Unicode

Google ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ အဆိုပါ Pixel 4 ဖုန်းတွေနဲ့အတူ Recorder App အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ ဒီ Recorder App ဟာ ဆိုရင် လက်ရှိတခြားသော စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Recorder App တွေလိုမဟုတ်ဘဲ ပြောလိုက်တဲ့ စကားတွေကို Live Transcribe ပြုလုပ်နိုင်သလို Record ပြုလုပ်ထားတဲ့ စကားလုံးတွေ၊ သီချင်းတွေ၊ ရယ်သံတွေကိုလည်း Keyword နဲ့ အင်တာနက်မလိုအပ်ဘဲ ပြန်လည်ရှာဖွေနိုင်တာဖြစ်ပါတယ်။

အဆိုပါ Recorder App ဟာ Google Pixel 4 ဖုန်းတွေအတွက် အဓီကအားသာချက်တစ်ခုဖြစ်ပြီး အခုအချိန်မှာ အဆိုပါ Recorder App ကို တခြားသော Pixel ဖုန်းတွေမှာပါ Play Store ကနေ Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Pixel 2 ၊ Pixel 3 နဲ့ Pixel 3a စမတ်ဖုန်းတွေအားလုံး အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ပြီလို့သိရပါတယ်။

ဒီ Recorder App ဟာဆိုရင် AI Machine Learning ကို အဓိကအသုံးပြုပြီးတော့ ပုံစံမျိုးစုံနဲ့ ပြောဆိုတဲ့ စကားတွေကို တိုက်ရိုက် Transcribe ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ဘာသာစကားအနေနဲ့ English (US) တစ်မျိုးကိုပဲ Support ပြုလုပ်နိုင်မှာပါ။

ဒီ Recorder App ကို လောလောဆယ်မှာ Google Pixel ဖုန်းတွေပဲ တရားဝင်ရရှိဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Google ကနေ တခြားသော Android Device တွေအတွက်ပါ ရရှိအောင် ပြုလုပ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – Android Authority

Zawgyi

Google ကေန ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက Pixel 4 နဲ႔ Pixel 4 XL စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ၿပီးေတာ့ အဆိုပါ Pixel 4 ဖုန္းေတြနဲ႔အတူ Recorder App အသစ္ကိုပါ မိတ္ဆက္သြားခဲ့ပါတယ္။ ဒီ Recorder App ဟာ ဆိုရင္ လက္ရွိတျခားေသာ စမတ္ဖုန္းေတြမွာ ပါဝင္တဲ့ Recorder App ေတြလိုမဟုတ္ဘဲ ေျပာလိုက္တဲ့ စကားေတြကို Live Transcribe ျပဳလုပ္ႏိုင္သလို Record ျပဳလုပ္ထားတဲ့ စကားလုံးေတြ၊ သီခ်င္းေတြ၊ ရယ္သံေတြကိုလည္း Keyword နဲ႔ အင္တာနက္မလိုအပ္ဘဲ ျပန္လည္ရွာေဖြႏိုင္တာျဖစ္ပါတယ္။

အဆိုပါ Recorder App ဟာ Google Pixel 4 ဖုန္းေတြအတြက္ အဓိကအားသာခ်က္တစ္ခုျဖစ္ၿပီး အခုအခ်ိန္မွာ အဆိုပါ Recorder App ကို တျခားေသာ Pixel ဖုန္းေတြမွာပါ Play Store ကေန Download ျပဳလုပ္ႏိုင္ၿပီျဖစ္ပါတယ္။ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ Pixel 2 ၊ Pixel 3 နဲ႔ Pixel 3a စမတ္ဖုန္းေတြအားလုံး အဆင္ေျပေျပနဲ႔ အသုံးျပဳႏိုင္ၿပီလို႔သိရပါတယ္။

ဒီ Recorder App ဟာဆိုရင္ AI Machine Learning ကို အဓိကအသုံးျပဳၿပီးေတာ့ ပုံစံမ်ိဳးစုံနဲ႔ ေျပာဆိုတဲ့ စကားေတြကို တိုက္႐ိုက္ Transcribe ျပဳလုပ္ေပးႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ ဘာသာစကားအေနနဲ႔ English (US) တစ္မ်ိဳးကိုပဲ Support ျပဳလုပ္ႏိုင္မွာပါ။

ဒီ Recorder App ကို ေလာေလာဆယ္မွာ Google Pixel ဖုန္းေတြပဲ တရားဝင္ရရွိဦးမွာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Google ကေန တျခားေသာ Android Device ေတြအတြက္ပါ ရရွိေအာင္ ျပဳလုပ္ေပးသြားမယ္လို႔ ယူဆရပါတယ္။

Ref – Android Authority