[Zawgyi]

၂၀၁၉ ဟာ 5G ရဲ႕ ပထမေျခလွမ္းျဖစ္ၿပီး လာမယ့္ ၂၀၂၀ ကေတာ့ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ျဖန႔္က်က္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ လက္ရွိအခ်ိန္မွာ 5G ကြန္ရက္အတြက္ ေ႐ြးခ်ယ္စရာလည္း နည္းပါးေနေသးသလို 5G ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းေတြလည္း နည္းပါးေနပါေသးတယ္။

Qualcomm ကေတာ့ 5G ကြန္ရက္ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းေတြ ပိုၿပီးမ်ားျပားလာေအာင္လို႔ အခုကတည္းက လုပ္ေဆာင္ေနၿပီလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ လာမယ့္ႏွစ္မွာ မိတ္ဆက္မယ့္ Snapdragon 6 နဲ႔ 7 series SoC ေတြဟာ 5G modem နဲ႔ ေပါင္းစပ္ထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။

Snapdragon 8 Serie ဟာ 5G ေခတ္ဦးမွာ အေစာဆုံးပြဲထြက္ခဲ့ၿပီး Flagship ေတြအတြက္ပဲ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ Chip ထုတ္လုပ္တဲ့ကုမၸဏီႀကီးကေတာ့ 5G ခ်ိတ္ဆက္မႈကို Mid-range ဖုန္းေတြအထိပါ ရရွိဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၂၀ မွာ 5G ခ်ိတ္ဆက္ႏိုင္တဲ့ စမတ္ဖုန္းေတြက အေျမာက္အမ်ား ျဖစ္လာပါလိမ့္မယ္။

OPPO, Realme, Redmi, Vivo, Motorola, HMD နဲ႔ LG တို႔လို ကုမၸဏီေတြဟာ Qualcomm ရဲ႕ လာမယ့္ Snapdragon 7 series ကို မလြဲမေသြအသုံးျပဳၾကမွာပဲ ျဖစ္ပါတယ္။ ဒီ Chipset ေတြဟာ 7nm process ေပၚမွာ တည္ေဆာက္ထားတာျဖစ္ၿပီး ၂၀၁၉ စတုတၳသုံးလပတ္မွာ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Snapdragon 6 Series ေတြကလည္း 5G အတြက္ပဲျဖစ္ေပမယ့္ ၂၀၂၀ ရဲ႕ ဒုတိယႏွစ္ဝက္ေလာက္မွ ထြက္လာမယ္လို႔ သုံးသပ္ရပါတယ္။

Ref: GSM Arena

[Unicode]

5G သုံးနိုင်တဲ့ Snapdragon 6 နဲ့ 7 Series တွေကို လာမယ့်နှစ်မှာထုတ်ပေးမယ်လို့ Qualcomm အတည်ပြု

၂၀၁၉ ဟာ 5G ရဲ့ ပထမခြေလှမ်းဖြစ်ပြီး လာမယ့် ၂၀၂၀ ကတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြန့်ကျက်လာမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်မှာ 5G ကွန်ရက်အတွက် ရွေးချယ်စရာလည်း နည်းပါးနေသေးသလို 5G ချိတ်ဆက်အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေလည်း နည်းပါးနေပါသေးတယ်။

Qualcomm ကတော့ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေ ပိုပြီးများပြားလာအောင်လို့ အခုကတည်းက လုပ်ဆောင်နေပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Snapdragon 6 နဲ့ 7 series SoC တွေဟာ 5G modem နဲ့ ပေါင်းစပ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Snapdragon 8 Serie ဟာ 5G ခေတ်ဦးမှာ အစောဆုံးပွဲထွက်ခဲ့ပြီး Flagship တွေအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Chip ထုတ်လုပ်တဲ့ကုမ္ပဏီကြီးကတော့ 5G ချိတ်ဆက်မှုကို Mid-range ဖုန်းတွေအထိပါ ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ မှာ 5G ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်းတွေက အမြောက်အများ ဖြစ်လာပါလိမ့်မယ်။

OPPO, Realme, Redmi, Vivo, Motorola, HMD နဲ့ LG တို့လို ကုမ္ပဏီတွေဟာ Qualcomm ရဲ့ လာမယ့် Snapdragon 7 series ကို မလွဲမသွေအသုံးပြုကြမှာပဲ ဖြစ်ပါတယ်။ ဒီ Chipset တွေဟာ 7nm process ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၉ စတုတ္ထသုံးလပတ်မှာ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Snapdragon 6 Series တွေကလည်း 5G အတွက်ပဲဖြစ်ပေမယ့် ၂၀၂၀ ရဲ့ ဒုတိယနှစ်ဝက်လောက်မှ ထွက်လာမယ်လို့ သုံးသပ်ရပါတယ်။

Ref: GSM Arena