PUBG လို့ လူသိများတဲ့ Player Unknown Battle Ground ဂိမ်းဟာ ကွန်ပျူတာဂိမ်မာတွေအတွက်တော့ လူသိများအောင်မြင်ပြီးသားဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အခု PUBG ဂိမ်းကို Android ဖုန်းတွေမှာ ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒါထက် ထူးခြားချက်တစ်ခုကတော့ Android Version PUBG ဂိမ်းဟာ ကွန်ပျူတာမှာလိုမျိုး အခကြေးငွေပေးပြီးဝယ်ယူစရာမလိုအပ်ပဲ အခမဲ့ Download ရယူနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android Version PUBG ဂိမ်းဟာ Android ဖုန်း Version မှာ PC Player တွေနဲ့တော့ အတူဆော့ကစားနိုင်မှာမဟုတ်ပါဘူး။

PUBG ဂိမ်းဟာ ဆော့ကစားသူအယောက် ၁၀၀ နဲ့အတူ ကျွန်းတကျွန်းပေါ်မှာ အချင်းချင်း တစ်ယောက်ထဲကျန်တဲ့အထိ တိုက်ခိုက်ရမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာအလွန်ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။

အခုဂိမ်း Developer ဖြစ်တဲ့ Tencent က အခု PUBG ဂိမ်းကို ဆော့ကစားဖို့အတွက် RAM 2GB အနည်းဆုံးရှိဖို့လိုအပ်မယ်လို့ သိရပါတယ်။ အခု Link ကနေ Download ရယူနိုင်မှာပါ။