Google ဟာ လာမဲ့ Pixel 7 နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်ကိုပဲ ထုတ်ဖော်ပြသထားပေမဲ့ အမှန်တကယ်စမ်းသပ်အသုံးပြုနိုင်တဲ့ Prototype အမျိုးအစားကတော့ eBay ပေါ်တောင် ရောက်နေပါပြီ။ နောက်ထပ် Prototype တစ်မျိုးဖြစ်တဲ့ Bricked Pixel 7 Pro လည်းရှိနေသေးတာဖြစ်ပြီး Google News Telegram group က မော်ဒယ်သစ်တွေအတွက် အချက်အလက်သစ်တွေရှာဖွေဖို့ အသုံးပြုခဲ့ပါတယ်။

အကယ်၍ ဖုန်းဟာ Bricked ဖြစ်နေရင် Group က Boot logs ဆွဲထုတ်နိုင်ဖို့ ပြုလုပ်ခဲ့ကြပါတယ်။ ဒါတွေကိုပေါင်းစပ်ခြင်းအားဖြင့် Tensor 2 chipset မှာ Cortex-A55 cores ပါရှိတာကိုလည်းတွေ့ခဲ့ပါတယ်။ ဒါဟာ ARMv8 architecture ကို အခြေခံထားတဲ့ နောက်ဆုံး Core ဖြစ်ပါတယ်။ ဒီဇိုင်းအသစ် A510 ဟာ ARMv9 ကို အခြေခံထားပါတယ်။ ဒါပေမဲ့ Architecture နှစ်ခုက Chipset တစ်ခုတည်းမှာ ယှဉ်တွဲထားလို့ မဖြစ်နိုင်ပါဘူး။

အဓိပ္ပါယ်ကတော့ အခြား CPU core တွေဟာ ARMv8 ဒီဇိုင်းဟောင်းတွေဖြစ်တယ်ဆိုတာပါပဲ။ Tensor 2 ဟာ 2+2+4 CPU core configuration ကို ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုတဲ့အကြောင်း မှတ်တမ်းတွေက ဖော်ပြနေပါတယ်။ မူရင်း Tensor chip မှာ Coretx-X1 core နှစ်ခုနဲ့ A55 လေးခုပါရှိပါတယ်။ A55s ကတော့ ထင်ရှားစွာရှိနေမှာဖြစ်ပြီး X1 နှစ်ခုဖြစ်တဲ့ X2 Core အသစ်ကARMv9 ဖြစ်ပါတယ။ မူလဒီဇိုင်းက နောက်ဆုံးပေါ် Cortex-A78 (နောက်ဆုံး ARMv8 အလတ်စား Cores တွေ) အစား A76 cores အဟောင်းတွေကို အသုံးပြုထားတာကြောင့် အလတ်စား Cores အသစ်တွေ ဖြစ်နိုင်ချေရှိပါတယ်။

ဒီအတွက် Tensor 2 chip ကနေ စွမ်းဆောင်ရည် ကြီးကြီးမားမား တိုးတက်မှုတွေကို မျှော်လင့်ထားလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ Tensor ဟာ မနှစ်တုန်းကတည်းက ဈေးကွက်ထဲမှာ အလျင်မြန်ဆုံး Chip မဟုတ်ခဲ့ပါဘူး။ ဒီနှစ်မှာ ကွာခြားချက်က ပိုပြီးသိသာလာမယ်လို့ ခန့်မှန်းရပါတယ်။ GPU နဲ့ တခြား Hardware အတွက် Google က ဘာတွေစီစဉ်ထားလဲ မသိသေးပါဘူး။ ရှင်းလင်းပြည့်စုံတဲ့အချက်အလက်တွေကိုသိရဖို့ အနည်းငယ်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena