Google ကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက Pixel 4 Series ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Pixel 4 ဖုန်းတွေဟာ Google အတွက် Fingerprint Sensor အစား Face Unlock ကို ပြောင်းလဲအသုံးပြုထားတဲ့ဖုန်းတွေဖြစ်သလို Apple iPhone တွေရဲ့ Face ID ကို ယှဥ်ပြိုင်နိုင်တဲ့နည်းပညာတစ်ခုလို့လည်း ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Pixel 4 Series စမတ်ဖုန်းတွေရဲ့ Face Unlock မှာ အားနည်းချက်တစ်ခုရှိနေခဲ့ပြီးတော့ ဒါကတော့ Face Unlock နဲ့ ဖုန်းကို Unlock ပြုလုပ်တဲ့အချိန်မှာ မျက်လုံးကို ပိတ်ထားရင်တောင် Unlock ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ Google အနေနဲ့ အဆိုပါ ပြဿနာကို ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုဖုန်းမိတ်ဆက်ပြီး ၆ လအကြာမှ Google ကနေ Pixel ဖုန်းတွေအတွက် April Update နဲ့အတူ အဆိုပါ Unlock ပြုလုပ်တဲ့အချိန်မှာ မျက်လုံးဖွင့်ထားဖို့လိုအပ်တဲ့ Setting ကို ထည့်သွင်းပေးခဲ့ပါတယ်။ အဆိုပါ Setting ကို April Update တင်ပြီးတာနဲ့ Settings ထဲမှာရှိတဲ့ Face Unlock Section မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

April Update နဲ့အတူ Google ကနေ Pixel ဖုန်းတွေအတွက် ဖုန်းပြောတဲ့အချိန်မှာ Bluetooth Audio Input Connection ပြတ်သွားတာကို ပြင်ဆင်ပေးခဲ့သလို Bluetooth Low Energy Connection တွေမှာ Memory Leak ဖြစ်တာကိုလည်း ပြင်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

Ref – GSM Arena