Zawgyi
PES 2020 Mobile ဂိမ်းဟာ လာမယ့် အောက်တိုဘာလကုန်ပိုင်းလောက်မှာ စတင်ဆော့ကစားနိုင်မှာဖြစ်သလို FC Barcelona နဲ့ ပြန်လည် Partnership ရယူထားတဲ့အတွက် တကယ့်နာမည်ကြီးအသင်းကြီးတွေဖြစ်တဲ့ Manchester United ၊ FC Bayern Munchen နဲ့ Juventus လို အသင်းတွေကလည်း PES 2020 မှာ Exclusive အနေနဲ့ ပါဝင်လာမှာပါ။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ PC ဒါမှမဟုတ် Console တစ်ခုခုရှိနေတယ်ဆိုရင် လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဆော့ကစားနိုင်ပြီဖြစ်သလို Mobile သမားတွေလည်း အားငယ်စရာမလိုဘဲ အောက်တိုဘာလဆိုရင် ဆော့ကစားနိုင်တော့မှာပါ။
Ref – Phone Arena
Unicode
ဘောလုံးဂိမ်းဝါသနာရှင်တွေအတွက် PES Series ဂိမ်းတွေက အခုဆိုရင် PC နဲ့ Console တွေမှာ လာမယ့် စက်တင်ဘာလဆိုရင် PES 2020 နဲ့ စတင်ထုတ်ပေးတော့မှာပါ။ အဲ့ဒီအပြင် PES Franchise တွေရဲ့ ပိုင်ရှင် Konami ကနေ နောက်ထပ်သတင်းကောင်းတစ်ခုကို ကြေညာလိုက်ပါပြီ။
ဒါကတော့ PES 2020 ဂိမ်းဟာ PC နဲ့ Console တွေတင်မကဘဲ Mobile Gamer တွေအတွက် iOS နဲ့ Android Devices တွေမှာပါ ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ ဒါကလည်း PC နဲ့ Console အတွက် ထွက်ရှိပြီး ၁ လအကြာ အောက်တိုဘာလမှာ ထွက်လာမှာပါ။
အခု PES 2020 Mobile ဂိမ်းဟာ လာမယ့် အောက်တိုဘာလကုန်ပိုင်းလောက်မှာ စတင်ဆော့ကစားနိုင်မှာဖြစ်သလို FC Barcelon နဲ့ ပြန်လည် Partnership ရယူထားတဲ့အတွက် တကယ့်နာမည်ကြီးအသင်းကြီးတွေဖြစ်တဲ့ Manchester United ၊ FC Bayern Munchen နဲ့ Juventus လို အသင်းတွေကလည်း PES 2020 မှာ Exclusive အနေနဲ့ ပါဝင်လာမှာပါ။
ဒါတင်မဟုတ်သေးဘဲ Konami ကနေ ဒီ PES 2020 Mobile Game မှာ Graphic နဲ့ Gameplay ပိုင်းကို ယခင်ထက်အာရုံစိုက်ထားပြီးတော့ ယုံနိုင်ဖွယ်မရှိတဲ့ Details တွေကို တွေ့ရမယ်ဆိုပြီး ကြွားလုံးထုတ်သွားခဲ့ပါသေးတယ်။ ပြီးတော့လည်း အခု PES 2020 Mobile ကို ထုတ်ပြီး ၂ လအကြာမှာ Player အချင်းချင်း ချိတ်ဆက်ဆော့ကစားနိုင်မယ့် Online Game Mode အသစ်ကိုလည်း မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Player တွေအနေနဲ့ Competitive Online Event တွေကိုပါ ပြိုင်ဆိုင်နိုင်ဦးမှာပါ။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ PC ဒါမှမဟုတ် Console တစ်ခုခုရှိနေတယ်ဆိုရင် လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဆော့ကစားနိုင်ပြီဖြစ်သလို Mobile သမားတွေလည်း အားငယ်စရာမလိုဘဲ အောက်တိုဘာလဆိုရင် ဆော့ကစားနိုင်တေ့ာမှာပါ။
Ref – Phone Arena