Zawgyi

လက္ရွိအခ်ိန္မွာ Android Flagship စမတ္ဖုန္းေတြအတြက္ အေကာင္းဆံုး Processor ကို ေျပာပါဆုိရင္ Qualcomm ရဲ႕ Snapdragon 855 Processor ကိုပဲေျပာရမွာပါ။ ဒီ Snapdragon 855 ကုိ လက္ရွိမွာအေကာင္းဆံုး Flagship ဖုန္းေတြျဖစ္တဲ့ Samsung Galaxy S10 ၊ OnePlus 7 Pro နဲ႔ Xiaomi Mi 9 ၊ Redmi K20 Pro လုိဖုန္းေတြအားလံုးသံုးစြဲေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Qualcomm ကေန Snapdragon 855 ထက္ေတာင္ Performance ပိုေကာင္းေနတဲ့ Snapdragon 855+ ကို ေၾကညာလုိက္ျပီျဖစ္ပါတယ္။ အခု Snapdragon 855+ ဟာ မႏွစ္က ASUS ROG Phone မွာ သံုးခဲ့သလုိမ်ိဳးပဲ CPU နဲ႔ GPU Clock Speed ေတြကိုပံုမွန္ထက္ ပုိတုိးျမွင့္ျပီး ထြက္ရွိလာတာလည္းျဖစ္ပါတယ္။

အခု Snapdragon 855+ ရဲ႕ Kryo 485 CPU Core ေတြဟာ ပံုမွန္ 2.84GHz Speed ကေန 2.96GHz အထိကို Overclock ျပဳလုပ္ေပးထားတာျဖစ္ျပီးေတာ့ Adreno 640 GPU ကိုလည္း Performance မွာ 15% အထိ ပိုတုိးလာေအာင္ Overclock လုပ္ေပးထားတယ္လုိ႔ သိရပါတယ္။

ဒီ Upgrade ေတြအျပင္ အခုမိတ္ဆက္သြားတဲ့ Qualcomm Snapdragon 855+ Processor က X24 LTE Modem ကိုပဲ အသံုးျပဳလာဦးမယ္ဆိုေပမယ့္ 5G Network ကို External X50 5G Modem ကို ခ်ိတ္ဆက္ျပီး အသံုးျပဳႏုိင္မွာပါ။

Qualcomm ကေတာ့ အခု Snapdragon 855+ Processor ကို Gaming နဲ႔ AR/VR အတြက္ အဓိကရည္ရြယ္ျပီးေတာ့ Next Generation Gaming Phone ေတြစိတ္ၾကိဳက္ျဖစ္လိမ့္မယ္လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။

Ref – GSM Arena

Unicode

လက်ရှိအချိန်မှာ Android Flagship စမတ်ဖုန်းတွေအတွက် အကောင်းဆုံး Processor ကို ပြောပါဆိုရင် Qualcomm ရဲ့ Snapdragon 855 Processor ကိုပဲပြောရမှာပါ။ ဒီ Snapdragon 855 ကို လက်ရှိမှာအကောင်းဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S10 ၊ OnePlus 7 Pro နဲ့ Xiaomi Mi 9 ၊ Redmi K20 Pro လိုဖုန်းတွေအားလုံးသုံးစွဲနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Qualcomm ကနေ Snapdragon 855 ထက်တောင် Performance ပိုကောင်းနေတဲ့ Snapdragon 855+ ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ အခု Snapdragon 855+ ဟာ မနှစ်က ASUS ROG Phone မှာ သုံးခဲ့သလိုမျိုးပဲ CPU နဲ့ GPU Clock Speed တွေကိုပုံမှန်ထက် ပိုတိုးမြှင့်ပြီး ထွက်ရှိလာတာလည်းဖြစ်ပါတယ်။

အခု Snapdragon 855+ ရဲ့ Kryo 485 CPU Core တွေဟာ ပုံမှန် 2.84GHz Speed ကနေ 2.96GHz အထိကို Overclock ပြုလုပ်ပေးထားတာဖြစ်ပြီးတော့ Adreno 640 GPU ကိုလည်း Performance မှာ 15% အထိ ပိုတိုးလာအောင် Overclock လုပ်ပေးထားတယ်လို့ သိရပါတယ်။

ဒီ Upgrade တွေအပြင် အခုမိတ်ဆက်သွားတဲ့ Qualcomm Snapdragon 855+ Processor က X24 LTE Modem ကိုပဲ အသုံးပြုလာဦးမယ်ဆိုပေမယ့် 5G Network ကို External X50 5G Modem ကို ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာပါ။

Qualcomm ကတော့ အခု Snapdragon 855+ Processor ကို Gaming နဲ့ AR/VR အတွက် အဓိကရည်ရွယ်ပြီးတော့ Next Generation Gaming Phone တွေစိတ်ကြိုက်ဖြစ်လိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Ref – GSM Arena