Gucci , Balmain နဲ့ Balenciaga တို့လို တန်ဖိုးကြီး Brand တွေဟာ Crypto နယ်ပယ်ထဲကို ဝင်ရောက်လာကြပြီ ဖြစ်ပြီး အခုတော့ Prada ကလည်း ကိုယ်ပိုင် NFT တွေ ဖြန့်ချိခြင်းဖြင့် အဲဒီ နယ်ပယ်ထဲကို ခြေလှမ်းချလာပါပြီ။
Prada ဟာ ဇွန်လ ၂ ရက်နေ့မှာ Ethereum NFT ၁၀၀ ကို နောက်ဆုံးထုတ် Timecapsule အဝတ်အစားနဲ့အတူ ရောင်းချမှာ ဖြစ်ပါတယ်။ NFT တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်သူတွေကို သက်သေခံပေးတဲ့ Blockchain Token တွေ ဖြစ်ပါတယ်။
Prada က အဝတ်အစား ဝယ်ယူသူတွေကို အနုပညာရှင် Damien Hirst ရဲ့ သား ဖြစ်သူ Cassius Hirst နဲ့ ပူးပေါင်းဖန်တီးထားတဲ့ NFT ၁ ခုစီ အခမဲ့ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ NFT တွေမှာ Serial Number တွေ ထည့်သွင်းထားပြီး အဝတ်အစားနဲ့ သက်ဆိုင်တဲ့ Number ၁ ခုလည်း ပါပါတယ်။
ဒါဟာ Prada ရဲ့ ပထမဆုံး NFT စီမံကိန်း မဟုတ်ပါဘူး။ Prada ဟာ အားကစား အဝတ်အစား Brand ဖြစ်တဲ့ Adidas နဲ့ ပူးပေါင်းကာ “Adidas for Prada Re-source” Collection ကို ဇန်နဝါရီလက Polygon ကနေ ရောင်းချခဲ့ဖူးပါတယ်။
Prada ရဲ့ NFT စီမံကိန်းကို ကြည့်ရင် ကုမ္ပဏီဟာ Physical ထုတ်ကုန်တွေကို အဓိက ရောင်းချဖို့ အာရုံစိုက်ထားပြီး NFT တွေကို လက်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
Ref : decrypt