[Zawgyi]
Ref : gsmarena
[Unicode]
Telephoto Camera အသစ်နဲ့ 90Hz OLED Display တွေ ပါတဲ့ Google Pixel 4 နဲ့ Pixel 4 XL ကို ကြေညာပြီ
Google က စွမ်းရည်မြင့် Pixel 4 နဲ့ Pixel 4 XL တွေကို ကြေညာလိုက်ပါတယ်။ အဲဒီ ၂ လုံးမှာ အဓိက ကွဲပြားချက်က Display ဖြစ်ပါတယ်။ Pixel 4 မှာ ၅.၇ လက်မ FullHD+ OLED နဲ့ XL မှာ ပိုကြီးတဲ့ ၆.၃ လက်မ QHD+ OLED တပ်ထားပါတယ်။ ၂ လုံးစလုံးရဲ့ Aspect Ratio က 19:9 နဲ့ Refresh Rate က 90Hz ဖြစ်ပါတယ်။ HDR Support နဲ့ Always On Mode ပါပါတယ်။
ကင်မရာတွေကလည်း တူညီကြပြီး Dual Pixel Autofocus ပါတဲ့ 12MP Main Camera ပါပါတယ်။ ဒါ့အပြင် Optical နဲ့ Electronics Image Stabilization တွေ ထောက်ပံ့ထားပါတယ်။ Pixel Neural Core အသစ်နဲ့ Google ရဲ့ Algorithm တွေက အလန်းဆုံးအရည်အသွေးတွေကို ဖန်တီးပေးပါတယ်။ Pixel Neural Core အသစ်ကြောင့် HDR+ ကို အချိန်နဲ့တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ပြီး Camera App က Viewfinder မှာ ရလဒ်ကို ပြသပေးပါတယ်။ ညအချိန်မှာ ကောင်းကင်ယံ ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူပေးမယ့် Nightsight ပါပါတယ်။
Telephoto Camera ကို Pixel Brand မှာ ပထမဆုံး အနေနဲ့ သုံးထားပါတယ်။ 16MP Sensor ဖြစ်ပြီး OIS, EIS ပါပါတယ်။ 2x Zoom ထက်ပိုများအောင် စွမ်းဆောင်ပေးမယ့် Super Resolution Zoom Software ထည့်ထားပါတယ်။ ဒုတိယကင်မရာက Bokeh တွေကို ကူညီ ဖန်တီးပေးပါတယ်။ ပင်မ ကင်မရာက 4K 30fps Video နဲ့ Full HD 120fps Slow-motion Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ ကင်မရာက 8MP ပါ။ ဖုန်းကိုလက်နဲ့ မထိဘဲ Hade Gestures တွေနဲ့ ခိုင်းစေနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကို ညှစ်ပြီး အလုပ်တွေ ခိုင်းစေနိုင်တဲ့ Active Edge ပါပါတယ်။
Display အပြင် တခြား ကွဲပြားချက် ၁ ခုက ဘက်ထရီ ပမာဏပါ။ Pixel 4 မှာ 2,800mAh နဲ့ XL မှာ 3,700mAh ထည့်ထားပါတယ်။ ၂ လုံး စလုံးမှာ 18W USB Power Delivery Fast Charge ပါပါတယ်။ Plus မဟုတ်တဲ့ Snapdragon 855 မောင်းနှင်ထားပါတယ်။ 6GB RAM ထည့်ထားပြီး 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ Just Black, Clearly White နဲ့ Oh So Orange အရောင်တွေ ထုတ်ထားပါတယ်။ ဒီလ ၂၄ ရက်နေ့မှာ ရောင်းမှာပါ။ 64GB အတွက် Pixel 4 ကို ၈၀၀ ဒေါ်လာနဲ့ 4 XL ကို ၉၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၂ သိန်းနဲ့ ၁၄ သိန်းလောက်ရှိပါတယ်။ 128GB လိုချင်ရင် ဒေါ်လာ ၁၀၀ ( ၁ သိန်းခွဲလောက်) ပိုများမှာပါ။
Ref : gsmarena