[Zawgyi]
Ref : gizmochina\
[Unicode]
Xiaomi Mi Note 10 ကို Giztop ကနေ ကြိုတင်မှာယူနိုင်ပြီ
Xiaomi က Mi Note နဲ့ Mi Note Pro Series တွေကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်တွေအတွင်း Mi Note Series တွေဟာ လူကြိုက်များ ရေပန်းစားလာပါတယ်။ ဒါပေမယ့် စီအီးအို လီဂျွန်က Mi Note Series တွေကို ဆက်မထုတ်တော့ဘူးလို့ ဒီနှစ် အစောပိုင်းက ပြောခဲ့တဲ့အတွက် Fans တွေ တော်တော် စိတ်ပျက်သွားခဲ့ပါတယ်။ ဒါပေမယ့် Xiaomi က Fans တွေကို စိတ်မပျက်အောင် မကြာခင်ကပဲ Mi Note 10 ကို မိတ်ဆက်ပေးခဲ့ပါတယ်။
အခုတော့ Giztop ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အနက်၊ အစိမ်းနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၅၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၇၀,၀၀၀ လောက်ကျသင့်နိုင်ပါတယ်။ Storage များတဲ့ အတွက် ဓါတ်ပုံ၊ ဗီဒီယိုတွေ ရှယ်သိမ်းလို့ရပါတယ်။
Mi Note 10 မှာ ၆.၄၇ လက်မ Super AMOLED Full HD+ Display တပ်ဆင်ထားပြီး အရွယ်သေး Notch နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Qualcomm Snapdragon 730G Octa-core Processor မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ့ Macro Lens တွေ ပါပါတယ်။ 32MP AI Front Camera က အလန်းစား Selfie တွေ ဖမ်းယူပေးပါတယ်။ Night Mode 2.0 ပါလာပြီး ညဘက်တွေမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ ဒီလို အလန်းစား ကင်မရာတွေပါတဲ့ ပထမဆုံး ဖုန်းလို့ Xiaomi က ကြွားထားပါတယ်။
Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။ 30W Fast Charging ပါတဲ့ 5,260mAh Battery ပါပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါပါဘူး။
Ref : gizmochina