[Zawgyi]

Google ဟာ သူတို႔ရဲ႕ တတိယမ်ိဴးဆက္ စမတ္ဖုန္းေတြျဖစ္တဲ့ Pixel 3 နဲ႔ Pixel 3XL တို႔ကို ကန္ေဒၚလာ ၂၀၀ (ျမန္မာေငြ ၃သိန္း ဝန္းက်င္) အထိ ေစ်းေလွ်ာ့ေပးလိုက္တာပါ။ Pixel 3 ကို ယခင္က ကန္ေဒၚလာ ၇၉၉ (ျမန္မာေငြ ၁၂သိန္း ဝန္းက်င္) နဲ႔ ေရာင္းခ်ေနရာမွ ယခု ကန္ေဒၚလာ ၅၉၉ (ျမန္မာေငြ ၉သိန္း ဝန္းက်င္) နဲ႔သာ ေရာင္းခ်ေနၿပီး၊ Pixel 3 XL ကို ယခင္က ကန္ေဒၚလာ ၈၉၉ (ျမန္မာေငြ ၁,၃၇၀,၀၀၀ ဝန္းက်င္) နဲ႔ ေရာင္းခ်ေနရာမွ ယခု ကန္ေဒၚလာ ၆၉၉ (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္)နဲ႔သာ ေရာင္းခ်ေနပါတယ္။

Google Pixel 3 Series ဟာ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက ထြက္ရွိခဲ့တဲ့ စမတ္ဖုန္းေတြျဖစ္ပါတယ္။ Pixel 3 မွာ 5.5” OLED Display ကို အသုံးျပဳထားၿပီး Resolution က 1080 x 2160 pixels ရွိပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 2915mAh ပါဝင္မွာပါ။ Pixel 3XL မွာေတာ့ 6.3” OLED Display ကို အသုံးျပဳထားၿပီး Resolution က 1440 x 2960 pixels ရွိပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3450mAh ပါဝင္မွာပါ။

ေမာ္ဒယ္ ၂မ်ိဴးစလုံးဟာ Snapdragon 845 SoC ေတြကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္ပါတယ္။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ Rear Camera အတြက္ 12.2MP Camera တစ္လုံးတည္းကိုသာ တပ္ထားၿပီး Front Camera အတြက္ 8MP+8MP Dual Camera Setup ကို တပ္ဆင္ထားပါတယ္။

Ref : Android Police

[Unicode]

Pixel 3 Series ကို ကန်ဒေါ်လာ ၂၀၀ အထိ စျေးလျှော့ပေးလိုက်တဲ့ Google

Google ဟာ သူတို့ရဲ့ တတိယမျိူးဆက် စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 3 နဲ့ Pixel 3XL တို့ကို ကန်ဒေါ်လာ ၂၀၀ (မြန်မာငွေ ၃သိန်း ဝန်းကျင်) အထိ စျေးလျှော့ပေးလိုက်တာပါ။ Pixel 3 ကို ယခင်က ကန်ဒေါ်လာ ၇၉၉ (မြန်မာငွေ ၁၂သိန်း ဝန်းကျင်) နဲ့ ရောင်းချနေရာမှ ယခု ကန်ဒေါ်လာ ၅၉၉ (မြန်မာငွေ ၉သိန်း ဝန်းကျင်) နဲ့သာ ရောင်းချနေပြီး၊ Pixel 3 XL ကို ယခင်က ကန်ဒေါ်လာ ၈၉၉ (မြန်မာငွေ ၁,၃၇၀,၀၀၀ ဝန်းကျင်) နဲ့ ရောင်းချနေရာမှ ယခု ကန်ဒေါ်လာ ၆၉၉ (မြန်မာငွေ ၁၀သိန်း ဝန်းကျင်)နဲ့သာ ရောင်းချနေပါတယ်။

Google Pixel 3 Series ဟာ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။ Pixel 3 မှာ 5.5” OLED Display ကို အသုံးပြုထားပြီး Resolution က 1080 x 2160 pixels ရှိပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 2915mAh ပါဝင်မှာပါ။ Pixel 3XL မှာတော့ 6.3” OLED Display ကို အသုံးပြုထားပြီး Resolution က 1440 x 2960 pixels ရှိပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3450mAh ပါဝင်မှာပါ။

မော်ဒယ် ၂မျိူးစလုံးဟာ Snapdragon 845 SoC တွေကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Rear Camera အတွက် 12.2MP Camera တစ်လုံးတည်းကိုသာ တပ်ထားပြီး Front Camera အတွက် 8MP+8MP Dual Camera Setup ကို တပ်ဆင်ထားပါတယ်။

Ref : Android Police