[Zawgyi]

Samsung Myanmar မွ ျပည္တြင္း E-sport ၿပိဳင္ပြဲစီစဥ္သူျဖစ္သူ Claw Esports ႏွင့္ လက္တြဲပူးေပါင္း၍ “The Galaxy Challenge” အမည္ရွိ ႏိုင္ငံတကာအဆင့္မွီ PUBG Mobile ၿပိဳင္ပြဲအား စီစဥ္က်င္းပသြားမည္ဟု ယေန႔သတင္းထုတ္ျပန္ေၾကညာလိုက္သည္။ ထိုၿပိဳင္ပြဲကို Tencent ႏွင့္ PUBG Corporation တို႔မွ တည္ေထာင္ထားသည့္ PUBG Mobile မွလည္း တရားဝင္ အသိအမွတ္ျပဳေထာက္ခံထားျခင္းျဖစ္သည္။ Galaxy Challenge PUBG Mobile ၿပိဳင္ပြဲႀကီးသည္ ျမန္မာႏိုင္ငံရွိ ဂိမ္းအသိုင္းအဝိုင္းအား ပိုမိုတိုးတက္လာေစေသာ ရည္႐ြယ္ခ်က္ျဖင့္ Samsung ႏွင့္ Claw Esports တို႔မွ ပထမဆုံးအႀကိမ္ ပူေပါင္းေဆာင္႐ြက္မႈလည္းျဖစ္သည္။ အဆိုပါၿပိဳင္ပြဲႀကီးတြင္ ဆုေၾကးေငြစုစုေပါင္း သိန္းတစ္ရာႏွင့္အထက္ ပါဝင္ၿပီး ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးေသာ PUBG Mobile ဂိမ္းၿပိဳင္ပြဲတစ္ခု ျဖစ္လာမည္ ျဖစ္သည္။

Claw Esports အား ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလတြင္ Professional Esports Organization တစ္ခုအျဖစ္ စတင္ဖြဲ႕စည္းခဲ့သည္။ ဖြဲ႕စည္းရျခင္း၏ ရည္႐ြယ္ခ်က္မွာ ျမန္မာႏိုင္ငံ၏ Professional Esports အသင္းမ်ား ပိုမိုေပၚထြက္လာေရးႏွင့္ မိုဘိုင္းဂိမ္းႏွင့္ဆက္စပ္ေသာ နယ္ပယ္မ်ား ပိုမိုတိုးတက္ လာေရးအတြက္ျဖစ္သည္။ Claw Esports သည္ PUBG Mobile အသင္းမ်ား ရပ္တည္မႈဇယား၏ အခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံ၏ အေကာင္းဆုံး PUBG Mobile အသင္းအျဖစ္ ရပ္တည္လ်က္ရွိသည္။

Samsung Galaxy Challenge ၏ ပြဲစဥ္ တစ္ခုခ်င္းစီအား ၂၀၁၉ခုႏွစ္ ေမလမွ ဇူလိုင္လအထိ က်င္းပသြားမည္ ျဖစ္ၿပီး အုပ္စုလိုက္ၿပိဳင္ပြဲမ်ားကို ေမလႏွင့္ ဇြန္လအတြင္း အြန္လိုင္းမွတဆင့္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။ ၿပိဳင္ပြဲစဥ္အားလုံးကို ဇူလိုင္လအတြင္းတြင္ Offline ပြဲအား က်င္းပကာ အဆုံးသတ္သြားမည္ ျဖစ္သည္။ ေနာက္ဆုံးအဆင့္ပြဲစဥ္မ်ားအား ဇူလိုင္လ ၂၀ရက္ေန႔မွ ၂၁ရက္ေန႔မ်ားတြင္ ရန္ကုန္ၿမိဳ႕တြင္ ခမ္းခမ္းနားနား က်င္းပျပဳလုပ္သြားမည္ ျဖစ္သည္။

“ျမန္မာႏိုင္ငံမွာရွိတဲ့ Mobile PUBG ကစားသူ အေရအတြက္ဟာ အလ်င္အျမန္တိုးလာပါတယ္။ ကြၽန္ေတာ္တို႔ကလည္း ဒီက႑ကို ၂၀၁၈ ခုႏွစ္ကတည္းက ေလ့လာေစာင့္ၾကည့္ေနၿပီးေတာ့ အခုခ်ိန္ဟာ ျမန္မာ မိုဘိုင္းလ္ဂိမ္းကစားသူေတြကို ႏိုင္ငံတကာအေတြ႕အႀကဳံေကာင္းေကာင္းရဖို႔အတြက္ ဒီလို ႀကီးမားတဲ့ ဂိမ္းၿပိဳင္ပြဲႀကီးကို က်င္းပဖို႔ အခ်ိန္ေကာင္းလို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ျဖစ္သူ ကို ဇာနည္ဝင္းထက္မွ ေျပာၾကားခဲ့သည္။ “လက္ရွိ ျမန္မာႏိုင္ငံရဲ႕ မိုဘိုင္းဂိမ္းေဈးကြက္က ဖြံ႕ၿဖိဳးတိုးတက္မႈအနည္းငယ္ေနာက္က်ေနေသာ္လည္း တျခား အေရွ႕ေတာင္အာရွႏိုင္ငံေတြလိုပဲ ကစားသမားအေရအတြက္ တိုးပြားလာတာဟာ ေကာင္းမြန္တဲ့ အလားအလာေတြရွိတယ္ဆိုတာကို ျပသေနတာဘဲ ျဖစ္ပါတယ္။ ဒီဂိမ္းၿပိဳင္ပြဲနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ မိုဘိုင္းလ္ဂိမ္းက႑အေပၚ အဆက္မျပတ္ ပံ့ပိုးမႈေတြကေနတဆင့္ ျမန္မာႏိုင္ငံက Gamer ေတြဟာ မၾကာတဲ့ အနာဂတ္မွာ ႏိုင္ငံတကာက ၿပိဳင္ဘက္ေတြနဲ႔ တန္းတူယွဥ္ၿပိဳင္လာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။” ဟု ျဖည့္စြက္ ေျပာၾကားခဲ့သည္။

Samsung Galaxy Challenge ဂိမ္းၿပိဳင္ပြဲအား ေမလ ၁၇ ရက္ေန႔မွစတင္ စာရင္းေပးသြင္းႏိုင္မည္ ျဖစ္ၿပီး ဂိမ္းၿပိဳင္ပြဲႏွင့္ ပတ္သက္ေသာ အေသးစိတ္အခ်က္အလက္မ်ားကို Samsung ႏွင့္ Claw Esports တို႔၏ တရားဝင္ Facebook Page မ်ားမွ တဆင့္ ေၾကညာသြားမည္ ျဖစ္သည္။ အုပ္စုအဆင့္တြင္ အသင္းေပါင္း ၅၀၀ ပါဝင္မည္ ျဖစ္ၿပီး၊ အုပ္စုအဆင့္အၿပီး အႏိုင္ရရွိေသာ အသင္းေပါင္း ၁၀၀ မွ ထပ္မံ ယွဥ္ၿပိဳင္ကစားၾကမည္ ျဖစ္သည္။ Final တြင္ အသင္းေပါင္း ၂၀ ပါဝင္ကစားသြားမည္ ျဖစ္သည္။ အႏိုင္ရရွိသူ ကစားသမားမ်ားအား ေငြက်ပ္သိန္း ၁၀၀ ေက်ာ္ရွိ ၿပိဳင္ပြဲ ဆုေၾကးမ်ာကို ေပးအပ္သြားမည္ ျဖစ္သည္။ ဆုေၾကးေငြပမာဏသည္ လက္ရွိ ျမန္မာႏိုင္ငံတြင္ ျပဳလုပ္ခဲ့ၿပီးေသာ PUBG မိုဘိုင္းဂိမ္းၿပိဳင္ပြဲမ်ားတြင္ အမ်ားဆုံးျဖစ္သည္။ အႏိုင္ရရွိေသာ အဖြဲ႕ကို ဂိမ္းၿပိဳင္ပြဲက်င္းပသူမ်ားမွ ရႈံးထြက္စနစ္ျဖင့္ ေ႐ြးခ်ယ္သြားမည္ ျဖစ္သည္။

“Samsungက ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း မိုဘိုင္းအအမွတ္တံဆိပ္တစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ စၿပီး ေတြ႕ဆုံစဥ္ကတည္းက သူတို႔ရဲ႕ ျမန္မာႏိုင္ငံ မိုဘိုင္းဂိမ္းက႑ ပိုမိုတိုးတက္ဖို႔ အစီအစဥ္ေတြကို ျမင္သာေအာင္ ခ်ျပေပးခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဘာေတြလိုအပ္သလဲဆိုတာကို Samsung Team က နားလည္ေနတဲ့အတြက္ သူတို႔နဲ႔ အလုပ္လုပ္ရတာ ေပါ့ေပါ့ပါးပါးပါပဲ။ Samsung ဟာ CLAW နဲ႔ ျမန္မာႏိုင္ငံရဲ႕ ဂိမ္းက႑ဖြံၿဖိဳးတိုးတက္ဖို႔အတြက္ အေကာင္းဆုံး ပံ့ပိုးေပးႏိုင္မယ့္ မိတ္ဖက္ Partner ေကာင္းတစ္ေယာက္လို႔ ကြၽန္ေတာ္ခံစားရပါတယ္။” ဟု Claw Esports ၏ Business Director ျဖစ္သူ ကိုမင္းဆက္ပိုင္မွ ေျပာၾကားသည္။

“Samsung Galaxy Challenge” မိတ္ဆက္မႈႏွင့္ အတူ Samsung Myanmar မွ AKGoLiveအား မိုဘိုင္းဂိမ္းက႑၏ Brand Ambassador အျဖစ္ အသိေပးေၾကညာခဲ့သည္။ ယခုႏွစ္ မတ္လတြင္ က်င္းပခဲ့ေသာ Galaxy S10 အခမ္းအနားတြင္AKGoLive သည္ Samsung Myanmar ႏွင့္ စတင္ပူးေပါင္း လက္တြဲခဲ့သည္။

“ကြၽန္ေတာ္က Samsung Myanmar နဲ႔ Galaxy S10 စတင္ထုတ္လုပ္တဲ့အခ်ိန္ကစၿပီး လက္တြဲျဖစ္ခဲ့ပါတယ္။ အဲ့ခ်ိန္ကစၿပီး ကြၽန္ေတာ္ Samsung ရဲ႕ ပရိသတ္ျဖစ္လာတာပါ။ အခုလို ျမန္မာႏိုင္ငံရဲ႕ မိုဘိုင္းဂိမ္းေလာကအတြက္ Samsung Influencer အျဖစ္ ပါဝင္လုပ္ေဆာင္ဖို႔ ကမ္းလွမ္းလာတဲ့အခါမွာလည္း ကြၽန္ေတာ့္အေနနဲ႔ ဝမ္းသာအားရ လက္ခံျဖစ္ခဲ့ပါတယ္။” ဟု Samsung ၏ မိုဘိုင္းဂိမ္းဆိုင္ရာ Brand Ambassador ျဖစ္လာသူ AKGoLive မွ ေျပာၾကားသည္။ “Samsung ရဲ႕ #DoWhatYouCant ဆိုတဲ့ Brand philosophy ကိုလည္း ကြၽန္ေတာ္ အရမ္းႀကိဳက္ပါတယ္။ ဒါက ယုံၾကည္မႈရွိရွိနဲ႔ အကန႔္အသတ္ေတြကို ေက်ာ္ျဖတ္ႏိုင္ေစဖို႔ စိတ္အားထက္သန္မႈေတြ ျဖစ္ေပၚလာေစပါတယ္။ ဒီ philosophy က ခုျမန္မာႏိုင္ငံရဲ႕ လက္ရွိ esports ဂိမ္းေလာကကိုလည္း ထင္ဟပ္ျပသေနပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ စိန္ေခၚမႈေတြ အမ်ားႀကီးႀကဳံခဲ့ရေပမယ့္ ဒီဂိမ္းေလာကအတြက္ အေကာင္းဆုံး ႀကိဳးစားၿပီး တိုးတက္ေအာင္ ေဆာင္႐ြက္သြားၾကမွာပါ။”ဟု ျဖည့္စြက္ ေျပာၾကားသည္။

Claw Esports အေနႏွင့္ Mytel ႏွင့္ ပူးေပါင္း၍ အသင္းတိုင္းမွ ၿပိဳင္ပြဲဝင္ကစားသမားေပါင္း ၂,၅၀၀ အတြက္ ၆လၾကာ အသုံးျပဳႏိုင္ေသာ 1GB အင္တာနက္ ေဒတာ ႏွင့္ MyTel ဖုန္းအခ်င္းအခ်င္း ေခၚဆိုႏိုင္ ေသာ မိနစ္ ၁၀၀ လက္ေဆာင္ပါဝင္သည့္ SIM ကဒ္ ၄ ကဒ္စီအားၿပိဳင္ပြဲတစ္ေလွ်ာက္လုံးတြင္အသုံးျပဳႏိုင္ရန္ ေပးအပ္သြားမည္ျဖစ္သည္။ ထို႔အျပင္ Mytel သည္ ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲ က်င္းျပမည့္ ပြဲေန႔ ႏွစ္ရက္လုံးတြင္လည္း တရားဝင္ ဆက္သြယ္ေရးဆိုင္ရာ ပံ့ပိုးသူအျဖစ္ ရွိေနမည္ျဖစ္သည္။

Samsung Galaxy Challenge ၿပိဳင္ပြဲ၏ အႏိုင္ရသူမ်ားအား ေ႐ြးခ်ယ္ၿပီး ဆုခ်ီးျမႇင့္သြားမည္ ျဖစ္သည့္အျပင္ ၿပိဳင္ပြဲတစ္ေလွ်ာက္အတြင္း အေကာင္းဆုံး ဂိမ္းကစားသမားမ်ားကိုလည္း Samsung Myanmar မွ ေ႐ြးခ်ယ္သြားမည္ ျဖစ္ၿပီး အနာဂတ္ မိုဘိုင္းဂိမ္း ၿပိဳင္ပြဲမ်ားအတြက္ Galaxy Team ကိုလည္း ဖြဲ႕စည္းသြားမည္ျဖစ္သည္။

Samsung Myanmar အေနျဖင့္ ျမန္မာႏိုင္ငံ၏ မိုဘိုင္းဂိမ္းေလာကကို ပိုမိုတိုးတက္ ေေရးအတြက္ပံ့ပိုးရန္ ရည္႐ြယ္ထားၿပီး မိုဘိုင္းဂိမ္းဲ္ၿပိဳင္ပြဲမ်ားသာမက ျမန္မာတစ္ႏိုင္ငံလုံး၏ အျခားေသာနယ္ပယ္မ်ား ပိုမိုဖြ႕ံ့ၿဖိဳးလာေရးအတြက္လည္း ဆက္လက္ ကူညီပံ့ပိုးသြားမည္ျဖစ္သည္။

[Unicode]

Samsung မှ နိုင်ငံတကာအဆင့်မီ “Galaxy Challenge” PUBG မိုဘိုင်းလ်ဂိမ်း ပြိုင်ပွဲအားClaw Esports နှင့်အတူ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကျင်းပသွားမည်

Samsung Myanmar မှ ပြည်တွင်း E-sport ပြိုင်ပွဲစီစဉ်သူဖြစ်သူ Claw Esports နှင့် လက်တွဲပူးပေါင်း၍ “The Galaxy Challenge” အမည်ရှိ နိုင်ငံတကာအဆင့်မှီ PUBG Mobile ပြိုင်ပွဲအား စီစဉ်ကျင်းပသွားမည်ဟု ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ထိုပြိုင်ပွဲကို Tencent နှင့် PUBG Corporation တို့မှ တည်ထောင်ထားသည့် PUBG Mobile မှလည်း တရားဝင် အသိအမှတ်ပြုထောက်ခံထားခြင်းဖြစ်သည်။ Galaxy Challenge PUBG Mobile ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံရှိ ဂိမ်းအသိုင်းအဝိုင်းအား ပိုမိုတိုးတက်လာစေသော ရည်ရွယ်ချက်ဖြင့် Samsung နှင့် Claw Esports တို့မှ ပထမဆုံးအကြိမ် ပူပေါင်းဆောင်ရွက်မှုလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲကြီးတွင် ဆုကြေးငွေစုစုပေါင်း သိန်းတစ်ရာနှင့်အထက် ပါဝင်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော PUBG Mobile ဂိမ်းပြိုင်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။

Claw Esports အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် Professional Esports Organization တစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ Professional Esports အသင်းများ ပိုမိုပေါ်ထွက်လာရေးနှင့် မိုဘိုင်းဂိမ်းနှင့်ဆက်စပ်သော နယ်ပယ်များ ပိုမိုတိုးတက် လာရေးအတွက်ဖြစ်သည်။ Claw Esports သည် PUBG Mobile အသင်းများ ရပ်တည်မှုဇယား၏ အချက်အလက်များအရ မြန်မာနိုင်ငံ၏ အကောင်းဆုံး PUBG Mobile အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

Samsung Galaxy Challenge ၏ ပွဲစဉ် တစ်ခုချင်းစီအား ၂၀၁၉ခုနှစ် မေလမှ ဇူလိုင်လအထိ ကျင်းပသွားမည် ဖြစ်ပြီး အုပ်စုလိုက်ပြိုင်ပွဲများကို မေလနှင့် ဇွန်လအတွင်း အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲစဉ်အားလုံးကို ဇူလိုင်လအတွင်းတွင် Offline ပွဲအား ကျင်းပကာ အဆုံးသတ်သွားမည် ဖြစ်သည်။ နောက်ဆုံးအဆင့်ပွဲစဉ်များအား ဇူလိုင်လ ၂၀ရက်နေ့မှ ၂၁ရက်နေ့များတွင် ရန်ကုန်မြို့တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ Mobile PUBG ကစားသူ အရေအတွက်ဟာ အလျင်အမြန်တိုးလာပါတယ်။ ကျွန်တော်တို့ကလည်း ဒီကဏ္ဍကို ၂၀၁၈ ခုနှစ်ကတည်းက လေ့လာစောင့်ကြည့်နေပြီးတော့ အခုချိန်ဟာ မြန်မာ မိုဘိုင်းလ်ဂိမ်းကစားသူတွေကို နိုင်ငံတကာအတွေ့အကြုံကောင်းကောင်းရဖို့အတွက် ဒီလို ကြီးမားတဲ့ ဂိမ်းပြိုင်ပွဲကြီးကို ကျင်းပဖို့ အချိန်ကောင်းလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကို ဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။ “လက်ရှိ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဂိမ်းဈေးကွက်က ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်နောက်ကျနေသော်လည်း တခြား အရှေ့တောင်အာရှနိုင်ငံတွေလိုပဲ ကစားသမားအရေအတွက် တိုးပွားလာတာဟာ ကောင်းမွန်တဲ့ အလားအလာတွေရှိတယ်ဆိုတာကို ပြသနေတာဘဲ ဖြစ်ပါတယ်။ ဒီဂိမ်းပြိုင်ပွဲနဲ့အတူ ကျွန်တော်တို့ရဲ့ မိုဘိုင်းလ်ဂိမ်းကဏ္ဍအပေါ် အဆက်မပြတ် ပံ့ပိုးမှုတွေကနေတဆင့် မြန်မာနိုင်ငံက Gamer တွေဟာ မကြာတဲ့ အနာဂတ်မှာ နိုင်ငံတကာက ပြိုင်ဘက်တွေနဲ့ တန်းတူယှဉ်ပြိုင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

Samsung Galaxy Challenge ဂိမ်းပြိုင်ပွဲအား မေလ ၁၇ ရက်နေ့မှစတင် စာရင်းပေးသွင်းနိုင်မည် ဖြစ်ပြီး ဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို Samsung နှင့် Claw Esports တို့၏ တရားဝင် Facebook Page များမှ တဆင့် ကြေညာသွားမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် အသင်းပေါင်း ၅၀၀ ပါဝင်မည် ဖြစ်ပြီး၊ အုပ်စုအဆင့်အပြီး အနိုင်ရရှိသော အသင်းပေါင်း ၁၀၀ မှ ထပ်မံ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ Final တွင် အသင်းပေါင်း ၂၀ ပါဝင်ကစားသွားမည် ဖြစ်သည်။ အနိုင်ရရှိသူ ကစားသမားများအား ငွေကျပ်သိန်း ၁၀၀ ကျော်ရှိ ပြိုင်ပွဲ ဆုကြေးမျာကို ပေးအပ်သွားမည် ဖြစ်သည်။ ဆုကြေးငွေပမာဏသည် လက်ရှိ မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ပြီးသော PUBG မိုဘိုင်းဂိမ်းပြိုင်ပွဲများတွင် အများဆုံးဖြစ်သည်။ အနိုင်ရရှိသော အဖွဲ့ကို ဂိမ်းပြိုင်ပွဲကျင်းပသူများမှ ရှုံးထွက်စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။

“Samsungက မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်းအအမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စပြီး တွေ့ဆုံစဉ်ကတည်းက သူတို့ရဲ့ မြန်မာနိုင်ငံ မိုဘိုင်းဂိမ်းကဏ္ဍ ပိုမိုတိုးတက်ဖို့ အစီအစဉ်တွေကို မြင်သာအောင် ချပြပေးခဲ့ပါတယ်။ ကျွန်တော်တို့ဘာတွေလိုအပ်သလဲဆိုတာကို Samsung Team က နားလည်နေတဲ့အတွက် သူတို့နဲ့ အလုပ်လုပ်ရတာ ပေါ့ပေါ့ပါးပါးပါပဲ။ Samsung ဟာ CLAW နဲ့ မြန်မာနိုင်ငံရဲ့ ဂိမ်းကဏ္ဍဖွံဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် မိတ်ဖက် Partner ကောင်းတစ်ယောက်လို့ ကျွန်တော်ခံစားရပါတယ်။” ဟု Claw Esports ၏ Business Director ဖြစ်သူ ကိုမင်းဆက်ပိုင်မှ ပြောကြားသည်။

“Samsung Galaxy Challenge” မိတ်ဆက်မှုနှင့် အတူ Samsung Myanmar မှ AKGoLiveအား မိုဘိုင်းဂိမ်းကဏ္ဍ၏ Brand Ambassador အဖြစ် အသိပေးကြေညာခဲ့သည်။ ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော Galaxy S10 အခမ်းအနားတွင်AKGoLive သည် Samsung Myanmar နှင့် စတင်ပူးပေါင်း လက်တွဲခဲ့သည်။

“ကျွန်တော်က Samsung Myanmar နဲ့ Galaxy S10 စတင်ထုတ်လုပ်တဲ့အချိန်ကစပြီး လက်တွဲဖြစ်ခဲ့ပါတယ်။ အဲ့ချိန်ကစပြီး ကျွန်တော် Samsung ရဲ့ ပရိသတ်ဖြစ်လာတာပါ။ အခုလို မြန်မာနိုင်ငံရဲ့ မိုဘိုင်းဂိမ်းလောကအတွက် Samsung Influencer အဖြစ် ပါဝင်လုပ်ဆောင်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာလည်း ကျွန်တော့်အနေနဲ့ ဝမ်းသာအားရ လက်ခံဖြစ်ခဲ့ပါတယ်။” ဟု Samsung ၏ မိုဘိုင်းဂိမ်းဆိုင်ရာ Brand Ambassador ဖြစ်လာသူ AKGoLive မှ ပြောကြားသည်။ “Samsung ရဲ့ #DoWhatYouCant ဆိုတဲ့ Brand philosophy ကိုလည်း ကျွန်တော် အရမ်းကြိုက်ပါတယ်။ ဒါက ယုံကြည်မှုရှိရှိနဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်နိုင်စေဖို့ စိတ်အားထက်သန်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီ philosophy က ခုမြန်မာနိုင်ငံရဲ့ လက်ရှိ esports ဂိမ်းလောကကိုလည်း ထင်ဟပ်ပြသနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ စိန်ခေါ်မှုတွေ အများကြီးကြုံခဲ့ရပေမယ့် ဒီဂိမ်းလောကအတွက် အကောင်းဆုံး ကြိုးစားပြီး တိုးတက်အောင် ဆောင်ရွက်သွားကြမှာပါ။”ဟု ဖြည့်စွက် ပြောကြားသည်။

Claw Esports အနေနှင့် Mytel နှင့် ပူးပေါင်း၍ အသင်းတိုင်းမှ ပြိုင်ပွဲဝင်ကစားသမားပေါင်း ၂,၅၀၀ အတွက် ၆လကြာ အသုံးပြုနိုင်သော 1GB အင်တာနက် ဒေတာ နှင့် MyTel ဖုန်းအချင်းအချင်း ခေါ်ဆိုနိုင် သော မိနစ် ၁၀၀ လက်ဆောင်ပါဝင်သည့် SIM ကဒ် ၄ ကဒ်စီအားပြိုင်ပွဲတစ်လျှောက်လုံးတွင်အသုံးပြုနိုင်ရန် ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် နောက်ဆုံးအဆင့် ပြိုင်ပွဲ ကျင်းပြမည့် ပွဲနေ့ နှစ်ရက်လုံးတွင်လည်း တရားဝင် ဆက်သွယ်ရေးဆိုင်ရာ ပံ့ပိုးသူအဖြစ် ရှိနေမည်ဖြစ်သည်။

Samsung Galaxy Challenge ပြိုင်ပွဲ၏ အနိုင်ရသူများအား ရွေးချယ်ပြီး ဆုချီးမြှင့်သွားမည် ဖြစ်သည့်အပြင် ပြိုင်ပွဲတစ်လျှောက်အတွင်း အကောင်းဆုံး ဂိမ်းကစားသမားများကိုလည်း Samsung Myanmar မှ ရွေးချယ်သွားမည် ဖြစ်ပြီး အနာဂတ် မိုဘိုင်းဂိမ်း ပြိုင်ပွဲများအတွက် Galaxy Team ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

Samsung Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ မိုဘိုင်းဂိမ်းလောကကို ပိုမိုတိုးတက် ေရေးအတွက်ပံ့ပိုးရန် ရည်ရွယ်ထားပြီး မိုဘိုင်းဂိမ်းဲ်ပြိုင်ပွဲများသာမက မြန်မာတစ်နိုင်ငံလုံး၏ အခြားသောနယ်ပယ်များ ပိုမိုဖွ့ံ့ဖြိုးလာရေးအတွက်လည်း ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်သည်။