Google Pixel 4 XL ရဲ့ အရောင်အကြောင်းပြောရင် အဖြူနဲ့ အမည်း ကို အရင်ဦးဆုံး မြင်ယောင်မိပါလိမ့်မယ်။ ပြီးတော့ လိမ္မော်ရောင်။ ဒါပေမယ့် အဖြူနဲ့အမည်းကြားမှာ ပျောက်ဆုံးနေတဲ့ အရောင်တစ်ရောင် ရှိခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။

ဟုတ်ပါတယ်။ Google Pixel 4 XL မှာ တရားဝင်အရောင်သုံးမျိုးရှိပေမယ့်၊ စတုတ္ထမြောက်အရောင်အဖြစ် အဖြူနဲ့အမည်းကြားက မီးခိုးရောင်(ခပ်ရင့်ရင့်) လည်း ရှိနေခဲ့ပါတယ်။ ဒါကိုတော့ တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @akes29 က Alibaba မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

Alibaba မှာတွေ့မြင်ရတဲ့ Google Pixel 4 XL ဟာ မီးခိုးရောင်နဲ့ဖြစ်ပြီး ဒီ ဟန်းဆက်ဟာ Prototype (ရှေ့ပြေးပုံစံ) လည်း ဖြစ်ပါတယ်။ ဟန်းဆက်ရဲ့ကျောမှာတော့ FCC အသိအမှတ်ပြုမှုမရထားလို့ ရောင်းချရန်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပဲ စာကပ်ထားပါတယ်။ ဒါဟာ ရုံးတွင်းပိုင်းမှာ စမ်းသပ်အသုံးပြုဖို့ သက်သက်ပဲဆိုတာ သိသာပါတယ်။

Google အနေနဲ့ လိမ္မော်ရောင်တောင် ထုတ်လုပ်ရောင်းချသေးတာဖြစ်တဲ့အတွက် မီးခိုးရောင်ဗားရှင်းလည်း ဘာဖြစ်လို့ မရောင်းနိုင်ရမှာလဲလို့တော့ တွေးစရာရှိပါတယ်။ ဒါပေမယ့်လည်း Google ဟာ Pixel 4 XL မှာ ဘာဖြစ်လို့ ဒီအရောင်ကို မထုတ်ခဲ့တာလဲဆိုတဲ့အကြောင်းရင်းကိုတော့ အခုထိ မသိရသေးပါဘူး။

Ref: GSM Arena