ကာတာ လေကြောင်းလိုင်းက Starlink ဂြိုလ်တု အင်တာနက် ပါတဲ့ ကမ္ဘာ့ ပထမဆုံး Boeing 777 လေယာဉ်ကို ပြေးဆွဲပေးလိုက်ပြီး ခရီးသည်တွေဟာ မြန်နှုန်းမြင့် ဂြိုလ်တု အင်တာနက်ကို အခမဲ့  အသုံးပြုနိုင်ပါတယ်။ ဒိုဟာ ကနေ လန်ဒန်ကို ပျံသန်းတဲ့ လေယာဉ်မှာ အဲဒီ ဝန်ဆောင်မှုကို ပထမဆုံး ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

World's first Boeing 777 Starlink flight: a call with Elon Musk

ကာတာ လေကြောင်းလိုင်းဟာ အစပိုင်းမှာ Starlink ဂြိုလ်တု အင်တာနက် ပါတဲ့ လေယာဉ် ၃ စီးကို ပြေးဆွဲမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်အကုန်မှာ အဲဒီ ဝန်ဆောင်မှု ပါတဲ့ Boeing 777-300s ၁၂ စီးကို ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ Boeing 777 လေယာဉ်အားလုံးမှာ အဲဒီ နည်းပညာကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် နွေရာသီမှာ Airbus A350 လေယာဉ်တွေမှာ အဲဒီ ဝန်ဆောင်မှု ပါလာမှာ ဖြစ်ပါတယ်။

ကာတာ လေကြောင်းလိုင်းရဲ့ CEO Engr. Badr Mohammed Al-Meer က “ Starlink ပါတဲ့ ပထမဆုံး လေယာဉ်ကို ပြေးဆွဲပေးရတာ ဝမ်းသာစရာကောင်းပြီး ကာတာ လေကြောင်းလိုင်းဟာ လေယာဉ် နယ်ပယ်မှာ ရှေ့တန်းက ဦးဆောင်နေတာကို သက်သေပြသနေပါတယ်။ ကျွန်တော်တို့ရဲ့ ခေတ်မှီ လေယာဉ်အားလုံးမှာ အဲဒီ ဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ ရည်မှန်းထားပါတယ်။  Starlink ဂြိုလ်တု အင်တာနက်ကြောင့် ခရီးသည်တွေဟာ အမြင့်ပေ ၃၅,၀၀၀ မှာတောင် ချစ်ခင်သူတွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပြီး အမှတ်တရ လေကြောင်း ခရီးစဉ်တွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Qatar Airways, the first airline to be equipped with Starlink Internet - Musk demonstrates the technology with FaceTime - Telegrafi - Telegrafi

Starlink ဂြိုလ်တု အင်တာနက်ကို Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီက ဝန်ဆောင်မှုပေးထားတာ ဖြစ်ပြီး SpaceX ဟာ ကမ္ဘာ့ အကြီးမားဆုံး အင်တာနက် ဂြိုလ်တု ကွန်ရက်ကို ပိုင်ဆိုင်ထားပါတယ်။

Ref: techtrendske