Zawgyi

Google အေနနဲ႔ Pixel 3, Pixel 3 XL စမတ္ဖုန္းေတြကို မေန႔ညက တရားဝင္ မိတ္ဆက္ေပးလိုက္ပါၿပီ။ ဒီေန႔မွာေတာ့ တတိယမ်ိဴးဆက္ Pixel ဖုန္းေတြမွာ ပါဝင္လာတဲ့ Google Camera Application အသစ္ကို Download ရယူႏိုင္ၿပီ ျဖစ္ပါတယ္။

Pixel 3 စမတ္ဖုန္းေတြရဲ႕ Google Camera App ဟာ UI ေျပာင္းလဲမႈေတြနဲ႔အတူ Features အသစ္မ်ားလည္း ပါဝင္လာတာ ေတြ႕ရပါတယ္။ Pixel ဖုန္းအေဟာင္း ပိုင္ရွင္မ်ားအေနနဲ႔ အဆိုပါ Google Camera App ကို Update ျပဳလုပ္ႏိုင္မွာ ျဖစ္ၿပီး Pixel 3 မွာ ပါဝင္တဲ့ Feature တခ်ိဴ႕ကိုေတာ့ အသုံးျပဳလို႔ ရမွာ မဟုတ္ေသးပါဘူး။

Google Camera App ရဲ႕ UI အသစ္မွာ Side-out Menu ကိုဖယ္ရွားလိုက္ပါတယ္။ ဒါ့အျပင္ မတူညီတဲ့ Camera Modes ေတြကို ေျပာင္းေ႐ြ႕ဖို႔အတြက္ ဘယ္/ညာ Swipe လုပ္လို႔ရမယ့္ Design ကို ေျပာင္းလဲေပးထားပါတယ္။ “More” button မွာေတာ့ Photo Sphere နဲ႔ Slow Motion Mode ေတြကို ထည့္သြင္းေပးထားတဲ့အျပင္ AR Stickers, Google Lens နဲ႔ Camera Settings ေတြကို ေပါင္းထည့္ထားတာလည္း ေတြ႕ရပါတယ္။ ဒါ့အျပင္ RAW Image Format ကိုလည္း Support ေပးထားတယ္လို႔ သိရပါတယ္။ အဆိုပါ RAW Format ကို ရယူခ်င္တယ္ဆိုရင္ေတာ့ Advanced setting ထဲက RAW ရဲ႕ Toggle button ကို On ေပးရမွာ ျဖစ္ပါတယ္။ Pixel 3 စမတ္ဖုန္းေတြမွာ ပါလာတဲ့ Top Shot နဲ႔ Night Sight feature ေတြကို ေလာေလာဆယ္မွာ အသုံးျပဳလို႔ ရမွာ မဟုတ္ဘဲ၊ ေနာက္ပိုင္းမွာေတာ့ Software Update ကေန တစ္ဆင့္ Pixel ဖုန္းအေဟာင္းေတြအတြက္ ထုတ္ေပးမယ္လို႔ သိရပါတယ္။ Update မရေသးတဲ့ Pixel ဖုန္းအေဟာင္းပိုင္ရွင္မ်ားအေနနဲ႔ Google Camera ရဲ႕ Update Application ကို ဒီလင့္မွာ Download ရယူႏိုင္ပါတယ္။

Ref: xda-developer

Unicode

Pixel 3 စမတ်ဖုန်းတွေမှာ ပါတဲ့ Google Camera Application အသစ်ကို Download ရယူနိုင်ပြီ

Google အနေနဲ့ Pixel 3, Pixel 3 XL စမတ်ဖုန်းတွေကို မနေ့ညက တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီနေ့မှာတော့ တတိယမျိူးဆက် Pixel ဖုန်းတွေမှာ ပါဝင်လာတဲ့ Google Camera Application အသစ်ကို Download ရယူနိုင်ပြီ ဖြစ်ပါတယ်။

Pixel 3 စမတ်ဖုန်းတွေရဲ့ Google Camera App ဟာ UI ပြောင်းလဲမှုတွေနဲ့အတူ Features အသစ်များလည်း ပါဝင်လာတာ တွေ့ရပါတယ်။ Pixel ဖုန်းအဟောင်း ပိုင်ရှင်များအနေနဲ့ အဆိုပါ Google Camera App ကို Update ပြုလုပ်နိုင်မှာ ဖြစ်ပြီး Pixel 3 မှာ ပါဝင်တဲ့ Feature တချိူ့ကိုတော့ အသုံးပြုလို့ ရမှာ မဟုတ်သေးပါဘူး။

Google Camera App ရဲ့ UI အသစ်မှာ Side-out Menu ကိုဖယ်ရှားလိုက်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ Camera Modes တွေကို ပြောင်းရွေ့ဖို့အတွက် ဘယ်/ညာ Swipe လုပ်လို့ရမယ့် Design ကို ပြောင်းလဲပေးထားပါတယ်။ “More” button မှာတော့ Photo Sphere နဲ့ Slow Motion Mode တွေကို ထည့်သွင်းပေးထားတဲ့အပြင် AR Stickers, Google Lens နဲ့ Camera Settings တွေကို ပေါင်းထည့်ထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် RAW Image Format ကိုလည်း Support ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ RAW Format ကို ရယူချင်တယ်ဆိုရင်တော့ Advanced setting ထဲက RAW ရဲ့ Toggle button ကို On ပေးရမှာ ဖြစ်ပါတယ်။ Pixel 3 စမတ်ဖုန်းတွေမှာ ပါလာတဲ့ Top Shot နဲ့ Night Sight feature တွေကို လောလောဆယ်မှာ အသုံးပြုလို့ ရမှာ မဟုတ်ဘဲ၊ နောက်ပိုင်းမှာတော့ Software Update ကနေ တစ်ဆင့် Pixel ဖုန်းအဟောင်းတွေအတွက် ထုတ်ပေးမယ်လို့ သိရပါတယ်။Update မရသေးတဲ့ Pixel ဖုန်းအဟောင်းပိုင်ရှင်များအနေနဲ့ Google Camera ရဲ့ Update Application ကို ဒီလင့်မှာ Download ရယူနိုင်ပါတယ်။

Ref: xda-developer