Razer ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက THX Audio နဲ့ ပူးပေါင်းပြီး Razer Opus နာမည်နဲ့ Active Noise Cancellation Headphone ကို မိတ်ဆက်ခဲ့တယ်။ အဆိုပါ Razer Opus Headphone က စျေးနှုန်းအရ Sony ၊ Bose လိုမျိုး High End Headphone တွေထက် စျေးသက်သာသလို Feature နဲ့ Sound Quality ပိုင်းမှာ ယှဥ်ပြိုင်နိုင်တဲ့အတွက် ကောင်းမွန်တဲ့ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

အခုလည်း Razer ကနေ ပိုပြီးစျေးသက်သာပြီး Gaming ပိုင်းကိုပါ အာရုံစိုက်ထားတဲ့ Razer Opus X Headphone ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Razer Opus X Headphone ကို အရောင်အနေနဲ့ Green ၊ Pink နဲ့ White ဆိုပြီး ထုတ်လုပ်ထားတာဖြစ်ပြီး Design ပိုင်းအရ Razer Opus နဲ့ တူညီပေမယ့် Build Quality ပိုင်းမှာတော့ အနည်းငယ်ကွာခြားမှာဖြစ်ပါတယ။

Feature ပိုင်းအနေနဲ့ကတော့ Active Noise Cancellation အပြင် ဘေးဘက်ပတ်ဝန်းကျင်က အသံတွေကို ကြားနိုင်မယ့် Quick Attention Mode လည်း ထည့်သွင်းထားပါသေးတယ်။ Control Buttons တွေကိုတော့ ညာဘက် Earcup မှာပဲထည့်သွင်းထားတာဖြစ်ပါတယ်။ စျေးပိုသက်သာတဲ့ Model ဖြစ်တဲ့အတွက် Razer Opus လိုမျိုး Headphone ကို ချိတ်လိုက်၊ တက်လိုက်တဲ့အချိန်မှာ Auto Play ၊ Pause တော့ပါဝင်မှာမဟုတ်ပါဘူး။

Connectivity အနေနဲ့လည်း 3.5mm Jack ပါဝင်မှာမဟုတ်ဘဲ USB-C Port တစ်ခုပဲ ပါဝင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့ကတော့ ANC ကိုအသုံးပြုရင် နာရီ ၃၀ နဲ့ ပိတ်ထားမယ်ဆိုရင် နာရီ ၄၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် Latency ကို 60ms အောက်အထိ လျော့ချပေးနိုင်တဲ့ Gaming Mode လည်းထည့်သွင်းထားပါသေးတယ်။

Razer Opus X Headphone ဟာ စျေးနှုန်းအနေနဲ့ $99.99 (မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Mobile Gamer တွေအပြင် ပုံမှန် သီချင်းနားထောင်တတ်သူတွေအတွက် ANC Headphone တစ်ခုအနေနဲ့ တော်တော်လေးကို စျေးသက်သာနေတာဖြစ်ပါတယ်။

Ref – The Verge