[Zawgyi]

Apple ဟာ Qualcomm နဲ႔ ၆ ႏွစ္သက္တမ္းရွိတဲ့ သေဘာတူညီမႈ အသစ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့တာေၾကာင့္ လက္ရွိရင္ဆိုင္ေနတဲ့ တရားစြဲဆိုမႈေတြ ၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ ၂၀၂၅ ခုႏွစ္ မတ္လကုန္အထိ Qualcomm ရဲ႕ မူပိုင္ခြင့္ေအာက္က Chip ေတြကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ေလ့လာဆန္းစစ္သူေတြရဲ႕ ခန႔္မွန္းေဖာ္ျပခ်က္အရ Apple ဟာ Qualcomm ရဲ႕ 5G Modem chip တစ္ခုကို တပ္ဆင္တိုင္း ၈ ေဒၚလာကေန ၉ေဒၚလာၾကား ေပးေခ်ရဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒီသတင္းေၾကာင့္ Apple ဟာ Qualcomm ရဲ႕ Chip ေတြကိုပဲ အသုံးျပဳေတာ့မယ္လို႔ ထင္ထားၾကေပမယ့္ အခုအခါမွာေတာ့ Samsung က ဒုတိယေျမာက္ Supplier ျဖစ္လာမယ္လို႔ သတင္းထြက္ေပၚလာတာ ျဖစ္ပါတယ္။

Samsung ကလည္း Apple နဲ႔ အေရာင္းအဝယ္လုပ္မယ္ဆိုတဲ့သတင္းကို သယ္ေဆာင္လာတာကေတာ့ Apple သတင္းေတြကို အစဥ္တစ္စိုက္ ေစာင့္ၾကည့္ေလ့လာေနတဲ့ Ming-Chi Kuo ပဲ ျဖစ္ပါတယ္။ သူကေတာ့ အေမရိကန္ ကုမၸဏီႀကီးဟာ ေတာင္ကိုရီးရား ထုတ္လုပ္သူႀကီးကို ဒုတိယေျမာက္ Supplier အျဖစ္လက္တြဲႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ အခိုင္အမာ ေျပာခဲ့ပါတယ္။

ကနဦးသတင္းေတြတုန္းကေတာ့ Samsung ဟာ သူတို႔ရဲ႕ 5G modems ေတြကို အေရအတြက္ကန႔္သတ္ခ်က္နဲ႔ ထုတ္ေနရေသးတာေၾကာင့္ ေဈးကြက္ထဲမွာ မ်ားမ်ားစားစား မေရာင္းခ်ႏိုင္ဘူးလို႔ ဆိုထားတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ၂၀၂၀ မွာေတာ့ Apple ရဲ႕ iPhone ေတြကို Qualcomm နဲ႔ Samsung တို႔ရဲ႕ Chip ေတြနဲ႔ ေတြ႕ျမင္ရဖြယ္ ရွိေနပါၿပီ။ အလားတူပဲ ဒီ ၂၀၁၉ ေႏွာင္းပိုင္းမွာထုတ္မယ့္ iPhone ဟာ 5G အသုံးျပဳႏိုင္ေတာ့မွာမဟုတ္တာ ေသခ်ာသေလာက္ ျဖစ္ေနၿပီလို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

၂၀၂၀ မှာ Qualcomm အပြင် Samsung ဆီကပါ 5G Modem ဝယ်ယူဖွယ်ရှိနေတဲ့ Apple

Apple ဟာ Qualcomm နဲ့ ၆ နှစ်သက်တမ်းရှိတဲ့ သဘောတူညီမှု အသစ်ကို ချုပ်ဆိုနိုင်ခဲ့တာကြောင့် လက်ရှိရင်ဆိုင်နေတဲ့ တရားစွဲဆိုမှုတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ စာချုပ်သစ်အရ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ Qualcomm ရဲ့ မူပိုင်ခွင့်အောက်က Chip တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်သူတွေရဲ့ ခန့်မှန်းဖော်ပြချက်အရ Apple ဟာ Qualcomm ရဲ့ 5G Modem chip တစ်ခုကို တပ်ဆင်တိုင်း ၈ ဒေါ်လာကနေ ၉ဒေါ်လာကြား ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် Apple ဟာ Qualcomm ရဲ့ Chip တွေကိုပဲ အသုံးပြုတော့မယ်လို့ ထင်ထားကြပေမယ့် အခုအခါမှာတော့ Samsung က ဒုတိယမြောက် Supplier ဖြစ်လာမယ်လို့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Samsung ကလည်း Apple နဲ့ အရောင်းအဝယ်လုပ်မယ်ဆိုတဲ့သတင်းကို သယ်ဆောင်လာတာကတော့ Apple သတင်းတွေကို အစဉ်တစ်စိုက် စောင့်ကြည့်လေ့လာနေတဲ့ Ming-Chi Kuo ပဲ ဖြစ်ပါတယ်။ သူကတော့ အမေရိကန် ကုမ္ပဏီကြီးဟာ တောင်ကိုရီးရား ထုတ်လုပ်သူကြီးကို ဒုတိယမြောက် Supplier အဖြစ်လက်တွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

ကနဦးသတင်းတွေတုန်းကတော့ Samsung ဟာ သူတို့ရဲ့ 5G modems တွေကို အရေအတွက်ကန့်သတ်ချက်နဲ့ ထုတ်နေရသေးတာကြောင့် ဈေးကွက်ထဲမှာ များများစားစား မရောင်းချနိုင်ဘူးလို့ ဆိုထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၀ မှာတော့ Apple ရဲ့ iPhone တွေကို Qualcomm နဲ့ Samsung တို့ရဲ့ Chip တွေနဲ့ တွေ့မြင်ရဖွယ် ရှိနေပါပြီ။ အလားတူပဲ ဒီ ၂၀၁၉ နှောင်းပိုင်းမှာထုတ်မယ့် iPhone ဟာ 5G အသုံးပြုနိုင်တော့မှာမဟုတ်တာ သေချာသလောက် ဖြစ်နေပြီလို့ ဆိုရမှာပါ။

Ref: GSMArena