ပေါ်တူဂီ ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Havelar က နိုင်ငံရဲ့ ပထမဆုံး 3D Printed အိမ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အိမ်ဟာ ၈၀ စတုရန်း မီတာ ကျယ်ဝန်းပြီး အိပ်ခန်း ၂ ခန်းပါပါတယ်။ Greater Porto ဧရိယာမှာ တည်ဆောက်ထားပြီး 3D Printing နည်းပညာနဲ့ ၁၈ နာရီထဲနဲ့ တည်ဆောက်ထားတာပါ။

Havelar presents Portugal's first 80 m2 3D-printed house in the Greater Porto area, built with the BOD2 printer from COBOD International.

Havelar က အိမ်ကို COBOD ရဲ့ BOD2 Printer နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ဥရောပရဲ့ အကြီးမားဆုံး 3D Printed အဆောက်အဦးကိုလည်း အဲဒီ Printer နဲ့ပဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ COBOD က Havelar ရဲ့ 3D Printed အိမ်ဟာ ၁ စတုရန်းမီတာကို ယူရို ၁,၅၀၀ ပဲ ကုန်ကျပြီး အလွန်သက်သာတယ်လို့ ပြောပါတယ်။

The house is a charming single-story residence with ribbed walls

3D Printer နဲ့ ၁၈ နာရီကြာ တည်ဆောက်ထားပေမယ့် လူတွေက တံခါး၊ ပြတင်းပေါက်၊ ခေါင်မိုးနဲ့ တခြား အချောသတ် တည်ဆောက်မှုတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်း ၁ ခုလုံးကို အချိန် ၂ လအတွင်း ပြီးစီးခဲ့တာ ဖြစ်ပြီး ဒါဟာ တော်တော် အထင်ကြီးစရာ ကောင်းပါတယ်။

အိမ်ဟာ တစ်ထပ်အိမ် ဖြစ်ပြီး မီးဖိုချောင်၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၂ ခန်းနဲ့ ရေချိုးခန်း ပါပါတယ်။ အိမ် တည်ဆောက်တဲ့ကုန်ကျစားရိတ်ဟာ ဒေါ်လာ ၄၀၀,၀၀၀ ပဲ ရှိတာက တော်တော် နည်းပါးတယ်လို့ ပြောနိုင်ပါတယ်။

Ref : inceptivemind