အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှ အမျိုးသား တစ်ယောက်ဟာ Facebook မှာ Elon Musk အယောင်ဆောင်ပြီး အသက် ၇၄ နှစ်အရွယ် အဖွားအို ထံကနေ ဒေါ်လာ ၂၅၀,၀၀၀ လိမ်လည်ခဲ့တဲ့အတွက် ရဲက ဖမ်းဆီးလိုက်ပါတယ်။

Bradenton Police and Getty Images

လိမ်လည်သူဟာ အသက် ၅၆ နှစ်အရွယ် Jeffrey Moynihan, Jr ဖြစ်ပြီး Bradenton မှ စီးပွားရေးလုပ်ငန်းပိုင်ရှင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို လိမ်လည်မှုနဲ့ အခုတော့ ဖမ်းဆီးထားပါတယ်။

Jeffrey ဟာ ၂၀၂၃ ခုနှစ်မှာ အဖွားအိုကို Facebook မှာ Elon Musk အယောင်ဆောင်ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ သူဟာ လပေါင်းများစွာ Facebook မှာ အဖွားအိုရဲ့ ယုံကြည်မှုကို ရအောင် လုပ်ဆောင်ခဲ့ပါတယ်။ သူက ဒေါ်လာ ၅၀၀,၀၀၀ ရင်းနှီးမြှုပ်နှံရင် ဒေါ်လာ ၅၅ သန်းတောင်ရမယ်လို့ လှည့်စားခဲ့ပါတယ်။

Florida man accused of posing as Elon Musk, defrauding elderly woman of $250K | Fox Business

အဖွားအိုက ယုံကြည်ပြီး ဒေါ်လာ ၂၅၀,၀၀၀ လွှဲပေးခဲ့ပါတယ်။ ရဲတွေက အဖွားအိုရဲ့ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေကို ပြန်လည် ရရှိအောင်ကြိုးစားနေကြပါတယ်။

ဒီကနေ သင်ခန်းစာရတာက Facebook မှာ လူတိုင်းကို မယုံကြည်သင့်ဘဲ ငွေလွှဲပေးတာတွေကိုလည်း သေသေချာချာ စစ်ဆေးပြီးမှ ပြုလုပ်သင့်ပါတယ်။ အခုခေတ်မှာ Video Call နဲ့ပြောရင်တောင် Deep Fake လို မျက်နှာနဲ့ အသံ အတုတွေကို ပြုလုပ်နိုင်တဲ့အတွက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

Ref: kfoxtv