houston,  Los Angeles တို႔လို ၿမိဳ႕ႀကီးမ်ားဟာ 5G Phone ေရာင္းအား အေကာင္းဆံုး ေဒသ ငါးခုမွ ထိပ္ဆံုး သံုးေနရာကို သိမ္းပိုက္ထားပါတယ္။ 5G ကြန္ရက္ ျဖန္႔က်က္မႈ အရမ္းကို တိုးတက္ေနတဲ့ ခ်ီကာဂိုမွာ 5G Phone ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။ 5G ရေနတဲ့ အတၱလႏၱာကေတာ့ ထပ္ဆံုးငါးခု စာရင္းမွာ မပါေသးပါဘူး။

အထင္ကရ ဖုန္းထုတ္လုပ္သူမ်ားက ၂၀၁၉ ခုႏွစ္မွာ 5G Phone မ်ားကို ထုတ္လုပ္ေရာင္းခ်မွာပါ။ Apple ကေတာ့ ဒီႏွစ္မွာ 5G iPhone ထုတ္မွာ မဟုတ္ေသးပါဘူး။ Counterpoint က ၂၀၁၉ ခုႏွစ္မွာ 5G Phone ၅ သန္း ေက်ာ္ေရာင္းခ်ရမယ္လို႔ ခန္႔မွန္းထားပါတယ္။

Ref : digitaltrends

[Unicode]

5G မရသေးတဲ့ ဒေသများမှာ 5G Phone များကို ဝယ်ယူနေကြ

Mobile Carriers များက 5G ဟာ ကြိုးမဲ့ ဆက်သွယ်မှု နည်းပညာ ကဏ္ဍမှာ အရမ်းကို အစွမ်းထက်လာပြီး ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်ရုပ်နဲ့ အခြား ကဏ္ဍများမှာ အကျိုးများစွာ ရှိစေမယ်လို့ ညွှန်းထားကြပါတယ်။ ဒါပေမယ့် 5G ကို နိုင်ငံ အနည်းငယ်မှာသာ သုံးနိုင်ပါသေးတယ်။ နိုင်ငံ အချို့မှာတောင် ဧရိယာ အနည်းငယ်မှာသာ သုံးနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း လူတွေဟာ 5G မရသေးတဲ့ ဒေသများမှာလည်း 5G Phone များကို ဝယ်ယူနေကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သုတေသန အဖွဲ့အစည်း Counterpoint Technology Market Research ရဲ့ စစ်တမ်းအရ မေလမှာ 5G Smartphone ရောင်းချရမှု အများစုဟာ 5G မရသေးတဲ့ ဒေသများမှ ဖြစ်တယ်လို့ သိရပါတယ်။ Counterpoint မှ သုတေသန ဒါရိုက်တာ ဖြစ်သူ Tom Kang က “ မေလမှာ 5G Smartphone ရောင်းအား အားလုံးရဲ့ သုံးပုံပုံတစ်ပုံကသာ 5G ရထားတဲ့ မြို့ ၁၀ ခုမှ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ဒီစစ်တမ်းအရ လူတွေဟာ နောက်ဆုံးပေါ် အလန်းစားနဲ့ အကောင်းစား 5G ကို အသုံးပြုချင်နေတဲ့ ဆန္ဒများပြားနေတယ်ဆိုတာ သိလာရပါတယ်။ Dallas, Houston, Los Angeles တို့လို မြို့ကြီးများဟာ 5G Phone ရောင်းအား အကောင်းဆုံး ဒေသ ငါးခုမှ ထိပ်ဆုံး သုံးနေရာကို သိမ်းပိုက်ထားပါတယ်။ 5G ကွန်ရက် ဖြန့်ကျက်မှု အရမ်းကို တိုးတက်နေတဲ့ ချီကာဂိုမှာ 5G Phone ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ 5G ရနေတဲ့ အတ္တလန္တာကတော့ ထပ်ဆုံးငါးခု စာရင်းမှာ မပါသေးပါဘူး။

အထင်ကရ ဖုန်းထုတ်လုပ်သူများက ၂၀၁၉ ခုနှစ်မှာ 5G Phone များကို ထုတ်လုပ်ရောင်းချမှာပါ။ Apple ကတော့ ဒီနှစ်မှာ 5G iPhone ထုတ်မှာ မဟုတ်သေးပါဘူး။ Counterpoint က ၂၀၁၉ ခုနှစ်မှာ 5G Phone ၅ သန်း ကျော်ရောင်းချရမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : digitaltrends