Zawgyi

Google Pixel 4 Series စမတ္ဖုန္းေတြဟာ အခုအခ်ိန္မွာတရားဝင္ေရာင္းခ်ေနၿပီျဖစ္ၿပီး Reviewer ေတြကေတာ့ Pixel 4 ကို Ultrawide Camera မပါဝင္တာနဲ႔ Battery Life ပိုင္းအားနည္းတဲ့အတြက္ ေဝဖန္ေနၾကပါတယ္။ အခုလည္း Pixel 4 ရဲ႕ ေနာက္ထပ္ အားနည္းခ်က္တစ္ခုထပ္ၿပီး ထြက္ေပၚလာျပန္ပါၿပီ။

Pixel 4 ဖုန္းေတြမွာပါဝင္လာတဲ့ 90Hz OLED Display ကို Google ကေန Smooth Display လို႔ ေခၚဆိုထားတာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ေခၚတာကလည္း Pixel 4 ရဲ႕ 90Hz Display ဟာ တျခား OnePlus 7T လိုမ်ိဳး တခ်ိန္လုံး 90Hz နဲ႔ အလုပ္လုပ္ေနတာမဟုတ္ဘဲ အသုံးျပဳတဲ့ေပၚမႈတည္ၿပီးေတာ့ 60Hz ကိုျပန္ေျပာင္းတဲ့ Dynamic အမ်ိဳးအစားျဖစ္ေနတာေၾကာင့္ပါ။

ဒါေပမယ့္ Droid Life ကေန ေဖာ္ျပခ်က္အရေတာ့ အခုလိုမ်ိဳး 90Hz နဲ႔ 60Hz ကို အလိုအေလ်ာက္ေျပာင္းတာက အသုံးျပဳတဲ့ Application အေပၚမမႈတည္ဘဲ Screen ရဲ႕ Brightness ေပၚမႈတည္ၿပီး ေျပာင္းလဲတာျဖစ္တယ္လို႔ သိရပါတယ္။ အခုသတင္းကို Reddit Forum မွာလည္း အသုံးျပဳသူေတြက အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအတြက္ Pixel 4 မွာ 90Hz Refresh Rate နဲ႔ အသုံးျပဳခ်င္တယ္ဆိုရင္ Screen ရဲ႕ Brightness ကို 75% နဲ႔အထက္ ထားဖို႔လိုအပ္မွာျဖစ္ၿပီးေတာ့ Screen Brightness 75% ေအာက္ပိုင္းမွာဆိုရင္ 60Hz နဲ႔ပဲ အလုပ္လုပ္ေနမွာျဖစ္ပါတယ္။ တကယ္လို႔ ကိုယ္က အၿမဲတမ္း 90Hz Refresh Rate နဲ႔ပဲ အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ Settings – Developer Option မွာရွိတဲ့ Force 90Hz Option ကို On ထားဖို႔ လိုအပ္မွာပါ။

အခုလိုမ်ိဳး Brightness အေပၚမႈတည္ၿပီးေတာ့ 90Hz ကေန 60Hz ကို ေျပာင္းေနတာက Pixel 4 မွာ စတင္ပါဝင္လာတဲ့ ျပင္ပအလင္းေရာင္ေပၚမႈတည္ၿပီး Display Color ကို အလိုအေလ်ာက္ခ်ိန္ညႇိေပးတဲ့ Ambient EQ Feature ကို On ထားရင္ေတာ့ Brightness အနိမ့္ေတြမွာလည္း 90Hz Refresh Rate နဲ႔ အလုပ္လုပ္ႏိုင္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ႏွစ္တိုင္းလိုလို သတင္းဆိုးေတြနဲ႔ Pixel ဖုန္းေတြက ဒီႏွစ္လည္း အလားတူထပ္ျဖစ္ေနပုံပါပဲ။

Ref – Droid Life

Unicode

Google Pixel 4 Series စမတ်ဖုန်းတွေဟာ အခုအချိန်မှာ တရားဝင်ရောင်းချနေပြီဖြစ်ပြီး Reviewer တွေကတော့ Pixel 4 ကို Ultrawide Camera မပါဝင်တာနဲ့ Battery Life ပိုင်းအားနည်းတဲ့အတွက် ဝေဖန်နေကြပါတယ်။ အခုလည်း Pixel 4 ရဲ့ နောက်ထပ် အားနည်းချက်တစ်ခုထပ်ပြီး ထွက်ပေါ်လာပြန်ပါပြီ။

Pixel 4 ဖုန်းတွေမှာပါဝင်လာတဲ့ 90Hz OLED Display ကို Google ကနေ Smooth Display လို့ ခေါ်ဆိုထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး ခေါ်တာကလည်း Pixel 4 ရဲ့ 90Hz Display ဟာ တခြား OnePlus 7T လိုမျိုး တချိန်လုံး 90Hz နဲ့ အလုပ်လုပ်နေတာမဟုတ်ဘဲ အသုံးပြုတဲ့ပေါ်မှုတည်ပြီးတော့ 60Hz ကိုပြန်ပြောင်းတဲ့ Dynamic အမျိုးအစားဖြစ်နေတာကြောင့်ပါ။

ဒါပေမယ့် Droid Life ကနေ ဖော်ပြချက်အရတော့ အခုလိုမျိုး 90Hz နဲ့ 60Hz ကို အလိုအလျောက်ပြောင်းတာက အသုံးပြုတဲ့ Application အပေါ်မမှုတည်ဘဲ Screen ရဲ့ Brightness ပေါ်မှုတည်ပြီး ပြောင်းလဲတာဖြစ်တယ်လို့ သိရပါတယ်။ အခုသတင်းကို Reddit Forum မှာလည်း အသုံးပြုသူတွေက အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Pixel 4 မှာ 90Hz Refresh Rate နဲ့ အသုံးပြုချင်တယ်ဆိုရင် Screen ရဲ့ Brightness ကို 75% နဲ့အထက် ထားဖို့လိုအပ်မှာဖြစ်ပြီးတော့ Screen Brightness 75% အောက်ပိုင်းမှာဆိုရင် 60Hz နဲ့ပဲ အလုပ်လုပ်နေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အမြဲတမ်း 90Hz Refresh Rate နဲ့ပဲ အသုံးပြုချင်တယ်ဆိုရင်တော့ Settings – Developer Option မှာရှိတဲ့ Force 90Hz Option ကို On ထားဖို့ လိုအပ်မှာပါ။

အခုလိုမျိုး Brightness အပေါ်မှုတည်ပြီးတော့ 90Hz ကနေ 60Hz ကို ပြောင်းနေတာက Pixel 4 မှာ စတင်ပါဝင်လာတဲ့ ပြင်ပအလင်းရောင်ပေါ်မှုတည်ပြီး Display Color ကို အလိုအလျောက်ချိန်ညှိပေးတဲ့ Ambient EQ Feature ကို On ထားရင်တော့ Brightness အနိမ့်တွေမှာလည်း 90Hz Refresh Rate နဲ့ အလုပ်လုပ်နိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နှစ်တိုင်းလိုလို သတင်းဆိုးတွေနဲ့ Pixel ဖုန်းတွေက ဒီနှစ်လည်း အလားတူထပ်ဖြစ်နေပုံပါပဲ။

Ref – Droid Life