[Zawgyi]

Qualcomm ကေတာ့ ေဈးႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္းေတြအတြက္ရည္႐ြယ္ၿပီး Chipset တစ္မ်ိဳးထုတ္ဖို႔ ျပင္ဆင္ေနတဲ့ ပုံစံရွိေနပါတယ္။ သတင္းထြက္လာတာကေတာ့ Android Go လိုဖုန္းေတြအတြက္ QM215 အမ်ိဳးအစား Chipset ကို စမ္းသပ္ေနတယ္ဆိုတာပါပဲ။

ခန႔္မွန္းရသေလာက္ေတာ့ Qualcomm Mobile 215 Platform ဟာ QM215 အမည္နဲ႔ ေစ်းကြက္ထဲကို ဝင္ေရာက္လာႏိုင္ၿပီး Snapdragon line ေတြနဲ႔ မတူညီဘဲ သီးသန္႔ခြဲထြက္လာမယ္လို႔ ယူဆရပါတယ္။ QM215 ရဲ႕ နာမည္က ဘယ္လိုပဲျဖစ္ျဖစ္ ဒီ Chip ဟာ Snapdragon 410 နဲ႔ 425 စတာေတြနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ဆိုရပါမယ္။

Qualcomm ရဲ႕ QM215 ဟာ Quad-core CPU (Cortex-A53 cores) ျဖစ္ဖို႔ မ်ားပါတယ္။ CPU Clocked ကေတာ့ 1.3GHz နဲ႔ GPU Clocked ကေတာ့ 650MHz လို႔ သိရပါတယ္။ ရွင္းရွင္းလင္းလင္းမသိရေသးတဲ့ အခ်က္ကေတာ့ ဒီ Chip ဟာ 410/425 ေတြလို 28nm process ပဲလား၊ ဒါမွမဟုတ္ အျခားတစ္မ်ိဳးမ်ိဳးပဲလားဆိုတာပါ။

Qualcomm ကေတာ့ LPDDR3 RAM 1GB ဒါမွမဟုတ္ 2GB နဲ႔ 8/16GB storage စတဲ့ ဒီဇိုင္းေတြနဲ႔ စမ္းသပ္မႈ ျပဳလုပ္ၿပီးသြားၿပီလို႔လည္း သိရပါတယ္။ ဒါ့အျပင္ Android Go theory နဲ႔လည္း ကိုက္ညီသင့္ေလ်ာ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ေႏွာင္းပိုင္းထုတ္ ေဈးႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္းသစ္ေတြမွာ QM215 chipset သစ္ကို ေတြ႕ျမင္လာရဖြယ္ ရွိေနပါတယ္။

ထုတ္လုပ္မႈနယ္ပယ္ထဲမွာ လက္တေလာထြက္ေပၚေနတဲ့ သတင္းတစ္ခုကေတာ့ Huawei ဟာ 720p+ screens နဲ႔ Fingerprint reader ပါဝင္တဲ့ ဖုန္းေတြ ထုတ္လုပ္ဖို႔ ေတာ္ေတာ္ေလးကို လႈပ္ရွားေနတယ္လို႔လည္း သိရပါတယ္။ ဒီေတာ့ QM215 နဲ႔ Huawei ရဲ႕ ထုတ္ကုန္သစ္နဲ႔ ေပါင္းစည္းမႈ ျဖစ္ေပၚလာႏိုင္မလားဆိုတာလည္း ေစာင့္ၾကည့္ခ်င္စရာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေအတွက် QM215 Chipset ကို စမ်းသပ်နေတဲ့ Qualcomm

Qualcomm ကတော့ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေအတွက်ရည်ရွယ်ပြီး Chipset တစ်မျိုးထုတ်ဖို့ ပြင်ဆင်နေတဲ့ ပုံစံရှိနေပါတယ်။ သတင်းထွက်လာတာကတော့ Android Go လိုဖုန်းတွေအတွက် QM215 အမျိုးအစား Chipset ကို စမ်းသပ်နေတယ်ဆိုတာပါပဲ။

ခန့်မှန်းရသလောက်တော့ Qualcomm Mobile 215 Platform ဟာ QM215 အမည်နဲ့ စျေးကွက်ထဲကို ဝင်ရောက်လာနိုင်ပြီး Snapdragon line တွေနဲ့ မတူညီဘဲ သီးသန့်ခွဲထွက်လာမယ်လို့ ယူဆရပါတယ်။ QM215 ရဲ့ နာမည်က ဘယ်လိုပဲဖြစ်ဖြစ် ဒီ Chip ဟာ Snapdragon 410 နဲ့ 425 စတာတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုရပါမယ်။

Qualcomm ရဲ့ QM215 ဟာ Quad-core CPU (Cortex-A53 cores) ဖြစ်ဖို့ များပါတယ်။ CPU Clocked ကတော့ 1.3GHz နဲ့ GPU Clocked ကတော့ 650MHz လို့ သိရပါတယ်။ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့ အချက်ကတော့ ဒီ Chip ဟာ 410/425 တွေလို 28nm process ပဲလား၊ ဒါမှမဟုတ် အခြားတစ်မျိုးမျိုးပဲလားဆိုတာပါ။

Qualcomm ကတော့ LPDDR3 RAM 1GB ဒါမှမဟုတ် 2GB နဲ့ 8/16GB storage စတဲ့ ဒီဇိုင်းတွေနဲ့ စမ်းသပ်မှု ပြုလုပ်ပြီးသွားပြီလို့လည်း သိရပါတယ်။ ဒါ့အပြင် Android Go theory နဲ့လည်း ကိုက်ညီသင့်လျော်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၁၉ နှောင်းပိုင်းထုတ် ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းသစ်တွေမှာ QM215 chipset သစ်ကို တွေ့မြင်လာရဖွယ် ရှိနေပါတယ်။

ထုတ်လုပ်မှုနယ်ပယ်ထဲမှာ လက်တလောထွက်ပေါ်နေတဲ့ သတင်းတစ်ခုကတော့ Huawei ဟာ 720p+ screens နဲ့ Fingerprint reader ပါဝင်တဲ့ ဖုန်းတွေ ထုတ်လုပ်ဖို့ တော်တော်လေးကို လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။ ဒီတော့ QM215 နဲ့ Huawei ရဲ့ ထုတ်ကုန်သစ်နဲ့ ပေါင်းစည်းမှု ဖြစ်ပေါ်လာနိုင်မလားဆိုတာလည်း စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။

Ref: GSMArena