Razer ဟာ ပုံမှန်အားဖြင့် Gaming Product တွေအပြင် Razer Blade Series Gaming Laptop တွေကိုပါ ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ Razer Book 13 နာမည်နဲ့ တခြားသော Mainstream Ultrabook တွေနဲ့ ယှဥ်ပြိုင်နိုင်မယ့် Laptop အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

အခု Razer Book 13 ဟာ ယခင် Razer Blade Series Gaming Laptop တွေနဲ့ ကွာခြားနေပြီးတော့ Gaming Design အစား Minimal ဖြစ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Keyboard ကိုတော့ RGB Keyboard ထည့်သွင်းပေးထားသေးတယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Intel ရဲ့ 11th Gen Core i5 သို့မဟုတ် i7 Processor ကို အသုံးပြုထားပြီးတော့ RAM 8GB သို့မဟုတ် 16GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတေ့ာ 512GB SSD ကနေ 2TB SSD အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Graphic Card တော့ သီးသန့်ပါဝင်မှာမဟုတ်ပေမယ့် Vapor Chamber Cooling လိုမျိုးနည်းပညာတွေထည့်သွင်းထားမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 13.4″ 16:10 Ratio IPS Display ကိုရွေးချယ်နိုင်မှာဖြစ်ပြီး Full HD+ Resolution မှာ Non-Touch နဲ့ Touch Version ၊ 4K UHD+ Version မှာတော့ Touch Screen Only ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Display ကို ထိခိုက်မှုမရှိစေဖို့အတွက် Corning Gorilla Glass ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

Razer ရဲ့ ပြောကြားချက်အရတော့ Battery Life အနေနဲ့ ၁၄ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Fast Charging ပါဝင်တဲ့အတွက် ၁ နာရီခန့်အားသွင်းလိုက်တာက ၄ နာရီဆက်တိုက်ပြန်လည် အသုံးပြုနိုင်ဦးမှာပါ။ စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး Intel Core i5 ၊ RAM 8GB Model ကို $1,199 (မြန်မာငွေ ၁၅ သိန်းဝန်းကျင်) နဲ့ အမြင့်ဆုံး Core i7 ၊ RAM 16GB Model ကိုတော့ $1,999 (မြန်မာငွေ ၂၅ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China