[Zawgyi]

ၿပီးခဲ့တဲ့ ဇြန္လတုန္းက Google Nexus 6P ေတြဟာ Bootloop ျဖစ္တာတို႔၊ ဘက္ထရီအကုန္ျမန္တာတို႔အပါအဝင္ ျပႆနာအေတာ္မ်ားမ်ားေၾကာင့္ ေငြျပန္အမ္းေပးခဲ့ရဖူးပါတယ္။ အခုလည္း အလားတူ ျပႆနာမ်ိဳးက Google Pixel 3 အခ်ိဳ႕မွာ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

သူတို႔ရဲ႕ Pixel 3 ဟာ ဘက္ထရီအား ၃၀ ရာခိုင္ႏႈန္းေအာက္ေရာက္သြားခ်ိန္မွာ အလိုလို စက္ပိတ္သြားတတ္တယ္လို႔ အသုံးျပဳသူအခ်ိဳ႕က တိုင္တန္းလာၾကတာ ျဖစ္ပါတယ္။ ဒီတိုင္တန္းမႈေတြက ဧၿပီလ အေစာပိုင္းကတည္းက ျဖစ္ပြားခဲ့ၿပီး Google ရဲ႕ Support pages ေတြမွာ ေတြ႕ျမင္ႏိုင္တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အလားတူျပႆနာအတြက္ တိုင္တန္းမႈေတြ ပိုၿပီးမ်ားလာတာပါ။

တိုင္တန္းမႈေတြကို ၾကည့္လိုက္မယ္ဆိုရင္ ျပႆနာျဖစ္ပြားပုံက တစ္မ်ိဳးတည္းမဟုတ္ပါဘူး။ အသုံးျပဳသူအခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ ဟန္းဆက္ဟာ ႀကိဳတင္အသိေပးျခင္းမရွိဘဲ ႐ုတ္တရက္ စက္ပိတ္သြားတာ ျဖစ္ပါတယ္။ အခ်ိဳ႕ Pixel 3 အသုံးျပဳသူေတြကေတာ့ သူတို႔ရဲ႕ဟန္းဆက္ဟာ ဘက္ထရီအား သုညရာခိုင္ႏႈန္းအထိ တျဖည္းျဖည္းက်ဆင္းသြားတာကို ေစာင့္ၾကည့္လို႔ရေၾကာင္း ေရးသားခဲ့ၾကပါတယ္။

အခ်ိဳ႕ကလည္း ၂၀ ရာခိုင္ႏႈန္းကေန ၀ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားတာက ျမန္ဆန္တယ္လို႔ ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Pixel 3 အခ်ိဳ႕မွာ ဘက္ထရီျပႆနာရွိေနတာေတာ့ ေပၚလြင္ေနပါၿပီ။ ဒါေၾကာင့္ Pixel 3 ရဲ႕ ျပႆနာက Nexus 6P ရဲ႕ ျပႆနာေတြနဲ႔ မတူညီဘူးလို႔ ဆိုရပါမယ္။ ဒါေပမယ့္လည္း Google အေနနဲ႔ အေလးထားၿပီး ဦးစားေပးေျဖရွင္းေပးရမယ့္ ျပႆနာစာရင္းထဲမွာ ရွိေနရမွာပါ။

အခုအခ်ိန္အထိ ဒီျပႆနာနဲ႔ပတ္သက္ၿပီး Google ဘက္က ျပည့္စုံတဲ့ တုံ႔ျပန္မႈမျပဳလုပ္ေသးသလို၊ Pixel 3 အလုံးေရ ဘယ္ေလာက္မွာျဖစ္ေနတယ္၊ Pixel 3 ဘယ္အမ်ိဳးအစားေတြမွာ ျဖစ္ေနတယ္၊ ဘယ္အခ်ိန္ဘယ္ကာလက ထုတ္လုပ္ၿပီးေရာင္းခ်လိုက္တဲ့ ဟန္းဆက္ေတြမွာ ျဖစ္ေနတယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုလည္း မသိရွိရေသးတဲ့ အေျခအေန ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Pixel 3 အချို့မှာ ဘက်ထရီပြဿနာ ဖြစ်ပွားနေကြောင်း တိုင်တန်းမှု ပိုမိုများပြားလာ

ပြီးခဲ့တဲ့ ဇွန်လတုန်းက Google Nexus 6P တွေဟာ Bootloop ဖြစ်တာတို့၊ ဘက်ထရီအကုန်မြန်တာတို့အပါအဝင် ပြဿနာအတော်များများကြောင့် ငွေပြန်အမ်းပေးခဲ့ရဖူးပါတယ်။ အခုလည်း အလားတူ ပြဿနာမျိုးက Google Pixel 3 အချို့မှာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သူတို့ရဲ့ Pixel 3 ဟာ ဘက်ထရီအား ၃၀ ရာခိုင်နှုန်းအောက်ရောက်သွားချိန်မှာ အလိုလို စက်ပိတ်သွားတတ်တယ်လို့ အသုံးပြုသူအချို့က တိုင်တန်းလာကြတာ ဖြစ်ပါတယ်။ ဒီတိုင်တန်းမှုတွေက ဧပြီလ အစောပိုင်းကတည်းက ဖြစ်ပွားခဲ့ပြီး Google ရဲ့ Support pages တွေမှာ တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အလားတူပြဿနာအတွက် တိုင်တန်းမှုတွေ ပိုပြီးများလာတာပါ။

တိုင်တန်းမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ပြဿနာဖြစ်ပွားပုံက တစ်မျိုးတည်းမဟုတ်ပါဘူး။ အသုံးပြုသူအချို့ကတော့ သူတို့ရဲ့ ဟန်းဆက်ဟာ ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် စက်ပိတ်သွားတာ ဖြစ်ပါတယ်။ အချို့ Pixel 3 အသုံးပြုသူတွေကတော့ သူတို့ရဲ့ဟန်းဆက်ဟာ ဘက်ထရီအား သုညရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းသွားတာကို စောင့်ကြည့်လို့ရကြောင်း ရေးသားခဲ့ကြပါတယ်။

အချို့ကလည်း ၂၀ ရာခိုင်နှုန်းကနေ ၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာက မြန်ဆန်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Pixel 3 အချို့မှာ ဘက်ထရီပြဿနာရှိနေတာတော့ ပေါ်လွင်နေပါပြီ။ ဒါကြောင့် Pixel 3 ရဲ့ ပြဿနာက Nexus 6P ရဲ့ ပြဿနာတွေနဲ့ မတူညီဘူးလို့ ဆိုရပါမယ်။ ဒါပေမယ့်လည်း Google အနေနဲ့ အလေးထားပြီး ဦးစားပေးဖြေရှင်းပေးရမယ့် ပြဿနာစာရင်းထဲမှာ ရှိနေရမှာပါ။

အခုအချိန်အထိ ဒီပြဿနာနဲ့ပတ်သက်ပြီး Google ဘက်က ပြည့်စုံတဲ့ တုံ့ပြန်မှုမပြုလုပ်သေးသလို၊ Pixel 3 အလုံးရေ ဘယ်လောက်မှာဖြစ်နေတယ်၊ Pixel 3 ဘယ်အမျိုးအစားတွေမှာ ဖြစ်နေတယ်၊ ဘယ်အချိန်ဘယ်ကာလက ထုတ်လုပ်ပြီးရောင်းချလိုက်တဲ့ ဟန်းဆက်တွေမှာ ဖြစ်နေတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မသိရှိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

Ref: Android Authority