[Zawgyi]

Google ရဲ႕ အသစ္ထြက္ Pixel Smartphone ေတြမွာ လက္ေဗြရာ အာ႐ုံခံကိရိယာ ပါမလာပါဘူး။ ဒါေပမယ့္ Face Unlock ပါလာၿပီး မ်က္ႏွာျပလိုက္တာနဲ႔ ဖုန္းကို Unlock လုပ္ေပးႏုိင္ပါတယ္။ Unlock လုပ္ဖို႔အတြက္ ဖုန္းရဲ႕ အေရွ႕ကင္မရာကို မ်က္ႏွာ ျပလိုက္ရံုပါပဲ။ ဒီနည္းပညာက အရမ္းကို မိုက္ၿပီး အလုပ္ရႈပ္သက္သာေစပါတယ္။

ဒါေပမယ့္ ပိုင္ရွင္ မ်က္လံုးပိတ္ထားရင္ေတာင္ ဒီ စနစ္က ဖုန္းကို Unlock လုပ္ေပးေနတယ္လို႔ BBC က ေျပာပါတယ္။ အဲဒီအတြက္ သင္ အိပ္ေနခ်ိန္မွာ တျခားသူေတြက သင့္ဖုန္းကို Unlock လုပ္ႏိုင္ပါတယ္။ ဒါက ျပႆနာပါ။

Google ကေတာ့ “ Pixel 4 ရဲ႕ Face Unlock စနစ္ဟာ စံႏႈန္းျပည့္မွီတဲ့ လံုျခံဳေရး စနစ္ ျဖစ္ပါတယ္။ လက္ရွိမွာ အရမ္းကို လံုျခံဳတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာ ၂ ခု ရွိပါတယ္။ အဲဒါကေတာ့ ကြ်န္ေတာ္တို႔နဲ႔ Apple ပဲ ျဖစ္ပါတယ္။ ေငြေပးေခ်မႈေတြ လုပ္ဖို႔ အရမ္း စိတ္ခ်ရပါတယ္။ “ လို႔ ေျပာပါတယ္။ Apple ရဲ႕ Face ID စနစ္က ပိုင္ရွင္ဟာ သတိရွိေနၿပီး ကင္မရာကို မ်က္လံုးဖြင့္ ၾကည့္ေနမွပဲ အလုပ္လုပ္ပါတယ္။ အဲဒီအတြက္ ပိုင္ရွင္ အိပ္ေနရင္ တျခားသူက ဖုန္းကို လိမ္ညာၿပီး Unlock လုပ္လို႔ မရေတာ့ပါဘူး။

BBC ရဲ႕ ဆိုက္ဘာ လံုျခံဳေရး ကြ်မ္းက်င္သူ Graham Cluley က “ သင္ အိပ္ေနခ်ိန္မွာ တျခားလူတစ္ေယာက္က သင့္ ဖုန္းကို Unlock လုပ္ႏိုင္တာဟာ တကယ့္ကို ႀကီးမားတဲ့ လံုျခံဳေရး ျပႆနာ ျဖစ္ပါတယ္။ သင့္ ဖုန္းက Private Conversation နဲ႔ ေဒတာေတြ လံုျခံဳေနဖို႔ အေရးႀကီးပါတယ္။ “ လို႔ ေျပာပါတယ္။

Ref : tnw

[Unicode]

မျက်လုံးပိတ်ထားလည်း ဖွင့်လို့ရနေတဲ့ Pixel 4 ရဲ့ Face Unlock

Google ရဲ့ အသစ်ထွက် Pixel Smartphone တွေမှာ လက်ဗွေရာ အာရုံခံကိရိယာ ပါမလာပါဘူး။ ဒါပေမယ့် Face Unlock ပါလာပြီး မျက်နှာပြလိုက်တာနဲ့ ဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ Unlock လုပ်ဖို့အတွက် ဖုန်းရဲ့ အရှေ့ကင်မရာကို မျက်နှာ ပြလိုက်ရုံပါပဲ။ ဒီနည်းပညာက အရမ်းကို မိုက်ပြီး အလုပ်ရှုပ်သက်သာစေပါတယ်။

ဒါပေမယ့် ပိုင်ရှင် မျက်လုံးပိတ်ထားရင်တောင် ဒီ စနစ်က ဖုန်းကို Unlock လုပ်ပေးနေတယ်လို့ BBC က ပြောပါတယ်။ အဲဒီအတွက် သင် အိပ်နေချိန်မှာ တခြားသူတွေက သင့်ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဒါက ပြဿနာပါ။

Google ကတော့ “ Pixel 4 ရဲ့ Face Unlock စနစ်ဟာ စံနှုန်းပြည့်မှီတဲ့ လုံခြုံရေး စနစ် ဖြစ်ပါတယ်။ လက်ရှိမှာ အရမ်းကို လုံခြုံတဲ့ မျက်နှာ အာရုံခံ နည်းပညာ ၂ ခု ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့နဲ့ Apple ပဲ ဖြစ်ပါတယ်။ ငွေပေးချေမှုတွေ လုပ်ဖို့ အရမ်း စိတ်ချရပါတယ်။ “ လို့ ပြောပါတယ်။ Apple ရဲ့ Face ID စနစ်က ပိုင်ရှင်ဟာ သတိရှိနေပြီး ကင်မရာကို မျက်လုံးဖွင့် ကြည့်နေမှပဲ အလုပ်လုပ်ပါတယ်။ အဲဒီအတွက် ပိုင်ရှင် အိပ်နေရင် တခြားသူက ဖုန်းကို လိမ်ညာပြီး Unlock လုပ်လို့ မရတော့ပါဘူး။

BBC ရဲ့ ဆိုက်ဘာ လုံခြုံရေး ကျွမ်းကျင်သူ Graham Cluley က “ သင် အိပ်နေချိန်မှာ တခြားလူတစ်ယောက်က သင့် ဖုန်းကို Unlock လုပ်နိုင်တာဟာ တကယ့်ကို ကြီးမားတဲ့ လုံခြုံရေး ပြဿနာ ဖြစ်ပါတယ်။ သင့် ဖုန်းက Private Conversation နဲ့ ဒေတာတွေ လုံခြုံနေဖို့ အရေးကြီးပါတယ်။ “ လို့ ပြောပါတယ်။

Ref : tnw