မနှစ်က အောင်မြင်ခဲ့တဲ့ Pokemon Go ဂိမ်းဟာ လူတိုင်းနီးနီးကို လမ်းမတွေပေါ်မှာဆော့ကစားနေတာကို တွေ့မြင်ရတဲ့အထိ အောင်မြင်တဲ့ဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ အချိန်အကြာကြီးမဟုတ်ခဲ့ပေမယ့် Pokemon Go ဂိမ်းရဲ့ အောင်မြင်မှုက ကြောက်စရာအတိုင်းအတာတစ်ခုအထိရောက်ရှိခဲ့တာပါ။

အခုပြန်လည်ပြီး ထွက်ပေါ်လာတဲ့ စစ်တမ်းတွေအရ Pokemon Go ဂီမ်းက အောင်မြင်ခဲ့ရုံတင်မကပဲ အပျက်အစီး ဆုံးရှုံးမှုတွေလည်း အလွန်များပြားခဲ့ကြောင်းသိရပါတယ်။

Purdue University ရဲ့ စီးပွားရေးသုံးသပ်သူတွေဖြစ်တဲ့ Mara Faccio နဲ့ John McConnell တို့ရဲ့ သုံးသပ်ချက်တွေအရ Pokemon Go ဂိမ်းတစ်ခုထဲကြောင့် ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေရဲ့ ဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာ ၇.၃ ဘီလီယျံအထိရှိမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ဖြစ်ပွားရတာဟာ Pokestop လိုနေရာမျိုးတွေမှာ ကားမောင်းတဲ့သူတွေက ကားကိုမကြည့်ပဲ ဖုန်းကိုပဲ ကြည့်ပြီး ဆော့ကစားနေတာကြောင့်နဲ့ လမ်းပေါ်မှာရှိနေတဲ့သူတွေကလည်း ကားလာတာကို မကြည့်နိုင်တာကြောင့်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Pokemon Go ဂိမ်းကိုထုတ်လုပ်တဲ့ Niantic ကုမ္ပဏီက အခုတစ်ကြိမ်မှာလည်း Pokemon Go လိုမျိုး Harry Potter ဂိမ်းကို ထပ်မံထုတ်လုပ်ဖို့ ကြိုးစားနေတာကြောင့် ဒီတစ်ခါမှာလည်း Pokemon Go လိုမျိုး အောင်မြင်ဦးမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။